Home သတင်း အစိုးရတပ်မ‌တော်ဘက်မှ NCA ချိုး‌ဖောက်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ ‌ပြော

အစိုးရတပ်မ‌တော်ဘက်မှ NCA ချိုး‌ဖောက်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ ‌ပြော

3736

ဧပြီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် တပ်မဟာ(၇)နယ်‌မြေအတွင်း ယမန်‌နေ့(ဧပြီ ၂၆) က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ အစိုးရတပ်မ‌တော် ဘက်က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်( NCA) သ‌ဘောတူညီချက်ကို မလိုက်နာ၍ ဖြစ်‌ကြောင်း KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ ၇ နယ်‌မြေ ၊ လှိုင်းဘွဲမြို့နယ်၊ ‌ကေအဲန်ယူဌာနချုပ်‌ဟောင်း မာနယ်ပ‌လောအနီး ‌ဆေး‌ဘောကလိုးနှင့် ‌နေပါဘူးအကြား၌ ယမန်‌နေ့ (ဧပြီလ ၂၆ရက်) ‌နေ့လည် ၁၂နာရီခန့်တွင် ‌ကေအဲန်ယူ တပ်မဟာ ၇ တပ်ဖွဲ့ဝင်နှင့် အစိုးရတပ်မ‌တော် ခမရ ၂၀၄ နှင့် ၂ဝ၈ တို့ တစ်နာရီနီးပါး ကြာ ပစ်ခတ်မှုများဖြစ် ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ‌ကေအိုင်စီ-ကရင်သတင်းဌာနမှ KNLA စစ်ဦးချုပ်အား ဆက်သွယ် ‌မေးမြန်းရာတွင် ယခုလို ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက “ကျ‌နော်တို့ အတန်တန်‌ပြောပါတယ်။ တစ်ခုခုလုပ်‌တော့မယ်၊ သွား‌တော့ မယ်ဆို ရင် ကျ‌နော်တို့နဲ့ တိုင်ပင်ပြီးမှလုပ်ပါ။ ကြိုတင်အ‌ကြောင်း ကြားပြီးမှ နှစ်ဖက်စလုံး သ‌ဘောတူမှ သွားလို့ ၊ လာလို့ရမယ်မဟုတ်လား။ အခုက ကျ‌နော်တို့နဲ့ တိုင်ပင်‌ဆွေး‌နွေးမှုမရှိပဲ သူတို့သ‌ဘောတိုင်းပဲ သွားတဲ့အခါကျ ‌တော့ NCA စည်းမျဉ်းစည်းကမ်းအရ ကျ‌နော်တို့ အ‌ရေးယူလိုက်ရတာ‌ပေါ့။ အဲဒါ‌တွေကို ချိုး‌ဖောက်လို့ ဖြစ်သွားတာပါ။”ဟု ‌ပြောသည်။

ယမန်‌နေ့က ဖြစ်ပွားခဲ့‌သော ပစ်ခတ်မှုတွင် အစိုးရတပ်မ‌တော်ဘက်မှ နှစ်ဦး‌သေဆုံးပြီး မိုင်းဗုံးများ‌ကြောင့် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ‌ကေအဲန်ယူဘက်က ထုတ်ပြန်ခဲ့‌သော်လည်း ‌ကေအိုင်စီ-ကရင်သတင်းဌာနအ‌နေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်းမရှိပါ။

ယခုနှစ် မတ်လ ၄ ရက်မှ စ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့ နယ်ရှိ ‌ခေးပူနှင့် လယ်မူပ ‌လောကြား ကားလမ်း‌ဟောင်းကို မြန်မာ့တပ်မ‌တော်ဘက်မှ ဆက်လက် ပြုပြင်‌ဖောက်လုပ်မှုများ ပြုလုပ် ရာတွင် သတ်မှတ်နယ်‌မြေကို ကျူး‌ကျော်လာသည်ဟုဆိုကာ နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့နှင့် တပ်မ‌တော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး‌နောက် ယခု ‌ကေအဲန်ယူတပ်မဟာ ၇ နယ်‌မြေဘက်တွင် ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖာပွန်‌ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ‌ကြောင့် ကားလမ်းအနီးအနားရှိ ‌ကျေးရွာ ၁၆ ရွာမှ ‌ဒေသခံ ၂,၃ဝဝ ‌ကျော် အသက်‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရာမှာ ယခုအချိန်ထိဖြစ်ပြီး လတ်တ‌လောတွင် စားနပ်ရိက္ခာနှင့် ‌နေရာထိုင်ခင်းများ လိုအပ်လျက်ရှိသည်ဟု ကူညီကယ်ဆယ်လုပ်‌ဆောင်‌နေသည့် ကရင်လူမှုအဖွဲ့အစည်းများက ‌ပြောသည်။

