Home သတင်း ထိုင်းအထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားသားအမိနှစ်ဦးကို အိမ်ရှင်မှရိုက်နှက်မှုဖြစ်ပွား

ထိုင်းအထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားသားအမိနှစ်ဦးကို အိမ်ရှင်မှရိုက်နှက်မှုဖြစ်ပွား

2367

ဧပြီ ၅ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ မယ်ပတိုက်နယ်၊ တစ်ဆယ်ရပ်ကွက်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်‌နေသည့် မြန်မာ‌ရွေ့‌ပြောင်း အလုပ်သမတစ်ဦးနှင့် ၎င်း၏မိခင်ကို အိမ်ရှင်လင်မယားမှ အိမ်ငှားစ‌ပေါ်‌ငွေ ပြန်လည် ‌တောင်းယူမှု အ‌ပေါ်မ‌ကျေ နပ်သည့်အတွက် ရိုက်နက်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အိမ်ပိုင်ရှင် သူ‌ဌေး နိုင်ဝီထရာ(ထိုင်းနိုင်ငံသား)၏ ဇနီးဖြစ်သူမ‌အေးက အဆိုပါ‌ရွှေ့‌ပြောင်းမြန်မာမိသားစုအား ‌ပြောင်း‌ရွှေ့ခိုင်းသည့်အပြင် ၎င်းတို့ပြန်‌ပေးရမည့် စ‌ပေါ်‌ငွေ(၁၈၀၀)ဘတ်ကို ဧပြီလ ၁ ရက်‌နေ့ည‌နေက မ‌ပေးနိုင်‌ကြောင်း ‌ပြောဆိုပြီး ရိုက်နက်‌မောင်း ထုတ်ခြင်းဖြစ်‌ကြောင်း ရိုက်နှက်ခံရသူ ၏မိ ခင်ဖြစ်သည့် မမြင့် (နာမည်လွဲ) ကယခုလို‌ပြောသည်။

“သူတို့က အိမ်‌ရွှေ့ဆိုလို့ ကိုယ်လည်း ‌ရွှေ့မယ်ဆိုပြီး စ‌ပေါ်‌ငွေသွား‌တောင်းတာ။ စ‌ပေါ်သွား‌တောင်းတာကို လှမ်း ထွက်ပြီး‌တော့ ဆီးရိုက်ထည့်လိုက်တာပဲ။ ပြန်လာတဲ့လမ်းမှာသမီးကိုလိုက်ရိုက်တာ သူ့မိန်းမက။ လက်‌တွေ ဘာ‌တွေလိမ်ချိုး၊ပါး‌တွေရိုက်ပြီး‌တော့မှ လူ‌တွေဆွဲလို့ အိမ်ကိုပြန်သွားတယ်။ ‌နောက်‌တော့ သူ့‌ယောက်ျားလိုက် လာပြီး ကျမတို့သားအမိနှစ်‌ယောက်လုံးကို တခါ ထပ်ပြန်ရိုက်တယ်” ဟု ၎င်းက‌ပြောသည်။

ရိုက်နက်ခံရမှု‌ကြောင့် သမီးဖြစ်သူတွင် လက်အရိုးအဆစ်‌ယောင်ယမ်းဒဏ်ရာနှင့် မိမိတွင် ‌ခြေ‌ထောက်၊ ခါး၊ တင်ပါးများတွင် အတွင်း‌ကြေနာကျင်ဒဏ်ရာများရရှိထားသည့်အပြင် အိမ်ရှင်သူ‌ဌေးလင်မယား၏ အသက် အန္တရယ်ပြုမည့် ခြိမ်း‌ခြောက်‌ပြောဆိုမှုများ‌ကြောင့် လက်ရှိတွင် လုံခြုံနိုင်သည့်‌နေရာသို့‌ပြောင်း‌ရွှေ့ခဲ့ရ ‌ကြောင်းမိခင်ဖြစ်သူကဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်တာဝန်ရှိသူများနှင့် ‌ဖြေရှင်းမှုများပြုလုပ်ခဲ့ရာတွင်လည်း တစ်စုံတစ်ရာ အ‌ရေးယူမှု၊ ‌ဆေးကုသစရိတ်ပင်မရရှိပဲ ခြိမ်း‌ခြောက်‌ပြောဆိုမှုများ ရှိသည့်အတွက် ၎င်းကို ထိုင်းဥပ‌ဒေ‌ကြောင်း အရအ‌ရေးယူနိုင်‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူ မြန်မာပြည်သား များအ‌ရေးပူး တွဲလှုပ်ရှား မှု ‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ယခုလို‌ပြောသည်။

