Home သတင်း မြန်မာအလုပ်သမားများ တင်‌ဆောင်သည့်ကား တိမ်း‌မှောက်မှုထပ်မံဖြစ်ပွား၍ ၇ ဦးထက်မနည်း‌သေဆုံး၊ အများအပြား ဒဏ်ရာရ

မြန်မာအလုပ်သမားများ တင်‌ဆောင်သည့်ကား တိမ်း‌မှောက်မှုထပ်မံဖြစ်ပွား၍ ၇ ဦးထက်မနည်း‌သေဆုံး၊ အများအပြား ဒဏ်ရာရ

2113

ဧပြီလ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့မှ ဘန်‌ကောက်မြို့သို့ MoU စနစ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား (၅၀)ဦး တင်‌ဆောင်လာသည့် ခရီးသည်တင်ကားတစ်စီးမှာ ယမန်‌နေ့ ဧပြီလ ၉ ရက်‌နေ့ညပိုင်းက တိမ်း‌မှောက်မှု ဖြစ်ပွား၍ ကား‌ပေါ်လိုက်ပါလာသူ (၇) ဦး‌သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Gold Royal Mandalay ‌အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၅၀)ဦး တင်‌ဆောင်လာသည့် အဆိုပါ ခရီးသည်တင်ကားမှာ တာ့ခ်မြို့နယ်ဧရိယာ၊ ‌ဒေါ‌ရော့‌တောင်ကုန်းတွင် တိမ်း‌မှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ယာဉ်တိမ်း ‌မှောက်မှုအ‌ခြေအ‌နေများနှင့်ပတ်သက်၍ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က ယခုလို ‌ပြောသည်။

“မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦးထူးလွင်နဲ့အဖွဲ့က အဲ့ကို သွားပြီ။ အခုဖြစ်တဲ့ကား‌တွေ အများစုက ဂက်စ်ကား‌တွေဖြစ်တယ်။ ကားက ‌ချောက်ထဲကို ထိုးကျသွားတာ။ ‌နောက်ဆုံး အ‌ခြေအ‌နေ ထိ‌တော့ ၇ ဦး‌သေပြီး ၂၈ ‌ယောက်ဒဏ်ရာရထားတယ်။ ”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်း‌မှောက်မှုမှ ထိခိုက်ဒဏ်ရာရှိရသူများကို နီးစပ်ရာ ‌ဆေးရုံများသို့ ပို့‌ဆောင်ထားပြီး လက်ရှိ‌နောက်ဆုံးအ‌ခြေအ‌နေအထိ ၇ ဦး‌သေဆုံးသွားပြီဖြစ်ကာ ‌နောက်ထပ်အပြင်းအထန်ဒဏ်ရာရရှိသူများထဲမှ ‌သေဆုံးနိုင်သည့် အ‌ခြေအ‌နေတွင်ရှိ‌နေသည်ဟုလည်း ဦးမိုးကြိုးက ဖြည့်စွက်‌ပြောဆိုသည်။

အလားတူ ဘန်‌ကောက်မှ မဲ‌ဆောက်သို့ပြန်လာသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၁၄)ဦး တင်‌ဆောင်လာ‌သော ကားတစ်စီးသည် ယမန်‌နေ့နံနက်က တာ့ခ်ခရိုင်၊ ဝမ်‌ကြောင်မြို့နယ်၊ အာရှလမ်းမတစ်‌နေရာတွင် ညာဘက် ကားဘီး‌ပေါက်မှုမှ တစ်ဆင့် ယာဉ်မ‌တော်တဆမှုဖြစ်ပွားခဲ့ပြီး ကားမီး‌လောင်ခဲ့‌သော်လည်း ကားအတွင်းပါလာသူ အားလုံး ကားထဲမှ အချိန်မီထွက်‌ပြေးနိုင်ခြင်း‌ကြောင့် ထိခိုက်မှုမရှိခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃ဝ ရက်‌နေ့တွင်လည်း MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ် သမားတင်‌ဆောင်လာသည့် ကားတစ်စီးသည် တာ့ခ်မြို့နယ်ဧရိယာ၊ အမျိုးသားဥယျာဉ်အနီး၌ ကားမီး‌လောင်မှုဖြစ်ပွားခဲ့ပြီး ကားတွင်းလိုက်ပါလာသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၄၇)ဦးအနက် (၂၀) ဦးမှာ ပွဲချင်းပြီး မီး‌လောင်‌သေဆုံးသွားခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့‌သေးသည်။

အဆိုပါ မီး‌လောင်‌သေဆုံးသွားရသည့် မြန်မာအလုပ်သမားများအတွက် မြန်မာနိုင်ငံဘက်မှ ဂရုဏာ‌ကြေး အကူ အညီများရရှိခဲ့‌သော်လည်း ထိုင်းဘက်မှ ယ‌နေ့အချိန်ထိ တစုံတရာ‌လျော်‌ကြေး‌ငွေမရရှိ‌သေး‌ကြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။

MoU စနစ်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သွား‌ရောက် အလုပ်လုပ်ကိုင်ကြ သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ယခုနှစ်အတွင်း ယာဉ်တိမ်း‌မှောက်မှု မကြာခဏဖြစ်ပွားခဲ့သည့် အတွက် လူ‌သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများမြှင့်တက် လာသည်ဟုလည်း မြန်မာအလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများက သုံးသပ်‌ပြော ဆိုသည်။