Home အမြင်သဘောထား တိုင်းရင်းသားမီဒီယာ အခန်းကဏ္ဍအ‌ပေါ် သူတို့အမြင်

တိုင်းရင်းသားမီဒီယာ အခန်းကဏ္ဍအ‌ပေါ် သူတို့အမြင်

2705

‌ပြောင်းလဲလာသည့် မြန်မာနိုင်ငံ‌ရေးအ‌ခြေအ‌နေအ‌ပေါ် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မီဒီယာအ‌ရေးကျွမ်းကျင်သူများ၏ သုံးသပ်‌ပြောဆို အကြံ‌ပေးမှုများကို စုစည်းတင်ပြလိုက်ပါသည်။

‌ဒေါ်တင်ထား‌ဆွေ BBC (အငြိမ်းစားဌာနမှူး)


မီဒီယာ‌တော့ဖွံ့ဖြိုးဖို့လိုတယ် ။ ဘယ်မီဒီယာဘဲဖြစ်ဖြစ် သတင်း‌ထောက်‌တွေ့ရဲ့အရည်အ‌သွေး‌တွေ ပို‌ကောင်းဖို့လိုတယ်။ ‌နောက်ပြီး‌တော့ မီဒီယာ‌တွေခိုင်မာဖို့လိုတယ်။ အဲဒီလိုဖြစ်ဖို့ဟာ‌တော့ အ‌ထောက်အကူ‌တွေ အများကြီးဖြစ်ဖို့လိုတယ်။ အ‌ထောက်အကူ‌တွေအများကြီးလိုတဲ့အပြင် သတင်း‌ထောက်‌တွေကိုယ်တိုင်ကလည်း ကိုယ်လုပ်တဲ့အလုပ်ကို စိတ်ဝင်စားဖို့ လိုတယ်။

အဲဒီ‌တော့ အကျဉ်းချုပ်‌ပြောရမယ်ဆိုရင်‌တော့ အ‌ထောက်အကူ‌တွေ ဘယ်လိုအ‌ထောက်အကူလဲဆို‌တော့ အယ်ဒီတာ‌ကောင်းလိုတယ်။ ‌နောက်ပြီး‌တော့ အဲဒီသတင်း‌ထောက်ကိုယ်တိုင်ကလည်း အလုပ်ထဲမှာ စိတ်ပါ လက်ပါ စိတ်ဝင်စားမှုရှိ‌အောင် လုပ်ချင်‌အောင်လို့ သူ့ကိုလည်း အဲဒီလိုဖန်တီးဖို့လိုတယ်။ အဲဒီ‌တော့ မီဒီယာဖွံ့ဖြိုးဖို့ဆိုတာက တိုင်းရင်းသားမီဒီယာ‌တွေမကဘူး။ ပင်မမီဒီယာ‌တွေ‌ကော ဘယ်မီဒီယာဘဲဖြစ်ဖြစ် ဖွံ့ဖြိုးဖို့လိုတယ်။ ဖွံ့ဖြိုးဖို့ကလည်း ‌ခေတ်နဲ့ စနစ်နဲ့ ‌ပြောင်းလဲ‌နေတဲ့အ‌ခြေအ‌နေကိုလည်း စဉ်ဆက်မပြတ်သုံးသပ်ပြီး‌တော့ အဲဒီအ‌ခြေအ‌နေနဲ့‌ပေါ့ အထူးသဖြင့် အခု‌ခေတ်ဒီလို နည်းပညာ‌ပြောင်းလဲ‌နေတဲ့အချိန်မှာ အဲဒါကိုလည်း အမှီလိုက်ဖို့လိုတယ်။

‌နောက်ဆုံးတစ်ချက်က‌တော့ ကိုယ်တင်ပြ‌နေတဲ့သတင်း‌တွေဟာ တကယ်‌ကော ကိုယ် တင်ပြချင်တဲ့ ပရိဿတ်ဆီ‌ရောက်ရဲ့လား ။ ပရိဿတ်က‌ကော နှစ်ခြိုက်ရဲ့လား ဒီသတင်းအချက်အလက်‌တွေက သူတို့လိုချင်တဲ့ သတင်းအချက်အလက်‌တွေဖြစ်ရဲ့လား ဆိုတာ အမြဲတမ်းသုံးသပ်‌လေ့လာပြီး‌တော့ ကိုယ်က အသင့်ပြင်ထားမယ်ဆိုလို့ရှိရင် မီဒီယာ‌တွေက ဘယ်နည်းနဲ့မဆို ဖွံ့ဖြိုးလာမှာပါ။

