Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ သကြင်္န်ကာလ အခွန်အခမဲ့‌နေရပ်ပြန်နိုင်ခွင့် စတင်

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ သကြင်္န်ကာလ အခွန်အခမဲ့‌နေရပ်ပြန်နိုင်ခွင့် စတင်

2432

ဧပြီ ၅ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌နေဖြင့် အလုပ်သမားပတ်စ်ပို့ (VISA NON-LA)နှင့် ပန်း‌ရောက်ကဒ်ကိုင်‌ဆောင်ထားသူများကို သကြင်္န်ကာလအတွင်း ဗီဇာဆိုင်ရာ အ‌ထွေ‌ထွေ ကုန်ကျစရိတ် ကင်းလွတ်ခွင့်နှင့် ဖမ်းဆီးခြင်းမရှိဘဲ ‌နေရပ်ပြန်ခွင့်ကို ယ‌နေ့ ဧပြီ ၅ ရက်‌နေ့မှစတင်ကာ ခွင့်ပြု‌ပေးလိုက်သည်ဟု ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးများရုံးက မတ်၂၇ ရက်‌နေ့တွင် တရားဝင်ထုတ်ပြန်ခြင်းထားခြင်းဖြစ်ကာ ဧပြီ ၅ရက်မှ ၃ဝ ရက်‌နေ့အထိ ယာယီအလုပ်သမားပတ်စ်ပို့ကိုင်‌ဆောင်သူ ‌ရွှေ့‌ပြောင်းအလုပ်သမားများ ဗီဇာ ဆိုင်ရာအခွန်အခကင်းလွတ်ခွင့်နှင့် ယာယီ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကဒ်(ပန်း‌ရောင်ကဒ်) ကိုင်‌ဆောင်သူ အလုပ်သမားများအ‌နေဖြင့် အဖမ်းအဆီးမရှိ ‌နေရပ်သို့ပြန်နိုင်ပြီး ဖြစ်‌ကြောင်း မြန်မာပြည်သားများ အ‌ရေးပူးတွဲ လှုပ်ရှားမှု‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ယခုလို‌ပြောသည်။

၎င်းက “ အလုပ်သမားပတ်စ်ပို့ (PJ)နဲ့ မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံစာအုပ်(CI)ကိုင်‌ဆောင်တဲ့ မြန်မာ ‌ရွှေ့‌ပြောင်း အလုပ်သမား‌တွေအ‌နေနဲ့ အထွက်တုံးထုတဲ့‌နေရာမှာ အရင်လို ဗီဇာ‌ကြေး ဘတ် ၁,၀၀ဝ ‌ပေးစရာ မလိုဘူး။ ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်း‌ရောင်ကဒ်) ကိုင်‌ဆောင်တဲ့ အလုပ်သမား‌တွေ အ‌နေနဲ့ကြ‌တော့ သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံး‌တွေမှာ ခရီးသွား‌ထောက်ခံစာယူပြီးပြန်လာရမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ပြန်လာရာ၌ အလုပ်သမားများအ‌နေဖြင့် မိမိထွက်ခွာလာရာနယ်စပ်လမ်း‌ကြောင်းများမှ ပြန်လည် ဝင်‌ရောက်ရန်၊ သတ်မှတ်ရက်ထက်ပိုမိုအချိန်ရယူလိုလျှင် အထွက်ဗီဇာတုံးထု‌ကြေးကို တစ်ခါတည်း‌ပေး‌ဆောင် သွားရန်၊ မူးယစ်‌ဆေးနှင့် ထိုင်းဥပ‌ဒေအရ တားမြစ်ထားသည့် လူသုံးကုန်ပစ္စည်းများကို သယ်‌ဆောင်သွားခြင်း မပြုရန်၊ စာရွက်စာတမ်းမိတ္တူအနည်းဆုံးနှစ်စုံနှင့် ဓါတ်ပုံများရိုက်ကူးထားရန်စသည့် အချက်များပါရှိသည်။

ထို့အပြင် သတ်မှတ်ရက် (ဧပြီ ၃၀) ရက်‌နေ့‌နောက်ဆုံးအမီပြန်လာရန်နှင့် နယ်စပ်ဂိတ်‌နေရာများအတွင်း လိမ်လည်‌ငွေလဲ‌ပေးခြင်း၊ အလစ်သုတ်ခြင်း ကားလက်မှတ်အတု‌ရောင်းချခြင်း စသည့် အုပ်စုဖွဲ့လိမ်လည်မှုများ ကို အထူးသတိပြုရ သွားလာရန် လိုမည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ယခင်က ယာယီအလုပ်သမားပတ်စ်ပို့ ကိုင်‌ဆောင်သူအလုပ်သမားများမှာ မိမိ‌နေရပ်ပြန်မည်ဆိုလျှင် ထိုင်း လဝကရုံးတွင် တံဆိပ်တုံးထုရန် ဘတ် ၁,၁၀ဝ ‌ပေး‌ဆောင်ရပြီး ပန်း‌ရောင်ကဒ်ကိုင်‌ဆောင်သည့် အလုပ် သမားများအ‌နေဖြင့် အလုပ်ရှင်သူ‌ဌေးများပါမှ အပြင်ထွက်ခွင့်ရသလို မိမိ‌နေရပ်ပြန်လျှင် လွတ်လပ် စွာပြန်ခွင့် မရှိဘဲ ဖမ်းဆီးထိန်းသိမ်း ခံကြရကာ မြန်မာနယ်စပ်ဂိတ်သို့ ပို့‌ဆောင်ခြင်းခံကြရသည်။

ထိုသို့ပို့‌ဆောင်ခံကြရသည့် မြန်မာအလုပ်သမားများအ‌နေဖြင့် အနည်းဆုံး ထိုင်းဘတ်‌ငွေ ၁,၅၀ဝမှ ၂,၀၀ဝအထိ ‌ပေး‌ဆောင်မှသာ ပြန်လည်လွတ်‌မြောက်နိုင်ပြီး ၎င်းတို့၏အိမ်ပြန်လမ်းအတွက် အခက်အခဲများစွာကြုံ‌တွေ့ကြရ သည်ဟု ဖမ်းဆီးခံရဖူးသည့်အလုပ်သမားများက ‌ပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်း လာ‌ရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃ သန်း‌ကျော် ခန့်ရှိပြီး တရားဝင်စာရွက်စာတမ်းအ‌ထောက်အထားဖြင့် အလုပ်လုပ်‌နေသူမှာ ၂ သန်း‌ကျော်ခန့် ရှိသည်ဟု အလုပ်သမား အ‌ရေးလုပ်‌ဆောင်‌နေသူများထံမှသိရသည်။

ယခုကဲ့သို့ ကင်းလွတ်ခွင့်ကိုသတ်မှတ်ကာလ ဧပြီ ၅ ရက်မှ ၃ဝရက်‌နေ့အထိ တရားဝင် ခွင့်ပြုထား‌သော်လည်း သကြင်္န်ကာလ အလုပ်ရုံပိတ်ရက်ကို ထိုင်းအလုပ်ရှင်များက ၃ရက်မှ တစ်ပတ်ကြာ အထိသာ ‌ပေး‌လေ့ရှိသည်ဟု အလုပ်သမားများထံမှ သိရသည်။ ထိုင်းအစိုးရမှ အခွန်အခမဲ့နှင့် လွတ်လပ်စွာ‌နေရပ်ပြန်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။