Home သတင်း ကရင်ရိုးရာ အတီးအမှုတ် အတတ်ပညာများ ပြန်လည်ထိန်းသိမ်းရန် လိုအပ်ဟု ပညာရှင်များတိုက်တွန်း

ကရင်ရိုးရာ အတီးအမှုတ် အတတ်ပညာများ ပြန်လည်ထိန်းသိမ်းရန် လိုအပ်ဟု ပညာရှင်များတိုက်တွန်း

3605

‌မေ ၁၄ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်လူမျိုးအများစုမှာ ရိုးရာအတီးအမှုတ် အတတ်ပညာရပ်များအား စိတ်ဝင်စားမှုနည်းပါးလာသဖြင့် ပြန်လည်ထိန်း သိမ်း‌ဖော်ထုတ်ရန် လိုအပ်လာပြီဖြစ်‌ကြောင်း ကရင်အတီးအမှုတ်ပညာရှင်များက တိုက်တွန်း ‌ပြောဆိုလိုက်သည်။

ရိုးရာ တူရိယာများကို ယ‌နေ့‌ခေတ်တီးခတ်တတ်သူ တဖြည်းဖြည်းရှားပါးလာ ‌နေသည့် အ‌ခြေအ‌နေများအ‌ပေါ် ဖားအံမြို့ နယ်၊ မုက္ကဒိရွာမှ ဂိန်(မိ‌ကျောင်းလျှာ)၊ ခနာ(ဗျက်‌စောင်း)များ တီးခတ်‌နေသူ ‌စောမိုက်‌အောင်းခိုက ‌မေ ၁၄ (ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“လူငယ်‌တွေကို သင်‌ပေးမယ်။ လာခဲ့လို့ အမြဲ‌ခေါ်တယ်။ သူတို့က တစ်ရက် နှစ်ရက်လာပြီး ‌ပျောက်‌ပျောက် ကုန်တယ်။ ကိုယ့်အမျိုးသားတူရိယာထက် အခြားတူရိယာ‌တွေကို ပိုပြီးစိတ်ဝင်စားတာလည်း ပါတာ‌ပေါ့။” ဟု ၎င်းက ‌ပြောသည်။

မိမိတို့၏ ရိုးရာအတီးအမှုတ်ပညာရပ်များကို ထိန်းသိမ်းမှုမရှိပါက ‌ပျောက်ကွယ်သွားနိုင်‌သော‌ကြောင့် တူရိယာများအတွက် သင်တန်း‌ကျောင်းများဖွင့်လှစ်‌ပေးခြင်း၊ ကရင်ဇာတ်ပွဲများနှင့် အခြားပွဲများတွင် ထည့်သွင်း တင်ဆက်ခြင်းများဖြင့် ပြန်လည်‌ဖော်ထုတ်ရန် လိုအပ်‌ကြောင်း ‌စောမိုက်‌အောင်းခိုမှ အကြုံပြု‌ပြောဆိုသည်။

ကရင်ရိုးရာတူရိယာပစ္စည်းများကို တီးခတ်တတ်သူ ရှားပါးလာသည့်အပြင် ပြည်နယ် စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား ‌ရေးအသင်းမှ တစ်နှစ်တစ်ကြိမ် ဦး‌ဆောင်ကျင်းပသည့် စာ/ယဉ် စု‌ပေါင်းသင်တန်း ဆင်းပွဲတွင်သာ ကရင်ရိုးရာတူရိယာ တီးမှုတ်မှုများကို ‌တွေ့နိုင်ပြီး တခြားပွဲလမ်းသဘင်များတွင် မ‌တွေ့ရသ‌လောက် ရှားပါး‌နေသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေ သည်။

ထို့အတူ ကရင်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်‌နေထိုင်ကြသည့် ကရင်လူမျိုးအနည်းငယ်တွင်သာ အဆိုပါ ရိုးရာတူရိယာပစ္စည်း တီးခတ်အသုံးပြု‌နေမှုများကို ‌တွေ့ရှိရ‌သော်လည်း အခြား ကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသများတွင် ‌ပျောက်ကွယ်လုနီးပါးအ‌ခြေအ‌နေ ဖြစ်‌ပေါ်‌နေသည်ဟု ‌ပြောဆို‌နေမှုများလည်း ရှိသည်။

ရိုးရာအတီးအမှုတ် ကဏ္ဍနှင့် ပတ်သက်၍ ကရင်ယဉ်‌ကျေးမှုအဖွဲ့(KCO) ဥက္ကဌ ‌စော‌မောင်ဉာဏ်က “စု‌ပေါင်း သင်တန်း ဆင်းပွဲတုန်းက အတီးပြိုင်ပွဲဝင်‌တွေမှာ လူငယ်‌တွေ မ‌တွေ့ရ‌တော့ဘူး။ ကရင် အတီး၊ အမှုတ် ပညာရပ်‌တွေကို ထိန်းသိမ်းနိုင် ‌အောင်လို့ (ဇွဲကပင်‌တောင်‌ခြေရင်းရှိ) မူ့စရီးရွာမှာ သင်တန်း‌ကျောင်း ဖွင့်‌ပေးဖို့ရှိပါတယ်။ ဘယ်အချိန် စတင်ဖွင့်မလဲ က‌တော့ ‌ဆွေး‌နွေး‌နေတုန်းပါပဲ↔ဟု‌ပြောသည်။

ယ‌နေ့‌ခေတ် ကရင်လူငယ်များအကြား စိတ်ဝင်စားမှုမရှိသ‌လောက် နည်းပါးသွားသည့် ကရင်ရိုးရာ အတီးအမှုတ် တူရိယာ ပစ္စည်းများမှာ အဓိကအားဖြင့် နားဒိန်(‌စောင်း‌ကောက်)၊ ခနာ၊ ‌သောင့်ထွန်း(တ‌ယော)၊ ပီပါ (သံစုံ ပု‌လွေ)၊ ဂိန်၊ ဘင်(Karen Drum)၊ စည်း၊ ဝါး စသည်တို့ ပါဝင်‌ကြောင်း သိရသည်။