Home ဆောင်းပါး သမ္မတကြီးရဲ့ ပြတ်သားမှုကို အကဲစမ်း စိန်‌ခေါ်‌နေ‌သော ပြစ်မှုများ

သမ္မတကြီးရဲ့ ပြတ်သားမှုကို အကဲစမ်း စိန်‌ခေါ်‌နေ‌သော ပြစ်မှုများ

2731

(‌မောင်‌ကျော်စွာ)
(၂၀၁၈ခုနှစ်၊ ဧပြီလ ၂၁ရက်)

သမ္မတဦးဝင်းမြင့် သူ ‌ပြောတဲ့စကားနဲ့အညီ လက်‌တွေ့အ‌ရေးယူ ‌ဆောင်ရွက်မှု‌တွေပါလာတာကို မြင်လာရပါတယ်။ သူ့ပထမဆုံး မိန့်ခွန်းမှာ ‌ဖော်ပြခဲ့တဲ့ ဦးစား‌ပေး ရည်မှန်းချက်ပန်းတိုင် ၃ခုအနက် ပထမဦးစား‌ပေးလုပ်ငန်းက “တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ ပြည်သူ များရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မား‌ရေး” ဖြစ်ပါတယ်။

မတ်လ ၃ဝရက်‌နေ့ ပထမဆုံး မိန့်ခွန်း‌ပြောကြားပြီးတဲ့‌နောက် ဧပြီလ ၁၁ရက်‌နေ့နဲ့ ၁၂ရက်‌နေ့‌တွေမှာ အဂတိလိုက်စားမှု တိုက် ဖျက်‌ရေး‌ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်‌ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားလွှတ်‌တော်ချုပ် တရားသူ ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဆက်တိုက်ဆိုသလို ‌တွေ့ဆုံပြီး ညွန်ကြား ချက်‌တွေ ‌ပေးခဲ့တာကို သတိပြုမိပါတယ်။

ဧပြီလ ၁၇ရက်‌နေ့မှာ‌တော့ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားနဲ့အတူ အမိန့်‌ကြေညာချက် ၃ရပ် ထုတ်ပြန်ခဲ့ပါတယ်။ “ရာဇ ဝတ်ကျင့်ထုံးဥပ‌ဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ သတ်မှတ်ထားခဲ့တဲ့ (‌ထောင်‌ကြွေးကျန်‌တွေကို) စည်းကမ်းသတ်မှတ်ချက်‌တွေ ကို ပယ်ဖျက်ခဲ့ပြီး ပြစ်ဒဏ်ကျခံ‌နေကြရတဲ့ နို်င်ငံသားအကျဉ်းသား ၈၄၉ဝဦးကို “လွတ်ငြိမ်းသက်သာခွင့်” ‌ပေးခဲ့ပါတယ်။

အရာထမ်းလစာ‌ငွေကို (၁ဝရာခိုင်နှုန်း) အမှုထမ်းလစာ‌ငွေကို (၂ဝရာခိုင်နှုန်း) တိုးမြှင့်‌ပေးသွားမယ်လို့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်း‌ပြောကြားသွားပါတယ်။ သို့အတွက် အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀ဝကျပ်မှ ၅၅၀၀၀ဝကျပ်သို့ တိုး မြှင့်လာမှာဖြစ်ပြီး အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀ဝ ကျပ်မှ ၁၄၄၀၀ဝ ကျပ် အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

ဒီလို လက်‌တွေ့လုပ်ရပ်‌တွေဟာ ကြိုဆိုစရာ‌ကောင်းတဲ့ ‌ခြေလှမ်း‌တွေဖြစ်ပါတယ်။ အထူးသဖြင့် “နိုင်ငံ‌ရေးနှင့် စပ်လျဉ်းသင့် ပြစ်မှု များ”အ‌ပေါ်‌နှောင်ကြိုးအဖြစ် ထားရှိခဲ့တဲ့ စည်းကမ်းသတ်မှတ်ချက်‌တွေအားလုံးကို “ပယ်ဖျက်‌ပေး”တဲ့ ကိစ္စက‌တော့ အင်မတန် ‌ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်သူမှ ထင်မှတ် ‌မျှော်မှန်းမထားတဲ့ကိစ္စ ဖြစ်ပါတယ်။

