Home သတင်း KNU နယ်‌မြေအတွင်း မျက်စိလူနာ ၆,ဝဝဝ နီးပါးကို ဗဟိုကျန်းမာ‌ရေးဌာနက ခွဲစိတ်ကုသ‌ပေးထား

KNU နယ်‌မြေအတွင်း မျက်စိလူနာ ၆,ဝဝဝ နီးပါးကို ဗဟိုကျန်းမာ‌ရေးဌာနက ခွဲစိတ်ကုသ‌ပေးထား

2295

ဧပြီ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်‌မြေအသီးသီးရှိ အမြင်အာရုံအားနည်းသည့် မျက်စိ ‌ဝေဒနာရှင် လူနာ ၆,၀၀ဝ နီးပါးကို ခွဲစိတ်ကုသ‌ပေးခဲ့သည်ဟု ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ရုံးတွင် ဒုတိယအကြိမ် မျက်စိ လာ ‌ရောက်ကုသ‌ပေး‌နေသည့် ‌ကေအဲန်ယူ၊ ဗဟိုကျန်းမာ‌ရေးဌာနမှ မျက်စိအထူးကု ဆရာဝန် ‌ဒေါက်တာ‌စော‌နေဆဲက ဧပြီ ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ အ‌နေနဲ့ ၂ဝ၁၃ ခုနှစ်ကတည်းက KNU တပ်မဟာအလိုက် အခမဲ့မျက်စိခွဲစိတ်မှုလုပ်လာတာ လူနာ ၆,ဝဝဝ နီးပါးရှိသွားပြီ။ သက်ကြီးရွယ်အို‌တွေနဲ့ မျက်စိတိမ်စွဲတဲ့ဟာအဖြစ်များတယ်။ အမြင်အာရုံ နည်းလာတဲ့အခါမှာ ဘယ်‌နေရာသွားပြရမလဲမသိဘူး။ မြို့‌ပေါ်သွားကုဖို့ဆိုလည်း ‌ငွေ‌ကြေးအခက်အခဲရှိတယ်။ မျက်စိအမြင် ပြန်‌ကောင်းဖို့ အတွက် အခမဲ့လာပြီးကုသ‌ပေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်အတွင်း မျက်စိလူနာ ၂ဝဝ ‌ကျော် ခွဲစိတ်မှုပြုလုပ်‌ပေးခဲ့ပြီး ဖြစ်သလို မျက်စိ ခွဲစိတ်ပညာရပ် တတ်‌မြောက်သည့် လူငယ်များ‌ပေါ်ထွက်လာရန် သင်တန်း‌ပေးလျက်ရှိကာ ပိုမိုကျွမ်းကျင်မှုရှိ ‌အောင် ဆက်လက်သင်ကြား‌ပေးသွားမည်ဟု ‌ဒေါက်တာ‌စော‌နေဆဲက ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြိုင်ကုန်း‌ကျေးရွာမှ မျက်စိလာ‌ရောက်ခွဲစိတ်‌နေသူ ‌စောစန်းယုက “ ‌မော်လမြိုင်မှာ တစ်ခါ မျက်စိခွဲဖူးတယ်။ အခု အ‌ဝေးမမြင်ရဘူး။ မြို့‌ပေါ်သွားကုဖို့ ‌ငွေလည်းသိပ်မရှိဘူး‌လေ။ ဒီမှာအခမဲ့ လာကု‌ပေးတာ ကြား‌တော့ ဝမ်းသာတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ထီ့လုံး‌ချောင်းရွာမှ ‌စောယာ‌တေးကလည်း “ ကျ‌နော့်အမျိုးသမီး မျက်လုံးက ၈ နှစ်ရှိပြီးမှုန်‌နေတာ။ ‌ငွေ‌ကြေး အခက်အခဲရှိလို့ မကုသနိုင်ခဲ့ဘူး။ မြို့‌ပေါ်သွားဖို့ ဗမာစကားလည်း မတတ်ဘူး‌လေ။ ဒီမှာက ‌ငွေမကုန်ဘူးဆို‌တော့ လာဖြစ် သွားတာပါ” ဟု ‌ပြောသည်။

KNU ဗဟိုကျန်းမာ‌ရေးဌာနအ‌နေဖြင့် ၂ဝ၁၃ ခုနှစ်တွင် နယ်လှည့်မျက်စိကုသမှု စတင်လုပ်‌ဆောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အတွင်း တပ်မဟာ (၁)၊ (၂)၊ (၃)နှင့် တပ်မဟာ(၄) ရှိ ထိန်းချုပ်နယ်‌မြေအတွင်းသို့ သွား‌ရောက်ကုသ‌ပေးခဲ့သလို တပ်မဟာ ၆ နယ် ‌မြေတွင် ယခုနှစ် ‌ဖေ‌ဖေါ်ဝါရီတွင် တစ်ကြိမ်နှင့် ဧပြီလတွင် ဒုတိယ အကြိမ်‌မြောက် လာ‌ရောက်ကုသ‌ပေးခြင်း ဖြစ်သည်။