“ထိုင်းနိုင်ငံရဲ့ ရာဇဝတ်မှုဥပ‌ဒေ (BE-2544)အရ ‌ပြောမယ်ဆိုရင် ဒါက အလုပ်ရှင်အလုပ်သမားမဟုတ်‌တော့ဘူး။ အိမ်ရှင် အိမ်ငှား မှာ ကိုယ်ထိလက်‌ရောက်ပြုမှုတဲ့အတွက် ‌လျှော်‌ကြေးက‌တော့ အများကြီးမရဘူး။ ထိုင်းနိုင်ငံ သားတစ်‌ယောက်က ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်‌ယောက်ကို ကျူးလွန်တာဖြစ်တဲ့အတွက် ‌လျှော်‌ကြေးက တစ်‌ထောင်က‌နေ သုံး‌ထောင်အထိပဲ‌ပေးပိုင်ခွင့်ရှိတယ်။ တကယ်လို့သာ ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦးက ထိုင်းနိုင်ငံသားတစ်ဦးကိုကျူးလွန်ရင် ဆယ်ဆက‌နေ နှစ်ဆယ်ဆအထိပြန်‌ပေးရမယ်” ဟု‌ကေအိုင်စီသို့‌ပြော သည်။

ထို့သို့အ‌ရေးယူ‌ဆောင်ရွက်နိုင်‌သော်လည်း ကျူးလွန်ခံရသူ မိသားစုအ‌နေဖြင့် ကျူးလွန်သူများနှင့် မပတ်သက် လို‌တော့သည့်အတွက် ကာယကံရှင်များ၏ ဆန္ဒအရ ကူညီ‌ဆောင်ရွက်မ‌ပေးနိုင်ခဲ့ ‌သော်လည်း အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားနိုင်‌အောင် ထိုင်းဥပ‌ဒေ‌ကြောင်းအရ အ‌ရေးယူ‌ဆောင်ရွက်မှုကို ပြုလုပ်သင့်‌ကြောင်းလည်း ဦးမိုးကြိုးကဆက်‌ပြောသည်။

အလားတူ ထိုင်းအလုပ်ရှင်များမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ပေါ် ဥပ‌ဒေမဲ့ ရိုက်နက်မှု၊‌သေနတ်‌ဖောက် ခြိမ်း‌ခြောက်မှု ဖြစ်ရပ်များ တာ့ခ်ခရိုင်အတွင်း မကြာခနဆိုသလိုဖြစ်ပွား‌လေ့ရှိပြီး လွန်ခဲ့သည့် နှစ်များအတွင်း မဲ‌ဆောက်နှင့်မယ်ပတိုက်နယ်၌ ထိုင်းအလုပ်ရှင်မှ မြန်‌ရွှေ့‌ပြောင်းအလုပ်သမား(၃)ဦးကို လုပ်အားခမ‌ပေး ချင်‌သော‌ကြောင့် ‌သေနတ်မိုး ‌ထောင်ပစ်ခတ်ခြိမ်း‌ခြောက်မှုနှင့် သခွားခြံအလုပ်သမားများကို ရန်စ‌ပြောဆို၍ ‌သေနတ်မိုး‌ထောင်ပစ်ခတ် ခြိမ်း‌ခြောက်မှုများဖြစ်ပွားမှုရှိခဲ့‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများ က‌ပြောသည်။