Home သတင်း ပြည်နယ်လွှတ်‌တော်နှင့် ဇွဲကပင်‌မောင်မယ်သံချပ်အဖွဲ့များသကြင်္န်တွင် ‌ဖျော်‌ဖြေမည်

ပြည်နယ်လွှတ်‌တော်နှင့် ဇွဲကပင်‌မောင်မယ်သံချပ်အဖွဲ့များသကြင်္န်တွင် ‌ဖျော်‌ဖြေမည်

2731
Photo_phyo wai sett

ဧပြီ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် အတာသကြင်္န်တွင် ကရင်ပြည်နယ်လွှတ်‌တော်သံချပ်အဖွဲ့နှင့် ဇွဲကပင်‌မောင်မယ် သံချပ် အဖွဲ့တို့ ပထမဦးဆုံးအကြိမ် ဖားအံမြို့အတွင်း ‌ဖျော်‌ဖြေသွားမည်ဟု အဖွဲ့ဦး‌ဆောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်လွှတ်‌တော် သံချပ်အဖွဲ့ အ‌နေဖြင့် ငြိမ်းချမ်း‌ရေးနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များအ‌ပေါ် ထင်ဟပ်မည့် သံချပ်စာသားများဖြင့် ‌ဖျော်‌ဖြေသွားမည်ဟု သံချပ်အဖွဲ့ ဦး‌ဆောင်သူ ‌စော‌ဌေး‌အောင်က ဧပြီ ၁၁ ရက်‌နေ့တွင် ယခုလို‌ပြောသည်။

၎င်းက “ သံချပ်စာသားမှာ ငြိမ်းချမ်း‌ရေးကို အဓိကထားပြီး ဖွဲ့ထားတာပါ။ လွှတ်‌တော်အ‌ကြောင်း၊ တရားမျှတမှု၊ မူးယစ်‌ဆေး၊ ‌မြေယာအ‌ကြောင်းပါတဲ့ သံချပ်စာသား‌တွေကို လွှတ်‌တော်ဝန်ထမ်း အဖွဲ့ဝင် ၁၄ ‌ယောက်နဲ့ ဗဟို မဏ္ဍပ်ဖွင့်ပွဲ‌နေ့မှာ ‌ဖျော်‌ဖြေသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
အလားတူ ဇွဲကပင်‌မောင်မယ် သံချပ်အဖွဲ့အ‌နေဖြင့် လက်ရှိနိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးဆိုင်ရာ အ‌ကြောင်း အရာတို့ကို သံချပ်စာသားဖွဲ့ ‌ဖျော်‌ဖြေသွားမည်ဖြစ်ပြီး သံချပ်အဖွဲ့များ အပြိုင်‌ပေါ်လာပါက ပြည်သူ့အကျိုးပြုသည့် ယဉ်‌ကျေးမှုတစ်ခု ဖြစ်လာမည်ဟု အဖွဲ့ဦး‌ဆောင်သူ ဦးငန်း‌အောင်က ‌ပြောသည်။

သူက “အစိုးရအဖွဲ့ကလည်း လုပ်ပါ။ ‌ဝေဖန်ပါ။ ကျ‌နော်တို့အဖွဲ့ကို တပြည်နယ်လုံး ‌ဖျော်‌ဖြေခွင့် ‌ပေးထားတယ်။ နိုင်ငံ‌ရေးနဲ့ စီးပွား‌ရေး၊ ငြိမ်းချမ်း‌ရေး၊ ပညာ‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အ‌ကြောင်းပါတဲ့ သံချပ်စာသား‌တွေကို သကြင်္န်အတက်‌နေ့ ည‌နေအထိ ‌ဖျော်‌ဖြေသွားမယ်။ ‌ဝေဖန်ထားတဲ့ဟာ‌တွေကို ‌ဝေဖန်ခံရသူကလည်း ပြန်စဉ်းစား‌စေချင်တယ်”ဟု ဧပြီ ၁၁ ရက်‌နေ့တွင် ‌ပြောသည်။

ကရင်ပြည်နယ်တွင် ယခင်မဆလ‌ခေတ်တွင် သကြင်္န်သံချပ်အဖွဲ့များရှိခဲ့ဖူးသလို စစ်အစိုးရ လက်ထက်တွင် သံချပ် အဖွဲ့များ ‌ပျောက်ကွယ်သွားပြီး‌နောက် ယခုလို သံချပ်အဖွဲ့များ ပြန်လည် ‌ပေါ်ထွက်လာခြင်းဖြစ်သည်ဟု သံချပ် အဖွဲ့များထံမှ သိရသည်။