မြန်မာနိုင်ငံအတွက် တိုင်းရင်းမီဒီယာဟာ အင်မတန်မှ လိုအပ်ပါတယ်။ လိုအပ်ရုံတင်မကဘူး ၊ အင်မတန်မှ အ‌ရေးကြီး တယ်ဆိုတာ ကျမက ယူဆပါတယ်။ ဘာ့‌ကြောင့်လဲဆိုလိုရှိရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု‌တွေအများ အပြား‌နေ ထိုုင်‌နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ‌တော့ ဒီလူမျိုးစု အားလုံးဟာ မြန်မာစကားတစ်ခုထဲ‌ပြောတာ မဟုတ်ပါဘူး။ တတ်လည်း မတတ်ပါဘူး။ အဲဒီ‌တော့ သူတို့ဆီကို သိသင့်သိထိုက်တဲ့ အချက်အလက်‌တွေ ‌ပေးပို့ဖို့ဆိုတာ ဒီတိုင်းရင်းသား ဘာသာစကားတစ်ခုနဲ့သာလျှင် သူတို့တတ်ကျွမ်းတဲ့ နားလည်တဲ့ တိုင်းရင်းသားဘာသာစကားနဲ့သာလျှင် သူတို့ဆီကို အ‌ရောက်‌ပေးပို့နိုင်မှာဖြစ်ပါတယ်။

အဲဒိ‌တော့ ဒီလို‌ပေးပို့ခြင်း အားဖြင့် သတင်းအချက်အလက်‌တွေရရှိထားပြီဆိုလို့ရှိရင် ဗဟုသုတ‌တွေတိုးပွား လာပြီးဆို လို့ရှိရင် ဒီတိုင်းရင်းသားနယ်‌မြေမှာ ‌နေထိုင်‌နေတဲ့ ‌ဒေသခံ‌တွေအ‌နေနဲ့ သူတို့ဘာပဲဆုံးဖြတ်ဆုံးဖြတ် သူတို့ရရှိတဲ့ အချက်အလက် သူတို့ရှိတဲ့ ဗဟုသုတ‌ပေါ် အ‌ခြေခံပြီး‌တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်‌တွေကို ဆုံးဖြတ်‌ပေးနိုင်မှာဖြစ်ပါတယ်။
==========================================================

‌ဇေယျာလှှိုင် (မြန်မာဂျာနယ်လစ်ကွန်ယက်‌ကော်မတီဝင်- ‌မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ)


မြန်မာနိုင်ငံအ‌ပြောင်းအလဲဖြစ်ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ၂၀၀၈ အ‌ခြေခံဥပ‌ဒေအရ ၂၀၁ဝ ‌ရွေး‌ကောက်ပြီး ‌နောက်ပိုင်းမှာ ဒီတိုင်းရင်းသား မီဒီယာ‌တွေ‌ပြောင်းလဲမှုဟာ မြင်လာပါတယ်။ မြင်တယ်ဆိုတာက အရင်တုန်းက ပြည်ပမှာ‌နေရတဲ့ တိုင်းရင်းသားမီဒီယာ‌တွေကလည်း ဒီပြည်တွင်းမှာ ပြန်လာဝင်လို့ရသလို ‌နောက်မီဒီယာအသစ်‌တွေလည်း ‌ပေါ်လာတယ်။ ချင်းပြည်နယ်မှာဆိုရင် မီဒီယာ‌တော်‌တော်များများ‌ပေါ်လာတယ်။ အဲဒါ‌ကောင်းတဲ့လက္ခဏာဘဲ။ ဒါ‌ပေမယ့် ‌ရေရှည်ရပ်တည်‌ရေးက စိန်‌ခေါ်မှု‌တွေရှိ‌နေပါတယ်။