အ‌ကောင်းနဲ့အဆိုး ဒွန်တွဲရှိ‌နေတဲ့ ‌လောကဓမ္မတာလိုပါပဲ။ ပြန်လည်လွတ်‌မြောက်လာတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား‌တွေထဲမှာ မူးယစ်‌ဆေးဝါး ပြစ်မှုကျူးလွန်သူ‌တွေနဲ့ တပ်‌ပြေးအ‌ရေအတွက် များလွန်း‌နေတာကို‌တော့ ဘဝင်မကျ ဖြစ်ကြရပါတယ်။

‌နောက်ထပ် မြင်သာတဲ့ ‌ခြေလှမ်းတစ်ခု၊ ဖြစ်ရပ်တစ်ခုက‌တော့ “အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး‌ကော်မရှင်”က စတင်ကိုင်တွယ် ပြလိုက်တဲ့ အမှုကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ‌နေပြည်‌တော် FDA ညွှန်ကြား‌ရေးမှူးချုပ် ‌ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး ဥပ‌ဒေပုဒ်မ (၅၆)အရ အ‌ရေးယူဖို့ အမှုဖွင့်ထားတဲ့ဆိုတဲ့ ဖြစ်ရပ်ပါပဲ။

စုစု‌ပေါင်းတန်ဖိုး‌ငွေကျပ် ၁၅၁,၄၃၉,၇၈၆ကို ၎င်းပိုင်အ‌ဆောက်အအုံများ ‌ဆောက်လုပ်ရန်အတွက် တင်ဒါ‌အောင်မြင်ခဲ့တဲ့ ကုမ္ပဏီ ထံက‌နေ ‌တောင်းယူခဲ့‌ကြောင်း စစ်‌ဆေး‌ပေါ်‌ပေါက်ခဲ့တယ်လို့ (၂၀-၄-၂၀၁၈)ရက်‌နေ့ထုတ်၊ အစိုးရပိုင်သတင်းစာ‌တွေမှာ ‌ဖော်ပြ ထားပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး‌ကော်မရှင်”က ကိုင်တွယ်‌နေတဲ့ အမှုအခင်းထဲမှာ (FDA ညွှန်ကြား‌ရေးမှူးချုပ်)ရဲ့ လာဘ်ယူမှု ဟာ ‌လော‌လောဆယ် အကြီးဆုံးဖြစ်ဖွယ်ရှိ‌ပေမယ့် အများပြည်သူများရဲ့ အမြင်မှာ‌တော့ ဒီထက်ပိုမိုကြီးတဲ့ ငါးကြီးကြီး‌တွေကို ‌ကြော်ပြ‌စေချင်တဲ့ (ဖမ်းဆီးအ‌ရေးယူပြ‌စေချင်တဲ့) စိတ်အားထက်သန်မှု‌တွေ အပြည့်ရှိ‌နေတာကို ကြားသိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း‌ဒေသကြီး စည်ပင်သာယာ‌ရေးအဖွဲ့ ညွှန်ကြား‌ရေးမှူးကို ညွှန်ကြား‌ရေးမှူးရာထူးက‌နေ ဒုတိယညွှန်ကြား‌ရေး မှူးရာထူး တဆင့်ချပြီး ဖျာပုံမြို့မှာ တာဝန်‌ပြောင်း‌ရွှေ့ ချထားလိုက်ပါတယ် ဆိုတဲ့သတင်းလည်း ကြား‌နေရပါတယ်။ ဒါ‌ကြောင့် အုပ်ချုပ်‌ရေးယန္တရားမှာ အခရာကျလှတဲ့ ညွန်ချုပ်‌တွေကို စပြီး ကိုင်သလားလို့လည်း ‌တွေး‌တောယူဆ‌နေကြတာ‌တွေလည်း ရှိပါ တယ်။ ညွန်ချုပ်ဆိုတာ သူတစ်‌ယောက်ထဲ စားလို့ရတာ မဟုတ်ပါဘူး။ သူ့အထက်က ဝန်ကြီးနဲ့ တွဲစားတာ ဖြစ်ပါတယ်။ ဒီ‌တော့ ဆက်ထုံးကြတဲ့ “ညွန်ချုပ်”အဆင့်ကိုကိုင်‌တော့ မီးခိုးကြွက်‌လျှောက်ဆိုတဲ့စကားလို “ဝန်ကြီး”ဆိုတဲ့ အ‌ကောင်ကြီးကြီး ငါးကြီး ‌တွေထိပါ ‌ရေ‌ကြော‌မြေ‌ကြော လိုက်လာလိမ့်မယ်လို့ ‌မျှော်လင့်ရပါတယ်။

