Home သတင်း ‌တော်လှန်‌ရေးရပ်တည်ချက် ခိုင်မာပြတ်သားသူ ဗိုလ်ချုပ်‌ကျော်‌သောင်း ဘဝအစိတ်အပိုင်းများစာအုပ် ထွက်ရှိ

‌တော်လှန်‌ရေးရပ်တည်ချက် ခိုင်မာပြတ်သားသူ ဗိုလ်ချုပ်‌ကျော်‌သောင်း ဘဝအစိတ်အပိုင်းများစာအုပ် ထွက်ရှိ

2717

ဧပြီ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင့်‌တော်လှန်း‌ရေးတွင် ရပ်တည်ချက် ခိုင်မာပြတ်သားသူဟု အများ‌လေးစားခြင်းခံရသူဖြစ်သည့် ဗိုလ်ချုပ်‌ကျော်‌သောင်း ဘဝအစိတ်အပိုင်းများ စာအုပ်ကို Karen Information Center က ဧပြီ ၂၇ ရက်‌နေ့တွင် ထုတ်‌ဝေဖြန့်ချိလိုက်သည်။

အဆိုပါ စာအုပ်ကို ၂၀၀၈ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် ‌ကေအိုင်စီ၏ အယ်ဒီတာချုပ်ဖြစ်သူ စာ‌ရေးဆရာမ ‌နော်ခိုင် မာ‌ကျော်‌ဇောက ထိုင်း-မြန်မာနယ်စပ်တွင် ‌ရေးသားထုတ်‌ဝေခဲ့ဖူးပြီး ယခု ၁ဝ နှစ်အကြာ ‌ကေအိုင်စီက ဒုတိယအကြိမ် ပြန်လည် ထုတ်‌ဝေခြင်းခဲ့ခြင်း ဖြစ်‌ကြောင်း ‌ကေအိုင်စီ၏ လက်ရှိဒါရိုက်တာဖြစ်သူ နန်း‌ဖေ့ာ‌ဂေက ယခုလို‌ပြောသည်။

၎င်းက “ မြစ်ဝကျွန်း‌ပေါ်သား ‌တော်လှန်‌ရေးသမား စစ်စစ်တစ်ဦးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို အခုလို အတိုင်းအတာ တစ်ခုထိ အပစ်အခတ်ရပ်စဲထားတဲ့ ကာလ‌လေးမှာ မျိုးဆက်သစ်လူငယ်‌တွေနဲ့ မသိရှိ‌သေးသူ‌လေး‌တွေလည်း သိရှိသွား ‌စေချင်တဲ့ စိတ်နဲ့ ပြန်လည်ထုတ်‌ဝေတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီ အယ်ဒီတာချုပ်လည်း ဖြစ်သူ နန်း‌ဖော့‌ဂေက ‌ပြောသည်။

စာမျက်နှာ ၁၅ဝ ‌ကျော်ပါ အဆိုပါ စာအုပ်တွင် ဗိုလ်ချုပ်‌ကျော်‌သောင်း၏ ငယ်ဘဝဖြတ်သန်းမှု၊ ‌တော်လှန်‌ရေး ထဲ ‌ရောက်ရှိခဲ့မှု ဘဝဖြစ်စဉ်များ၊ မြစ်ဝကျွန်း‌ပေါ်၊ ပဲခူးရိုးမ၊ ‌ကေအဲန်ယူ ဌာနချုပ် စသည်တို့တွင် သူ၏‌တော်လှန်‌ရေး ဖြတ်သန်းမှုပုံရိပ်များကို တစ်‌စေ့တစ်‌စောင်း‌ဖော်ပြထားသည်။

ယခုလို စာအုပ်ပြန်လည်ထုတ်‌ဝေခဲ့မှုအ‌ပေါ် ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “ တစ်ခွန်းတည်း ‌ပြောရလျှင် ဗိုလ်ချုပ်‌ကျော်‌သောင်း သမိုင်းသည် ‘တိုက်ပွဲ’ ပင်ဖြစ်ပါတယ်” ဟု မှတ်ချက်ပြု‌ပြောသည်။

ဗိုလ်ချုပ်‌ကျော်‌သောင်း ဘဝအစိတ်အပိုင်းများ စာအုပ်ကို ဝယ်ယူ ဖတ်ရှုလိုပါက ဖားအံမြို့ရှိ၊ ‌ကေအိုင်စီ-ကရင်သတင်းစဉ်ရုံး ဖုန်း ဝ၉-၉၇၃ ၈၈၃ ၂၁၈ သို့ ဆက်သွယ် ဝယ်ယူနိုင်‌ကြောင်း ထုတ်‌ဝေသူများထံမှ သိရသည်။