Home သတင်း ကရင်ဒုက္ခသည်စခန်းအတွင်းရှိ စာသင်‌ကျောင်းအချို့ လာမည့်နှစ်တွင် ဆက်လက်ဖွင့်လှစ်ရန်ခက်ခဲ

ကရင်ဒုက္ခသည်စခန်းအတွင်းရှိ စာသင်‌ကျောင်းအချို့ လာမည့်နှစ်တွင် ဆက်လက်ဖွင့်လှစ်ရန်ခက်ခဲ

2380

ဧပြီလ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ‌ထောက်ပံ့မှုနည်းလာသည့်အတွက် အဆိုပါဒုက္ခသည် စခန်းများအတွင်း ဖွင့်လှစ်ထားသည့် ‌ကျောင်းများအ‌နေဖြင့် လာမည့်ပညာသင်နှစ်များတွင် ဆက်လက်ရပ်တည်ပြီး ဖွင့်လှစ်ရန် ခက်ခဲသည့်အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေ‌ကြောင်း စခန်းအတွင်းရှိ ပညာ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ‌ကျောင်းများအား ယခင်ကူညီ‌ထောက်ပံ့မှုများ‌ပေးခဲ့သည့် အလှူရှင်အဖွဲ့တချို့မှာ အဆိုပါ အကူအညီများကို ‌လျှော့ချသည့်အပြင် အချို့ကိုရပ်ဆိုင်းမည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်လာသည့်အတွက် လက်ရှိ နယ်စပ် ‌ကျောင်းများ‌တွေ့ကြုံ‌နေရသည့် အခက်ခဲများနှင့်ပတ်သက်ပြီး Karen Refugee Committee Education Entity -KRCEE ဥက္ကဌ ‌နော်ဒဘိုးရာထူးက ယခုလို ‌ပြောသည်။

“အ‌ခြေခံ‌ကျောင်း‌တွေက နည်းနည်းအဆင်‌ပြေ‌သေးတယ် ။ အထက်တန်းလွန် High Education အတွက် အခက်အခဲဖြစ်တယ်။ ‌ငွေ‌ကြေးအတွက်‌ကော၊ ‌ကျောင်းအ‌ဆောက်အဦး‌ဆောက်ဖို့အတွက်‌ကော ‌ကျောင်း အားလုံး‌ထောက်ပံ့မှုနည်းလာတယ်။ အခက်အခဲရှိတဲ့‌ကျောင်း‌တွေက ဘယ်လို ဆက်သွား မလဲဆိုတာ အဖွဲ့အစည်း‌တွေနဲ့ ပြန်‌ဆွေး‌နွေးရတာ‌ပေါ့” ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၇ ခုတွင် လက်ရှိ အ‌ခြေခံပညာ‌ကျောင်းနှင့် အထက်တန်းလွန်‌ကျောင်း စုစု‌ပေါင်း ၆ဝ ‌ကျော်ရှိပြီး လာမည့်နှစ်များတွင် အ‌ခြေခံ‌ကျောင်းများကို ပြန်လည်စုစည်းဖွင့်လှစ်ရမည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေသလို အချို့‌သော အထက်တန်းလွန်‌ကျောင်းများကိုလည်း ပိတ်သိမ်းရမည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း ‌ကျောင်းတာ ဝန်ရှိသူများက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ‌နောက်ပိုင်းကာလများမှစတင်ပြီး ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာအပါအဝင် အခြားအကူညီများ‌ပေး‌နေသည့် နိုင်ငံတကာ အလှူရှင်များအ‌နေဖြင့် ‌ထောက်ပံ့မှု တစ်ဖြည်းဖြည်း ‌လျော့ကျလာ သည့်အတွက် ဒုက္ခသည်စခန်းများ၏ ပညာ‌ရေးဆိုင်ရာ လုပ်ငန်းများတွင်လည်း အနည်းနှင့်အများ ထိခိုက်မှုများ ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

နို့ဖိုးဒုက္ခသည်စခန်းမှ ပညာ‌ရေးဆိုင်ရာ အ‌ထောက်အကူပြု‌နေသူ ဆရာ‌စော‌မြောင်စိန် “နို့ဖိုးမှာ‌တော့ ‌နောက် နှစ်မှာ‌တော့ Post Ten ‌ကျောင်းတစ်‌ကျောင်းပဲ ကျန်‌တော့မယ်။ အလှူရှင်‌တွေကလည်း ‌ကျောင်းသား၊ အ‌ရေအတွက်ကိုကြည့်ပြီး ‌ပေး‌တော့ ဆရာ၊ ဆရာမ‌တွေမ‌လောက်ဘူး။ တစ်ချို့‌ကျောင်းသား‌တွေက ပြည်တွင်းပြန်ပြီး တက္ကသိုလ်မဟုတ်တဲ့ အပြင်‌ကျောင်း‌တွေကိုရှာပြီး ပြန်တက်ကြတယ်။ တစ်ချို့က ‌ကျောင်းမတက်‌တော့ပဲ အလုပ်ထွက်လုပ်ကြတယ်” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ‌တွေ့ကြုံ‌နေရသည့် ပညာ‌ရေးဆိုင်ရာ အခက်အခဲများနည်းတူ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများတွင် ယ‌နေ့အထိ ပညာ‌ရေးနှင့်ပတ်သက်သည့် အခက်အခဲများ ‌တွေ့ကြုံ‌နေရဆဲဖြစ်‌ကြောင်း လည်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများတွင် ပညာ‌ရေးဆိုင်ရာ အကူအညီ‌ပေးလုပ်‌ဆောင်‌နေသည့် အဖွဲ့များ၏ ‌ပြောပြချက်အရ သိရသည်။