Home သတင်း ၈ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ စတင်ကျင်းပ

၈ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ စတင်ကျင်းပ

2816

ဧပြီ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပန်းချီဆရာများ စု‌ပေါင်းကာ ၈ ကြိမ်‌မြောက် ‘ကရင် ဒိုင်ယာရီ’ ပန်းချီပြပွဲ ဖွင့်ပွဲကို ဧပြီ ၆ ရက်‌နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ‌အောင်ဆန်းအားကစားကွင်း ‌မြောက်ဘက်ရှိ၊ အို‌ခေ အနုပညာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းချီပြပွဲတွင် ရန်ကုန်မြို့‌ပေါ်ရှိကရင်ပန်းချီ ဆရာ/ဆရာမများ၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ကရင်ပြည် နယ်နှင့် နယ်စပ်‌ဒေသရှိ ကရင်ပန်းချီဆရာများ အပါအဝင် စုစု‌ပေါင်း ကရင်ပန်းချီဆရာ ၃၁ ဦးတို့၏ ဆီ‌ဆေးနှင့် A/C (Acrylic)ပန်းချီ ကား ၅ဝ ‌ကျော်ဝင်‌ရောက်ပြသသွားမည်ဖြစ်သည်ဟု ပြပွဲစီစဉ်သူတဦး ဖြစ်သည့် ပန်းချီ ဆရာ သုဓနုက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက ” အခုပြပွဲကို ကျ‌နော်တို့ ကရင်ပန်းချီဆရာ‌တွေ အစဉ်အလာတခုဖြစ်လာ‌အောင်ရယ်၊ စည်းစည်းလုံးလုံးနဲ့ ‌နောက်မျိုးဆက်သစ် ပန်းချီဆရာ‌တွေလည်း အခုလိုကရင်ဒိုင်ယာရီ ပန်းချီပြပွဲ‌တွေ ဆက်လုပ်ဖြစ်‌အောင်ရည်ရွယ် ပြီး ပန်းချီပြပွဲကို လုပ်တာဖြစ်ပါတယ်” ဟု ‌ပြောသည်။

၈ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲကို ဧပြီ ၆ ရက်မှ ၉ ရက်‌နေ့ထိ ‌လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲရက်များတွင် နံနက် ၉ နာရီမှ ည‌နေ ၆ နာရီအထိ ပြခန်းဖွင့်လှစ်ထားမည်ဖြစ်ကာ မည်သူမဆိုလာ‌ရောက် ‌လေ့လာ ကြည့်ရှု့အား‌ပေးနိုင်သည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

ပြပွဲတွင် ပန်းချီကား၂ ကားပါဝင် ပြသထားသူ နယ်စပ်အ‌ခြေစိုက် ကရင်ပန်းချီဆရာအထွန်းက “ကျ‌နော် မယ်လ ဒုက္ခသည်စခန်းမှာ ‌နေထိုင်စဉ်ကတည်းက ပန်းချီကို ဝါသနာပါတယ်။ အ‌ပျော်သ‌ဘောဆွဲတယ်။ ‌နောက် အလုပ် တဖက်နဲ့ ပန်းချီဆွဲခဲ့တယ်။ စခန်းမှာတချို့ပန်းချီဝါသနာ ပါသူ‌တွေရှိ‌ပေမဲ့ အခုလိုပြပွဲမျိုးလုပ်ဖို့ နာမည်ကြီး ပန်းချီ ဆရာဖြစ်ဖို့ မလွယ်ဘူး။ အခွင့်အလမ်း နည်းတယ်၊ အချိတ်အဆက်မရှိဘူး။ စခန်းမှာ ပန်းချီအတွက် လိုအပ်တဲ့ ပစ္စည်း‌တွေက ရှားတယ်။ အခုလို ပြပွဲမှာ ပါဝင်ပြသခွင့်ရတာ ဝမ်းသာတယ်” ဟု ‌ပြောသည်။

ကရင် ပန်းချီဆရာများ စု‌ပေါင်းကာ ‘ကရင်ဒိုင်ယာရီ’ ပန်းချီပြပွဲကို ၂၀၁၁ ခုနှစ်ကတည်းကာစတင်ကာ နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖားအံမြို့တွင် ၃ ကြိမ်ပြုလုပ်ခဲ့သလို၊ ရန်ကုန်မြို့တွင် ၅ ကြိမ်‌မြောက် ပြပွဲ ပြုလုပ်ခြင်းဖြစ် သည်။ ထို့အပြင် ကရင်ပန်းချီဆရာများစု‌ပေါင်းကာ မယ်‌တော်‌ဆေးခန်းတွင် ပန်းချီပြပွဲ ပြုလုပ်ဖူးသလို အာလိန် ငါးဆင့်ကရင်နှစ် သစ်ကူးပွဲ‌တော်တွင်လည်း နှစ်စဉ် ပန်းချီပြခန်း ‌လေးနှစ်ဆက် ပြခန်းဖွင့်လှစ် ပြသခဲ့သည်။