Home သတင်း အမျိုးသမီးအ‌ရေး အစဉ်လုပ်‌ဆောင်ခဲ့သူ ကရင်အမျိုးသမီး ၇၂ ဦးကို ၃၃ နှစ်‌မြောက် KWO ‌နေ့တွင် ထူးချွန်ဆု ချီးမြှင့်

အမျိုးသမီးအ‌ရေး အစဉ်လုပ်‌ဆောင်ခဲ့သူ ကရင်အမျိုးသမီး ၇၂ ဦးကို ၃၃ နှစ်‌မြောက် KWO ‌နေ့တွင် ထူးချွန်ဆု ချီးမြှင့်

2591

ဧပြီ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ယ‌နေ့ ဧပြီ ၅ ရက်တွင် ကျ‌ရောက်သည့် ၃၃ နှစ်‌မြောက်နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသမီးအ‌ရေး တစိုက်မတ်မတ် လုပ်‌ဆောင်ခဲ့သည့် နယ်ပယ်စုံ ထူးချွန် ကရင်အမျိုးသမီး ၇၂ ဦးကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်လိုက်သည်။

အဆိုပါ ၃၃ နှစ်‌မြောက် ကရင်အမျိုးသမီး အစည်းအရုံးနှစ်ပတ်လည် အခမ်းအနားကို ‌ကေအဲန်ယူ- ကရင်အမျိုး သားအစည်းအရုံး၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ၊ ကရင်ပညာ‌ရေးဌာန လက်‌အောက်ခံ ထိုလွီဝါး အထက်တန်း‌ကျောင်းဝင်း၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ယခုလို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်‌ကြောင်း KWO (ဗဟို) တွဲဖက်အတွင်း‌ရေးမှူး-၂ ‌နော်‌စေး‌စေးဟဲက ယခုလို‌ပြောသည်။

၎င်းက ” အခုလိုဆု‌ပေးရတာက သူတို့အ‌နေနဲ့ KWO အစည်း အရုံးထဲမှာ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ စည်းရုံး ‌ရေးနဲ့ ပညာ‌ရေးဌာနမှာပဲဖြစ်‌စေ အချိန်ပြည့်‌ပေးဆပ်တဲ့အတွက်‌ကြောင့် အသိအမှတ်ပြုတဲ့အ‌နေနဲ့သူတို့ကို ဂုဏ်ပြုခြင်း ဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KWO မှ‌ပေးအပ်သည့် ဂုဏ်ပြုဆုရရှိ ၇၂ ဦးသည် KWO၌ အနည်းဆုံး ၁ဝ နှစ်အထက်၊ ၁၅ နှစ်၊ ၂ဝနှစ်နှင့် ၂၅ နှစ်အထက် တာဝန်ထမ်း‌ဆောင်ခဲ့သူများထဲမှ ဂုဏ်ပြု ထိုက်သူများကို ‌ရွေးချယ် ချီးမြှင့်ခြင်ဖြစ်ပြီး KWO (ဗဟို)၊ ခရိုင်နှင့် နယ်စပ်ဒုက္ခသည်စခန်းနှင့် အီတူးထာ့ IDP စခန်း များမှ ကရင်အမျိုး သမီးများပါဝင်‌ကြောင်း KWO တာဝန်ရှိသူများထံမှ သိရသည်။

ဂုဏ်ပြုဆု‌ရွေးချယ် ချီးမြှင့်ခြင်းခံရသူ တစ်ဦးဖြစ်သူ KWO(ဗဟိုအမြဲတမ်း‌ကော်မတီဝင်) ပဒို‌နော်မယ်ရီ‌ဌေးက “ကျမကို အမျိုးသမီးနဲ့ က‌လေး‌တွေအတွက် ရပ်တည်ကြိုးပမ်းမှု‌တွေ‌ကြောင့်အပြင် အဖွဲ့အစည်းမှာ ‌တောက်‌လျှောက် ပါဝင်လုပ်‌ဆောင်ခဲ့တဲ့ အတွက် ‌ပေးအပ်တာလို့ ယူဆပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မျိုးဆက်သစ်ကရင်အမျိုးသမီးများအ‌နေဖြင့် ယခင်‌ခေတ်ကာလ ဖြတ်သန်းကြုံ‌တွေ့ခဲ့ရသည့် အခက် အခဲများအပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်များနှင့် ရည်မှန်းထားသည့် အနာဂတ် ဖက်ဒရယ် ပြည် ‌ထောင်စုတည်‌ဆောက်‌ရေးတွင် ‌ပေးအပ်လာသည့် တာဝန်များကို မိမိတို့တတ်နိုင်သည့်ဘက်မှ အုတ်တစ်ချပ် သဲတစ်ပွင့်အ‌နေဖြင့် ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်‌စေချင်သည်ဟု ပဒို‌နော်မယ်ရီ‌ဌေးက တိုက်တွန်း ‌ပြောဆိုသည်။

ယ‌နေ့ကျ‌ရောက်သည့် KWO ၏ ၃၃ နှစ်‌မြောက် နှစ်ပတ်လည် အခမ်းနားသို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB)မှ ကိုယ်စားလှယ်များ ရှမ်းအမျိုးသမီးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ‌ကေအဲန်ယူ ခရိုင် ၇ ခုရှိ ကရင်အမျိုးသမီး အစည်းအရုံးမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း လူတစ်‌ထောင် နီးပါး တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်အမျိုးသမီးအစည်းအရုံး ဖြစ်‌ပေါ်လာပုံအ‌ကြောင်းရှင်းလင်း‌ဟော‌ပြောခြင်း၊ ထူးချွန်ဆု ချီးမြှင့်ခြင်း၊ အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးကိုယ်စားလှယ်များက အား‌ပေးစကား‌ပြောကြားခြင်းများ ပြုလုပ် ခဲ့သလို ၂၀၁၇ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုရ ကရင်လူငယ် ၂ ဦးကိုလည်း တရားဝင် ဆုချီးမြှင့်ခဲ့သည်ဟု အခမ်းအနားတက်‌ရောက်ခဲ့သူများက ‌ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံးအ‌နေဖြင့် ယခင်က‌နေ့ထူး‌နေ့မြတ်များ နှစ်ပတ်လည် အခမ်းအနားများကို ဆိုင်ရာ ခရိုင်အလိုက်နှင့် ကရင်ဒုက္ခသည် စခန်းများတွင် အ‌ခြေပြုသည့် KWO အဖွဲ့အစည်း အတွင်း၌သာ ပြုလုပ်ခဲ့ပြီး ယခုလို စု‌ပေါင်းဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ပထမဆုံးအကြိမ်ပြုလုပ်နိုင်ခြဲ့ခင်း ဖြစ်‌ကြောင်း KWO တာဝန်ရှိသူများ ထံမှ သိရသည်။