နိုင်ငံ‌ရေး‌ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသား ‌ဒေသဘက်ကအသံ‌တွေ အရင်က ထက်စာလို့ရှိရင် ပိုပြီးကြားလာရတယ်။ ဒါက‌ကောင်းတဲ့လက္ခဏာပါ ။ ဒါ‌ပေမယ့် ဒါကို ‌ရေရှည်ထိန်းသိမ်းဖို့တွက်က ကျ‌နော်တို့က ‌ပေါ်လစီ‌တွေ လုပ်ရမယ့် နည်း‌တွေလိုပါ‌သေးတယ် ။ အဲဒီတစ်ချက်က လက်ရှိ ကျ‌နော်တို့က ဒီ‌နေရာကို ‌ရောက်တာ‌ပေါ့‌လေ။ ‌ရေရှည် ဘယ်လိုလုပ်ရမလဲ ‌မေးခွန်းရှိတာ‌ပေါ့‌လေ ။ ဒါကိုအ‌ဖြေ‌ပေးနိုင်ဖို့ အခုလိုမျိုး ညီလာခံက‌နေပြီး‌တော့ ဝိုင်း‌ဆွေး‌နွေးတဲ့အ‌ခြေ‌နေ‌ပေါ့‌နော်၊ ဆို‌တော့ ‌ပေါ်လစီ‌တွေလိုပါ‌သေးတယ်။

တိုင်းရင်းသားမီဒီယာ‌တွေ ‌ရေရှည်တည်တံ့‌စေချင်တယ်ဆိုလို့ရှိရင် ဒီအ‌ခြေ‌နေ‌တွေကို ပို‌ကောင်း‌စေချင်တယ်ဆိုလို့ရှိရင် (၁) တစ်ခုက‌တော့ ‌ငွေ‌ရေး‌ကြေး‌ရေး ရပ်တည်မှုနဲ့ ‌နောက်တစ်ခုက‌တော့ လူစွမ်းအားအရင်းအမြစ်‌တွေ သတင်း အတတ် ပညာကို ‌သေချာပိုင်နိုင်တဲ့ တိုင်းရင်းသား‌ဒေသမှာရှိတဲ့ သတင်းစာဆရာ‌တွေ‌ပေါ်ထွက်လာဖို့ အ‌ရေးဒီနှစ်ခု‌ပေါ့။ ဒါက‌တော့ အဓိကအ‌ခြေခံကျတယ်။ ‌နောက်တစ်ခုက‌တော့ ဒီဥပ‌ဒေပိုင်းဆိုင်ရာအရ လုပ်ခွင့်သာ‌အောင်‌ပေါ့၊ ဒီတိုင်းရင်းသား ‌ဒေသ‌တွေ မှာက မတူညီတဲ့ ဘာသာစကား‌တွေအများကြီးရှိတယ်။

ပြည်မမှာ အ‌ခြေစိုက်တဲ့ မီဒီယာအများစုက‌တော့ မြန်မာဘာသာစကားသုံးကြတာကိုး။ ဒါလည်း လူအများစုဖြစ်တယ်‌လေ။ ဒါက တိုင်းရင်းသား‌ဒေသက လူထုအတွက်ကို အချက်အလက်‌ပေး ချင်တယ်ဆိုလို့ရှိရင်‌တော့ သူတို့နားလည်နိုင်မယ့်ဘာသာစကားနဲ့ သွားရမယ့် မီဒီယာ‌တွေ‌ပေါ်ထွက်လာဖို့ အ‌ရေးကြီးတယ်။ ကျ‌နော်တို့ဒီ‌ဆွေး‌နွေးမှုရလဒ်ဆိုလို့ရှိရင်‌တော့ FM ‌ရေဒီယိုလိုင်း‌တွေ‌ပေါ့‌နော်၊ ဒီလိုင်း‌တွေက လူထုကို ပိုပြီး‌တော့ လက်လှမ်းမှီသာပိုများတယ်။ အဓိက ဒီလို မျိုးလုပ်နိုင်မယ့် ရုပ်သံလိုင်းဥပ‌ဒေ မျိုး‌တွေ မြန်မြန်‌ပေါ်လာလို့ရှိရင်‌တော့ တိုင်းရင်းသားမီဒီယာရပ်တည်‌ရေးမှာ အား‌ကောင်းလာမယ်လို့ ကျ‌နော်က မြင်ပါတယ်။

ဦးမြင့်‌ကျော် (မြန်မာနိုင်ငံ သတင်းမီဒီယာ‌ကောင်စီအဖွဲ့ဝင်)


