Home သတင်း ဖွဲ့စည်းပြီးသား စစ်ဘက်‌ရေးရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့(MANT)ဖြင့်သာ ဖာပွန်ကိစ္စကို ဆက်လက်ညှိနှိုင်းမည်ဟု KNU ဆို

ဖွဲ့စည်းပြီးသား စစ်ဘက်‌ရေးရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့(MANT)ဖြင့်သာ ဖာပွန်ကိစ္စကို ဆက်လက်ညှိနှိုင်းမည်ဟု KNU ဆို

2200

ဧပြီလ ၂ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

အစိုးရတပ်မ‌တော်မှ ‌ရွှေ့ဆိုင်းလိုက်သည့် ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်‌သော တပ်ပိုင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲကို ညှိနှိုင်း ‌ဆွေး‌နွေးရာ၌ KNU-ကရင်အမျိုးသားအစည်းအရုံး(ဗဟို)မှဖွဲ့စည်းပြီးသား စစ်ဘက်‌ရေးရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့(Military Affair Negotia-tion Team – MANT) ဖြင့်သာ ဆက်လက် ညှိနှိုင်း‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း KNU(ဗဟို)မှ သ‌ဘောထားထုတ်ပြန် ‌ပြောဆို လိုက်သည်။

ယခုနှစ် မတ်လ ၂၉၊ ၃ဝရက်‌နေ့တွင်း ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်၊ ‌ညောင်‌လေးပင်ခရိုင်၊ KNU တပ်မဟာ ၃ ဆက်ဆံ‌ရေးရုံး တွင် ပြုလုပ်ရန်စီစဉ်ထား‌သော တပ်ပိုင်းဆိုင်ရာ‌ဆွေး‌နွေးပွဲကို အစိုးရတပ်မ‌တော်ဘက်က ‌ဆွေး‌နွေးပွဲတွင် KNU တပ်မဟာ(၅)မှူး ပါဝင်မှုမရှိခြင်း‌ကြောင့် ‌ဆွေး‌နွေးပွဲကို ‌ရွှေ့ဆိုင်းလိုက်ခြင်းအ‌ပေါ် ‌ဆွေး‌နွေးပွဲကို ဆက်လက်ညှိနှိုင်းသွားရန်လိုအပ်‌ကြောင်း KNU၏ ဒုတိယ ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

၎င်းက “အဓိက က‌တော့ ‌တွေ့ဆုံမှုက ‌ရွှေ့ဆိုင်းတဲ့သ‌ဘောကိုး။ အဲ့စာထဲမှာပါတဲ့အတိုင်းပဲ သက်ဆိုင်ရာ အစိုးရ တပ်မ‌တော် ဘက်က‌နေပြီး‌တော့ ကျ‌နော်တို့ စစ်ဘက်‌ရေးရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့‌ခေါင်း‌ဆောင်ကို အသိ‌ပေးတာက‌တော့ သူတို့ထဲမှာ တပ်မဟာ(၅)မှူးမပါတဲ့အတွက်‌ကြောင့်‌ရွှေ့ဆိုင်းတယ်။ ‌ကောင်းပြီး ဒါဆိုလည်း ကျ‌နော်တို့က‌တော့ ဒီညှိနှိုင်း‌ရေးအဖွဲ့နဲ့ပဲဆက်ပြီး သွားမှာဖြစ်တဲ့အတွက်‌ကြောင့်မိုလို့ ဒီ ညှိနှိုင်း‌ရေးအဖွဲ့နဲ့ ဆက်လက်‌တွေ့နိုင်ဖို့က‌တော့ ဆက်လက်ညှိနှိုင်းသွားရမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မိမိတို့ဖွဲ့စည်းထားသည့် စစ်ဘက်‌ရေးရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့တွင် တပ်မဟာ (၅)မှူး မပါဝင်‌သော်လည်း တပ်မဟာ (၅)မှ ရုံးထိုင်မှူးနှင့် ‌ဒေသဆိုင်ရာ တပ်မှူးပါဝင်‌နေပြီးဖြစ်‌သော‌ကြောင့် တပ်မဟာ(၅)မှူး ပါဝင်ခြင်း မပါဝင်ခြင်းထက် ၎င်းတို့ဖွဲ့စည်း ထားသည့် အစုအဖွဲ့အ‌ပေါ် တပ်မ‌တော်ဘက်မှ အသိအမှတ်ပြုသင့်‌ကြောင်းလည်း ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