လာဘ်မစားတဲ့ လူရယ်လို့ မရှိနိုင်ပါဘူး။ လာဘ်ယူတဲ့၊ လာဘ်စားတဲ့ အတိုင်းအတာပမာဏသာ ခြားနားမှာပါ။ အမျိုးသားလွှတ် ‌တော်ဥက္ကဋ္ဌ‌ဟောင်းဖြစ်တဲ့ ဗိုလ်ခင်‌အောင်မြင့်ကိုယ်တိုင်ကလည်း “ဆီးသီးဗန်းကြီး‌မှောက်ပြီး စားကြတယ်”လို့ ‌ဖော်ထုတ်ခဲ့ဖူးတာ ပဲ‌လေ။ စစ်ဗိုလ်ချုပ်ကြီး‌တွေကိုပဲ ကြည့်‌လေ။ သူတို့ကို တိုင်းပြည်က‌ပေးတဲ့ လစာစရိတ်နဲ့ အခုသူတို့‌နေတဲ့ နန်း‌တော်တမျှ အ‌ဆောက်အအုံ‌တွေ၊ အ‌ခြွေအရံ‌တွေနဲ့ ဘယ်လို‌နေနိုင်မှာလဲ။ ဒါ‌တွေဟာ သူတို့ အာဏာယူခဲ့တဲ့၊ ယူထားတဲ့ ၁၉၈၈က‌နေ ယ‌နေ့ ကာလအတွင်း မိဆိုင်ဖဆိုင်လို ရယူခဲ့ကြတဲ့ အကျိုးစီးပွား‌တွေ မဟုတ်လား။ စစ်ဗိုလ်ချုပ်ကြီး‌တွေနဲ့ သူတို့သားသမီး‌တွေမှာ ထားစရာမရှိ‌အောင် ချမ်းသာကြွယ်ဝလာ‌ပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုက‌တော့ ကုန်း‌ကောက်စရာမရှိ‌အောင် မွဲ‌တေခဲ့ရတာ ဟာ ယ‌နေ့မြန်မာပြည်ရဲ့အမြင်သာဆုံး မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့အုပ်စိုးမှုဆိုတာ သူတို့ စစ်အုပ်စုဝင်‌တွေ ချမ်းသာသထက် ချမ်းသာလာပြီး တိုင်းပြည်နဲ့ပြည်သူ‌တွေဟာ မွဲသထက် မွဲပြာကျ‌စေတဲ့ အုပ်စိုးမှုသာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတဦးဝင်းမြင့် ကိုင်တွယ်ရမယ့်ပြဿနာရဲ့ အ‌ခြေခံဇစ်မြစ်ပဲဖြစ်ပါတယ်။ အခု စတင်ကို်င်တွယ်‌နေတဲ့ ကိစ္စ‌လေး‌တွေဟာ ဒီဇစ်မြစ်ပြဿနာကြီးရဲ့ အကိုင်းအခက်၊ ကိုင်းဖျားကိုင်းနား‌လေး‌တွေမျှသာ ရှိပါ‌သေး တယ်။

ဒါ‌ကြောင့် ပင်စည်ပင်မကြီးနဲ့ ဇစ်မြစ်ကို ကိုင်တွယ်နိုင်ဖို့လိုပါတယ်။ အကိုင်း‌လေး‌တွေ‌လောက်ကိုပဲ ဖြတ်‌တောက်‌ပေး‌နေမယ်၊ တိရိ‌ပေး‌နေမယ်ဆိုရင် သစ်ပင်သဘာဝလိုပဲ ပင်စည်ပင်မကြီး တုတ်ခိုင်စည်ပင်လာဖို့ အား‌ပေးသလို ဖြစ်သွားပါလိမ့်မယ်။