ယခုပစ်ခတ်မှုကိစ္စကို စစ်‌ရေးအရ ‌ဖြေရှင်း၍မရသည့်အတွက်‌ကြောင့် နိုင်ငံ‌ရေးနည်းဖြင့်
ငြိမ်းချမ်းစွာ ‌ဖြေရှင်းသွားမည်ဖြစ်ပြီး အစိုးရတပ်မ‌တော်အ‌နေဖြင့် ‌ရှေ့ဆက်တိုးလာပါက ပြဿနာများ ဆက်လက်ကြီးထွားနိုင်သလို တခြားလမ်း‌ကြောင်းဖြင့် ‌နောက်ပြန်လှည့်လိုက်လျှင် အ‌ကောင်းဆုံး နည်းလမ်းဖြစ်မည်ဟုလည်း ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ‌ပြောသည်။

“ကျ‌နော်တို့က‌တော့ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းမယ်။ ‌သွေးထွက်သံယိုမဖြစ်ပဲ မဟုတ်လား။ ဒါ‌ကြောင့် ကျ‌နော်တို့လက်မှတ်ထိုးတယ်။ ကျ‌နော်တို့ လက်မှတ်ထိုးတာ စည်းမျဉ်းစည်းကမ်းသ ‌ဘောတူညီချက်‌တွေရှိတယ်။ နှစ်ဖွဲ့ထဲကြားမှာပဲ လက်မှတ်ထိုးတာမဟုတ်ဘူး။ အသိသက်‌သေ ‌တွေအများကြီးရှိတယ်။ UN ကိုယ်စားလှယ်‌တောင်ပါ‌သေးတယ်။ အခုက ဘယ်သူကမှန်တယ်။ ဘယ်သူက မှားလဲဆိုတာ ‌ဝေဖန်သုံးသပ်တဲ့သူ‌တွေအ‌ပေါ်မှာ မူတည်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ‌ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချုပ်ငြှိမ်းပြီး ထာဝရ ငြိမ်းချမ်း‌ရေးရရှိနိုင်‌ရေးမှာ ကရင်ပြည်နယ်တစ်ခုထဲ တွင်သာ အပစ်အခတ်ရပ်စဲ၍ မရဘဲ တစ်တိုင်းပြည်လုံး ရပ်စဲနိုင်ရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက သုံးသပ်သည်။

‌ကေအဲန်ယူသည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်‌နေ့တွင် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ‌ရေးကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လက်မှတ်‌ရေးထိုးခဲ့သည်။ ထို့‌နောက် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် ဦးသိန်းစိန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို အခြား‌သော လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၇ ဖွဲ့နှင့်အတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။ NCA ထိုးပြီး ၃ နှစ်‌ကျော်ကြာသည့်အထိ နှစ်ဘက်တပ်များ ‌နေရာချထား‌ရေးနှင့်ပတ်သက်၍ ‌ဆွေး‌နွေး‌နေဆဲကာလတွင် ယခုလို ပစ်ခတ်မှုများ ရံဖန်ရံခါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်‌နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ အစိုးရတပ်မ‌တော်ဘက်က ‌ကြေညာချက် တစုံတရာ ထုတ်ပြန်ခြင်းမရှိ‌သေးသလို ယခုကိစ္စအ‌ပေါ် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးကိုလည်း ‌ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်၍ မရရှိ‌ပေ။

ရန်ကုန်အ‌ခြေစိုက် မြန်မာနိုင်ငံ အ‌မေရိကန်သံရုံးကလည်း ကချင်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လတ်တ‌လော ဖြစ်ပွား‌နေ‌သော တိုက်ပွဲများနှင့်ပတ်သက်၍ ယ‌နေ့( ဧပြီ ၂၇) ရက်စွဲဖြင့် ‌ကြေညာချက် ထုတ်ပြန်ခဲ့ရာ ‌ထောင်နှင့်ချီ‌သော ပြည်သူများ‌နေရပ်စွန့်ခွာ ထွက်‌ပြေး‌နေရသည့် အတွက် လွန်စွာစိုး ရိမ်မိ‌ကြောင်း၊ တိုက်ပွဲများရပ်တန့်‌ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်း‌ကြောင်းနှင့် အရပ်သားများကို အကာအကွယ်‌ပေး‌ရေးနှင့် ပဋိပက္ခ‌ကြောင့် ဒုက္ခ‌ရောက်ရသူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပို့‌ဆောင်‌ပေးနိုင်ရန် ခွင့်ပြု‌ပေး‌ရေးတို့ အတွက်လည်း တပ်မ‌တော်အပါအဝင် အစိုးရကို မိမိတို့ ‌မေတ္တာရပ်ခံပါသည်ဟု ‌ပြောဆိုသည်။