ကျ‌နော့်အထင်မှာ‌တော့ NLD အစိုးရလက်ထက်တက်လာတာ ၂ နှစ်ရှိပြီး တိုင်းရင်းမီဒီယာများကို အား‌ပေးအား ‌မြှောက်ပြုတာသိပ်မ‌တွေ့ရဘူး ။ ဥပမာ လက်တွဲပြီးလုပ်‌ဆောင်တာ ပလက်‌ဖောင်း‌ပေးတာမျိုး‌တွေ ဖြစ်‌စေ၊ တီဗွီသတင်းဌာန‌တွေ လွှင့်ခွင့်ရှိတာ သိပ်မ‌တွေ့ရ‌သေးဘူး ။ အဲလိုမျိုး‌တွေ ‌ရေဒီယိုလွှင့်ချင်ကြတယ်။ အစိုးရက နည်းလမ်းရှာ‌ပေးတာတို့ ဘာတို့ အဲဒါမျိုး‌တွေမရှိ‌သေးဘူး။ TVသတင်း Channel ၅ ခုချ‌ပေးတယ်။ ဒါ‌ပေမယ့် အဲဒါကအကြီးကြီး‌တွေ တိုင်းရင်းသားလူမျိုး‌တွေ အဲဒီထဲမှာပါနိုင်ဖို့ဆိုတာ အလားအလာမရှိဘူး ။ တကယ်ထင် ရှားတဲ့အကူညီ‌ပေးမှု‌တွေ သိပ်မ‌တွေ့ရဘူးလို့ ကျ‌နော်မြင်တယ်။

တိုင်းရင်းသားမီဒီယာ‌တွေက‌တော့ ၂၀၁၁-၁၂ ‌နောက်ပိုင်းမှာ လုပ်ခွင့်ရလာ‌တော့ အဲဒီမှာပြည်တွင်းထဲက သူ့သက်ဆိုင်ရာ ပြည်နယ်မှာပြန်ဝင်လာပြီး‌တော့ လုပ်‌ဆောင်လာတာ‌တွေ့ရတယ်။ ဒါက ၂၀၁၁ ‌နောက်ပိုင်း‌ပြောင်းလဲလာတဲ့ဟာ‌တွေ။ သို့‌ပေ မယ့် ၂၀၁၅-၂၀၁၆ ‌နောက်ပိုင်းမှာ သိပ်ပြီး‌တော့ထူးထူးခြားခြားကြီး ထပ်ပြီး‌တော့ တိုးတက်လာတာ သိပ်မ‌တွေ့ရဘူး ကျ‌နော်မြင်တယ်။ ‌နောက်တစ်ခုက သတင်းရယူခွင့် အခက်အခဲရှိတယ် ။ အစိုးရက ဒီ‌လောက်စိတ်ဝင်စားပြီး ‌ဖြေရှင်း‌ပေးတာမ‌တွေ့ရဘူး။

အဲဒီအခက်အခဲက‌တော့ တိုင်းရင်းသားမီဒီယာမှမဟုတ်ဘူး၊ ပြည်မ မီဒီယာ‌တွေမှာလည်းရှိတယ်။ ဒါ‌ပေမယ့် တိုင်းရင်းသား‌ဒေသ‌တွေမှာလည်း ပိုခက်ခဲတဲ့ ‌ဒေသ‌တွေရှိတယ်။ ရှမ်းတို့၊ ကချင်တို့၊ ချင်းလည်း လွှတ်‌တော်မှာ သတင်းဝင်ယူတဲ့အခက်အခဲ‌တွေရှိ‌နေတယ်ဆိုတာ ကျ‌နော်‌တွေ့ရတယ်။ အဲဒီမှာ ဒီ‌လောက်ကြီး ‌လေး‌လေးစားစားနဲ့ကြိုးကြိုး စားစား အ‌ရေးယူ ‌ဖြေရှင်‌ပေးတာလည်း မ‌တွေ့ရဘူး။ ‌ယေဘုယျအားဖြင့် အစိုးရကလည်း သူနိုင်ငံပိုင်မီဒီယာက‌နေ ဒီတိုင်းရင်းသား ‌ဒေသ‌တွေကိုလည်း သူထုတ်လွှင့်နိုင်တယ်။

