Home သတင်း MSPP ကုမ္ပဏီ ဆီအုန်းစက်ရုံ‌ဆောက်မည့်အ‌ပေါ် ဌာ‌နေတိုင်းရင်းသားများအသံ နား‌ထောင်ရန်‌ပြောဆို

MSPP ကုမ္ပဏီ ဆီအုန်းစက်ရုံ‌ဆောက်မည့်အ‌ပေါ် ဌာ‌နေတိုင်းရင်းသားများအသံ နား‌ထောင်ရန်‌ပြောဆို

3261

ဧပြီ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသင်္ာရီ မြို့နယ်အတွင်း MSPP မ‌လေးရှား ဆီအုန်းကုမ္ပဏီက ဆီအုန်းစက်ရုံတည် ‌ဆောက်မည့်အ‌ပေါ် ဌာ‌နေတိုင်းရင်းသားများ၏ သ‌ဘောထားအသံများကို အ‌လေးထားနား‌ထောင်‌ပေးရန် ခိုင်မြဲ သစ္စာသဘာဝပတ်ဝန်းကျင် ‌ရေရှည်တည်တံ့ခိုင်မြဲ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ကော်မတီက ဧပြီ ၂ဝ ရက်(ယ‌နေ့)တွင် သ‌ဘောထားထုတ်ပြန် ‌ပြောဆိုလိုက်သည်။

ယခုလို သ‌ဘောထားထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ‌ကော်မတီအကြံ‌ပေးပုဂ္ဂိုလ် ‌စောအဲလဲဖရက်က “ MSPP မ‌လေးရှား ဆီအုန်းကုမ္ပဏီက တနသင်္ာရီ မြို့နယ်ထဲမှာ ဆီအုန်းစက်ရုံတစ်ခု တည်‌ဆောက်မယ်လို့ ကျ‌နော်တို့ သတင်းရရှိတယ်။ အ‌တွေ့အကြုံအရ ဆိုရင် စွန့်ပစ်ပစ္စည်းက‌နေပြီး‌တော့ ‌လေထု၊ ‌ရေထု ညစ်ညမ်းမှုဖြစ်တယ်။ ဘာလို့လည်းဆို‌တော့ ဆီအုန်းဖတ်‌တွေကို ‌ချောင်း‌တွေထဲ စွန့်ပစ် မယ်ဆိုရင် ‌ရေ‌ပေါ်မှာ ဒါ‌တွေ ဖုံးလွှမ်းသွား မယ်။ ‌ရေချိုရှားပါးမှု ကြုံ‌တွေ့ရမယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ရဲ့အသံ‌တွေကို တစ်ချက် ‌လောက်နား‌ထောင်‌ပေးပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ဒေသတွင်း ‌ရွှေသံလွင် ဆီအုန်းစက်ရုံ တည်ရှိသလို အဆိုပါ စက်ရုံမှ စွန့်ပစ်ပစ္စည်းများ‌ကြောင့် ပတ်ဝန်း ကျင်‌လေထု၊ ‌ရေထု ညစ်ညမ်းမှုကို ‌ဒေသခံများ ခံစား‌နေရပြီး ယခုလို ဆီအုန်းစက်ရုံထပ်မံတည်‌ဆောက်မည့် အ‌ပေါ် ‌ဒေသခံ ဌာ‌နေတိုင်းရင်းသားများ၏ အသံကို အ‌လေးထားနား‌ထောင်‌ပေး‌စေလိုသည်ဟု ‌စောအဲလဲဖရက် က ဖြည့်စွက်‌ပြောသည်။

ယခုလို ဆီအုန်း စက်ရုံတည်‌ဆောက်မည့်အ‌ပေါ် ဌာ‌နေတိုင်းရင်းသားများ၏ သ‌ဘောထားကို ရယူသင့်သလို ‌ဒေသခံများ၏ သ‌ဘောထားကို အ‌လေးမထားဘဲ စီမံကိန်းများ အ‌ကောင်အထည်‌ဖော်မှုများသည် နိုင်ငံ‌တော် အတွက် ‌ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး‌ရေးကို ဖြစ်လာမည်ဟု မထင်‌ကြောင်း ‌ကော်မတီ၏ သ‌ဘောထားထုတ်ပြန် ချက်တွင် ‌ဖော်ပြထားသည်။

ခိုင်မြဲ သစ္စာသဘာဝပတ်ဝန်းကျင် ‌ရေရှည်တည်တံ့ခိုင်မြဲ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ကော်မတီ၏ ဧပြီ ၂ဝ ရက်‌နေ့ သ‌ဘောထားထုတ်ပြန်ချက်ကို တနသင်္ာရီမြို့နယ် လွှတ်‌တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး အပါ အဝင်၊ ဌာနဆိုင်ရာများသို့ ‌ပေးပို့သွားမည်ဖြစ်‌ကြောင်း ‌ကော်မတီထံမှ သိရသည်။

ထို့အပြင် တနသင်္ာရီမြို့နယ်၊ စွယ်‌တော်‌ချောင်း၊ ‌ဘောဆ‌နွေးရွာ၊ လိပ်မဲရွာ၊ ‌ကျော်ဆိပ်ရွာ၊ ကဝဲရွာ၊ သိမ်ပြင်ရွာ၊ ‌ကျောက်‌တောင်ရွာ၊ ပျဉ်းကတိုးရွာ၊ တလိုင်းတပ်ရွာ၊ ပိန်း‌ချောင်းရွာ၊ သာယာကုန်းရွာနှင့် သာရဘွင်ရွာစသည့် ‌ကျေးရွာများတွင်‌ဒေသခံများ သ‌ဘောထားဆန္ဒ ရယူခြင်းမရှိဘဲ MSPP က ၂၀၁၂ ခုနှစ်တွင် ‌မြေများသိမ်းယူကာ ဆီအုန်းစိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး ယခုလိုဆီအုန်းစက်ရုံထပ်မံတည်‌ဆောက်မည့် အ‌ပေါ် လက်မခံနိုင်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။