ယခုအခါ သမ္မတဦးဝင်းမြင့်နဲ့ တရားဥပ‌ဒေစိုးမိုး‌ရေးကို စမ်းသပ်မယ့် ပြဿနာတစ်ရပ်လည်း ‌ပေါ်‌ပေါက်‌နေပါတယ်။
ဒါက‌တော့ “ရိုက်တာ သတင်း‌ထောက် ကိုဝလုံးနဲ့ ကိုု‌ကျော်စိုုးဦးတို့ နှစ်ဦးကိုု လုံခြုံ‌ရေးစာရွက်စာတမ်း‌တွေ‌ပေးပြီး ‌ထောင်ဖမ်းခဲ့ တာဖြစ်တယ်”လို့ ရန်ကုုန်‌မြောက်ပိုုင်းခရိုင်၊ အင်းစိန်မြို့နယ် တရားရုံးမှာ တရားလိုသက်‌သေဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆို လိုက်တဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒီအမှုဟာ ရခိုင်ပြည်နယ်၊ အင်ဒင်း‌ကျေးရွာသုဿန်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ဆက်နွယ်‌နေလို့ ပိုပြီး‌တော့ ဂယက် ကြီးပါတယ်။ နိုင်ငံတကာစာနယ်ဇင်း‌တွေကလည်း အ‌လေးထားအာရုံစိုက်‌နေတဲ့ အမှုအခင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်‌ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဝင်းထိန်က ဒီဇင်ဘာလ ၁၈ရက်‌နေ့ကတည်းက သူ့အမြင်ကို သူ့ထုံးစံအတိုင်း ‌ပြောဆိုခဲ့တာပါ။ ဒါကို အများက ထိုက်သင့်တဲ့ အ‌လေးထားမှု မရှိခဲ့ကြဘူး။ ဒီကိစ္စမှာ ဦးဝင်းထိန်က သူ့ပါးစပ်က‌နေ အထင်နဲ့စွတ်ရွတ်ပြီး ‌ပြောခဲ့ တာ မဟုတ်ဘူး။ စစ်တပ်ရဲ့အထာ၊ ရဲရဲ့ ရဲကျင့်၊ ရဲစရိုက်‌တွေကို သိထားတဲ့ အထိုင်‌ပေါ်က‌နေ ‌ပြောလိုက်တာပါ။ မနှစ်က ဒီဇင် ဘာ ၁၈ရက်မှာ သူ‌ပြောခဲ့တာကို ‌ကောက်နုတ်ပြပါရ‌စေ။

“အဲဒီလိုအဖမ်းခံရတာ မ‌ကောင်းဘူး။ ဒါ‌ပေမယ့် ကိုယ်ထင်တာ‌တော့ ‌ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာ တမ်း‌တွေနဲ့ မိတယ်‌လေ။ အဲဒီစာရွက်စာတမ်း‌တွေက သူနဲ့အတူ ထမင်းစားပြီးကတည်းက အဲဒီရဲ‌တွေဆီက ရတယ်လို့ သိရ တယ်။ ထွက်သွားပြီး တစ်‌နေရာကျ‌တော့မှ အဖမ်းခံရတယ်။ လက်ပူးလက်ကြပ်မိတယ်။ သတင်း‌ထောက်လုပ်ပြီး အဲဒီ‌လောက် ‘အ’ ရလား ကိုယ် ‌မေးချင်တယ်။ လျင်ရမယ်‌လေ”တဲ့။

အခု‌တော့ ဦးဝင်းထိန် အထင်မှန်‌ကြောင်း၊ ရဲအတွင်းစည်းထဲက ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုလာသွားခဲ့ပြီ။ တခြား မ‌ပြောနိုင်‌ပေမယ့် ဒီကိစ္စမှာ ရဲချုပ်၊ ရဲမှူးချုပ်စတဲ့ အ‌ကောင်ကြီး‌တွေ ‌နောက်ကွယ်က‌နေ ပါဝင်ပတ်သက်‌နေတယ်ဆိုတဲ့ အချက် ကို‌တော့ လူတိုင်း မြင်နိုင်စဉ်းစားနိုင်ပါတယ်။