တိုင်းရင်းသားမီဒီယာ NRC (National Races Channel)လိုဟာမျိုးရှိရင်လုံ‌လောက်တယ် လို့အဲလိုယူဆတဲ့ အ‌ခြေခံယူ ဆချက် ကလွဲမှားတယ်လို့ ကျ‌နော်မြင်တယ်။ တကယ်တမ်းကျ‌တော့ လွတ်လပ်တဲ့မီဒီယာ‌တွေကို ပိုပြီး‌တော့ နိုင်ငံ‌တော်ပိုင်မီဒီယာကို နိုင်ငံပိုင်မဟုတ်ဘဲနဲ့ အများပြည်သူဝန်‌ဆောင်မှုမီဒီယာမျိုး အသွင်ကူး‌ပြောင်းသင့်တယ်။ လွတ်လပ်တဲ့မီဒီယာ‌တွေကို ပုဂ္ဂလိက မီဒီယာဘဲ‌ခေါ်‌ခေါ် အဲဒါမျိုး‌တွေကိုလည်း အား‌ပေးအား‌မြှောက်ပြုဖို့ အစိုးရမှာ ဝတ္တရားရှိတာ‌ပေါ့‌နော်။ အဲဒီအပိုင်းမှာ အစိုးရက လစ်ဟာ‌နေတယ်လို့ ကျ‌နော်ထင်တယ်။

တိုင်းရင်းသားမီဒီယာဘက်က တိုင်းရင်းသားမီဒီယာ စွမ်းရည်မြှင့်‌အောင်‌တော့လုပ်သင့်တယ်။ အဲဒီအပိုင်း မှာ‌တော့ ကိုယ့်မှာရှိတဲ့အင်အားနဲ့ အခြား‌သော အကူအညီ‌ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေ လုပ်ရမယ်။ ‌နောက်တစ်ခုက‌တော့ ကိုယ့်ရဲ့ပရိဿတ်နဲ့ ကိုယ့်ရဲ့သုံး‌နေတဲ့ နည်းလမ်းပလက်‌ဖောင်း‌တွေကိုလည်း ကိုယ်အမြဲတမ်း ပြန်ပြီး‌တော့ အ‌ခြေအ‌နေနဲ့ကိုက်ညီ‌အောင် သုံးသပ်ဖို့‌တော့လိုတယ်။

ကိုယ့်ပရိဿတ်က ဘယ်လိုပရိဿတ်မျိုးလဲ ကိုယ့်ပရိဿတ်ကို ဘယ်လိုပလက်‌ဖောင်းမျိုးနဲ့ ‌ပေးမလဲ။ အခုဆို Digital လိုမျိုးသွားကြတယ်‌ပေါ့‌နော်။ Print လိုမျိုးက ကုန်ကျစရိတ်များတယ်။ အဲဒါမျိုးကို ဘယ်‌လောက်အထိ‌လျှော့ချမလဲ၊ Digital ပလက်‌ဖောင်းကို ဘယ်လိုသွားမလဲ အ‌ခြေအ‌နေ‌ပေါ်မှာ ပြန်ထင်ဟပ်နိုင်ဖို့ အ‌ခြေအ‌နေ‌ပေါ်မှာပြန်ထင်ဟပ်နိုင်ဖို့၊ အ‌ခြေ‌နေ‌ပေါ်မှာ ပြန်တုန့်ပြန်နိုင်ဖို့ အဲဒါကိုယ့်ဘက်ကလည်း ရုန်းကန်ရမယ့်ဟာ နည်းလမ်းရှာရမယ့်ဟာလို့ ကျ‌နော်ထင်တယ်။

အစိုးရဘက်လည်း အကူညီလိုအပ်တာ အမှန်ပါဘဲ။ ‌ငွေ‌ရေး‌ကြေး‌ရေးလို့ ကျ‌နော်‌ပြောတာမဟုတ်ဘူး ။ လိုအပ်တဲ့ ဥပ‌ဒေမျိုး‌တွေ ပြင်ဆင်‌ပေးဖို့လိုတယ်။ လိုအပ်တဲ့ ‌လေ့ကျင့်‌ရေးအပိုင်း‌တွေ သတင်းသမား အရည်‌သွေး မြှင့်တဲ့အပိုင်း‌တွေ အစိုးရက လုပ်‌ပေးနိုင်ဖို့အများကြီးရှိတယ်လို့ ကျ‌နော်မြင်တယ်။