တပ်ပိုင်းဆိုင်ရာညှိနှိုင်း‌ဆွေး‌နွေးပွဲသို့တက်‌ရောက်ရန် ဖွဲ့စည်းထားသည့် စစ်ဘက်ဆိုင်ရာညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့ တွင် တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောအယ်ကလူသိန်း၊ တွဲဘက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်၊ စစ်ဦးစီးပထမတန်း ဗိုလ်မှူးချုပ် ‌စောတာမလာ‌သော၊ တပ်မဟာ(၂) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောဒဲဖိုး၊ တပ်မဟာ(၁) စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီး‌စောပ‌လေ့၊ တပ်မ ဟာ(၇) စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ တပ်မဟာ(၅) တပ်‌ရေးဗိုလ်၊ ဗိုလ်မှူး‌စောကလယ်ဒို့ အစရှိသည့် ထိပ်တန်းအရာရှိ (၇)ဦးဖြင့် KNU ဗဟိုမှ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၇ရက်‌နေ့က ဖွဲ့စည်းတာဝန်‌ပေးထားခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

တပ်မ‌တော်ဘက်မှ ‌ရွှေ့ဆိုင်းလိုက်သည့် နှစ်ဖက်တပ်များအကြား ပြုလုပ်မည့် ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်သည့် တပ်ပိုင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲသည် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-U)၏ ၁၅ကြိမ် ‌မြောက် ပုံမှန်အစည်းအ‌ဝေးမှ သ‌ဘောတူဆုံးဖြတ်ထားခြင်းဖြစ်သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် လက်တ‌လော ဖာပွန်‌ဒေသတွင် ဖြစ်ပွား‌နေ‌သော တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်ရန် တပ်ရင်းသစ်များ ‌စေလွှတ်မှုနှင့်ပတ်သက်သည့် နှစ်ဖက်စစ်‌ရေးတင်းမာမှု အပါအဝင် နှစ်ဖက်ညှိနှိုင်း‌ဆွေး‌နွေးရန် လိုအပ်သည့် အ‌ကြောင်းအရာ များကို ‌ဆွေး‌နွေးရန်စီစဉ်ထားပြီး ‌ဆွေး‌နွေးပွဲကိုဆက်လက်ပြုလုပ်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(JMC) လမ်း‌ကြောင်းနှင့် ရှိနှင့်ပြီးသား ဆက်သွယ်မှုများဖြင့် ဆက်လက်ညှိနှိုင်းသွားမည်ဟု KNU က ဆိုသည်။

ဖာပွန်‌ဒေသတွင် ယခုနှစ် မတ်လဆန်းပိုင်းက နှစ်ဖက်ထိ‌တွေ့မှုများ‌ကြောင်း ဖာပွန်ခရိုင်အတွင်းရှိ ‌ဒေသခံနှစ်‌ထောင်နီးပါး စစ် ‌ဘေး‌ရှောင်‌နေရပြီး လက်ရှိအချိန်ထိလည်း ‌နေရပ်မပြန်နိုင်‌သေး‌ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်ကို စုံစမ်းစစ်‌ဆေးရန် JMC-U ၏ တာဝန်‌ပေးအပ်ချက်အရ JMC အရပ်သား ၄ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ မတ်လ (၁၉)ရက်မှ (၂၁)ရက်‌နေ့အထိ တပ်မ ဟာ(၅) ဌာနချုပ်ရှိရာ ဖာပွန်ခရိုင်၊ ‌ဒေ့ဘိုနို့ရွာသို့ သွား‌ရောက်စုံစမ်း ‌လေ့လာခဲ့ကြပြီး ခရီးစဉ်အစီရင်ခံစာအား ၁၅ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးသို့ တင်ပြခဲ့ကြသည်ဟုလည်း သိရသည်။