Home သတင်း ဖားအံမြို့တွင် ဆဋ္ဌမအကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာညီလာခံ စတင်ကျင်းပပြီ

ဖားအံမြို့တွင် ဆဋ္ဌမအကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာညီလာခံ စတင်ကျင်းပပြီ

2194

ဧပြီလ ၂၇ ရက် ၊ ၂၀၁၈ ။ နန့်ဘွားခလိန်

ဆဋ္ဌမအကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာညီလာခံကို ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ယ‌နေ့ ဧပြီလ ၂၇ ရက်‌နေ့မှ စတင်ကာကျင်းပ‌နေပြီးဖြစ်သည်။

ယ‌နေ့ကျင်းပသည့်ပွဲတွင် ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့် ၊ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်‌ထွေးမြင့် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှကိုယ်စားလှယ်များ ၊ တိုင်းရင်းသားသတင်းဌာနများမှ ကိုယ်စားလှယ်များ ၊ မီဒီယာသမားများ အပါအဝင် စုစု‌ပေါင်းလူဦး‌ရေ ၂၀ဝ ‌ကျော် ပါဝင်တက်‌ရောက်ခဲ့ပါသည်။

အခမ်းအနားဖွင့်ပွဲ ပထမ‌နေ့ အစီအစဉ်အရ BNI Multimedia Group မှ နိုင်က‌ဆော့မွန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ‌ပြောကြားခြင်း၊ ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့်၊ ပြည်‌ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်၊ KNU မှ ပဒို‌စောသမိန်ထွန်း နှင့် ကျင်းပ‌ရေး‌ကော်မတီ နန်း‌ဖော့‌ဂေတို့မှ အမှာ စကား‌ပြောကြားမည်ဖြစ်သည်။

ထို့အပြင် “တိုင်းရင်းမီဒီယာ‌ရေရှည်တည်တံ့‌ရေး မီဒီယာဆိုင်ရာ အသိမြှင့်တင်‌ရေး” ‌ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ညီလာခံ ပထမ‌နေ့တွင် မီဒီယာဆိုင်ရာ စာတမ်း ၄ ‌စောင်တင်သွင်းဖတ်ကြားခြင်းအပြင် ပြည်နယ်တစ်ခု ချင်းစီတွင် ‌တွေ့ကြုံ‌နေရ သည့်အ‌ခြေအ‌နေများ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် မီဒီယာလိုအပ်ချက်များ အပါအဝင် ဖြန့်ချိ‌ရေးနှင့်‌ဈေးကွက်အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးသွားကြမည်ဖြစ်သည်။

ယင်းမီဒီယာညီလာခံကို ဧပြီ ၂၇ ရက်မှ ၂၉ရက်‌နေ့ အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။