ဒါ့အပြင် အခုလို အရဲစွန့်ပြီး၊ တနည်းအားဖြင့် (ရဲတပ်ဖွဲ့ဝင်‌တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ်) လို့ ‌ပြောသွားတဲ့ ဒုရဲမှူးမိုးရန်နိုင်ဟာ နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်ရဲ့မိန့်ခွန်းထဲက “ယိမ်းယိုင်‌နေတဲ့ တရားစီရင်‌ရေးကို တည့်မတ် ရပါလိမ့်မယ်၊ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါ လိမ့်မယ်။ မူးယစ်‌ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့်မယ်” ဆိုတဲ့အချက်‌တွေကို ‌လေး‌လေးနက်နက် ယုံကြည်လို့လည်း ဖြစ်‌ကောင်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မတရားမှုနဲ့ ဥပ‌ဒေကို အလွဲသုံးစားလုပ်မှုကို‌တော့ သမ္မတကြီးအ‌နေနဲ့ ပြတ်သားထိ‌ရောက်စွာ ကိုင်တွယ် ပြသ ရ‌တော့မှာပါ။ ဒီကိစ္စမှာ ဒုရဲမှူးမိုးရန်နိုင်ရဲ့ “အသက်နဲ့ ဂုဏ်သိက္ခာ”ဟာ သမ္မတကြီးရဲ့အခွင့်အာဏာအ‌ပေါ်မှာ တည်‌နေပါတယ်။ ပျက်ရယ်ပြုခံရတဲ့ ‌လောင်း‌ကြေးသဖွယ် ဖြစ်မသွားဖို့ လိုအပ်ပါတယ်။

ရဲရင့်‌သော ‌ရှေ့‌နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု၊ ဦးဘိုဘိုမင်းသိုက်သတ်ဖြတ်ခံရမှု၊ ရိုက်တာသတင်း‌ထောက်နှစ်‌ယောက် အမှု၊ ငါး‌လောင်းပြိုင်လူသတ်မှု စတဲ့စတဲ့ အမှု‌တွေဟာ တရားဥပ‌ဒေ၊ အဂတိလိုက်စားမှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု စတဲ့ နယ် ပယ် သုံးခုစလုံးကို ဆိုးဆိုးဝါးဝါး ချိုး‌ဖောက်တဲ့၊ ‌စော်ကားစိန်‌ခေါ် အကဲစမ်း‌နေတဲ့ ပြစ်မှု‌တွေပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် သမ္မတကြီးရဲ့ ပြတ်သားမှုကို အကဲစမ်း စိန်‌ခေါ်‌နေတာလည်း ဖြစ်ပါတယ်။

ညွှန်း
– ပြည်‌ထောင်စုလွှတ်‌တော်တွင် ပြုလုပ်သည့် ကတိသစ္စာပြုပွဲ အခမ်းနား၌ သမ္မတဦးဝင်းမြင့်‌ပြောကြားချက် မြန်မာ့အလင်းသတင်းစာ (၃၀-၃-၂၀၁၈)

– “အစားအ‌သောက်နှင့် ‌ဆေးဝါးကွပ်ကွဲ‌ရေး ဦးစီးဌာန ညွန်ကြား‌ရေးမှူးချုပ်အား အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး‌ကော်မရှင်မှ အမှုဖွင့်” မြန်မာ့အလင်းသတင်းစာ (၂၁-၄-၂၀၁၈)၊ စာမျက်နှာ ၁၂

– “ရိုက်တာသတင်းဌာနမှ မြန်မာသတင်း‌ထောက်နှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စသည် ‌ထောင်ဖမ်းခံရသည်ဟုထင်‌ကြောင်း ဦးဝင်း ထိန် ‌ပြောကြား” (http://news-eleven.com/news/26756) (18-12-2017)

– (RFA) – ရိုက်တာသတင်း‌ထောက်‌တွေကို ‌ထောင်‌ချောက်ဆင် ဖမ်းဆီးဟု‌ပြော (20-4-2018)