Home သတင်း ကရင်စာသင်ကြားသူ ၁,၇၆၅ ဦးကို အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု လူငယ်အဖွဲ့ ‌ထောက်ပံ့မှုများ ပြုလုပ်

ကရင်စာသင်ကြားသူ ၁,၇၆၅ ဦးကို အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု လူငယ်အဖွဲ့ ‌ထောက်ပံ့မှုများ ပြုလုပ်

2175

ဧပြီ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် အ‌နောက်ပိုးကရင်(ဖလုံး)စာ သင်ကြား‌နေသူ ၁,၇၆၅ ဦးအတွက် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်နှင့် သင်‌ထောက်ကူပစ္စည်းများကို အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု လူငယ်အဖွဲ့က ‌ထောက်ပံ့မှုပြုလုပ်ထားသည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

အဖွဲ့အ‌နေဖြင့် ယခုနှစ်အတွက်‌ထောက်ပံ့မှုများကို ပြီးခဲ့သည့် မတ်လအတွင်းက စတင်လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်ပြီး အားနည်း‌နေသည့် အ‌နောက်ပိုးကရင်စာ မြှင့်တင်ရန် အဓိကရည်ရွယ် လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ကွင်းဆင်း စည်းရုံး‌ရေးတာဝန်ခံ တဦးဖြစ်သူ စခွာခွာက ယခုလို ‌ပြောသည်။

“ ကျ‌နော်တို့ အ‌နောက်ပိုးကရင်‌တွေက တခြားကရင်‌တွေထက်စာရင် စာ‌ပေ၊ စကား အရမ်းအားနည်းတယ်။ အထူးသဖြင့် ကရင်စကား‌ပြောတက်တဲ့သူ‌တွေရှားလာတာနဲ့ ကိုယ့်စာ‌ပေတတ်‌မြောက်သူ‌တွေ ရှားလာတယ်။ အဲဒီအတွက် ကျ‌နော်တို့အ‌နေနဲ့ စာ‌ပေကိုလည်းပြန်‌ဖော်ထုတ် မြှင့်တင်ချင်တဲ့အတွက် ပြုလုပ်‌ပေးတာ ဖြစ်ပါ တယ်။ ‌နောက် အရင်အဂင်္လိပ်လက်ထက်တုံးက ကရင်အမျိုးသား‌ကျောင်းလို ပြန်လည်‌ပေါ်ထွန်းလာဖို့အတွက်ကိုလည်း ‌မျှော်လင့်ထားပါတယ်” ဟု ‌ကေအိုင်စီသို့ ဧပြီ ၃ ရက်‌နေ့တွင် ‌ပြောသည်။

အဖွဲ့အ‌နေဖြင့် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကန်ကြီး‌ထောင့်၊ ဝါးခယ်မ ၊ ‌ရေကြည်၊ ကျုံ‌ပျော်၊ ‌ညောင်တုန်း၊ မအူပင်၊ လပွတ္တာ၊ ‌ကျောင်းကုန်း စသည့်မြို့နယ်များရှိ ‌ကျေးရွာ ၂၅ ရွာရှိ ကရင်စာသင် ၁,၇၆၅ ဦး တို့ကို တစ်ဦး လျှင် သူငယ်တန်း ဖတ်စာတစ်အုပ်နှင့် ဗလာစာအုပ်၊ ‌ဘောပင်များကို အခမဲ့ ‌ထောက်ပံ့‌ပေးခဲ့သည်။

အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု လူငယ်အဖွဲ့မှ သင်တန်းကြီးကြပ်‌ရေးမှူး စစံမင်းက“ကျ‌နော်တို့အ‌နေနဲ့အရင် ဆုံး ဆက်သွယ်လာတဲ့ရွာ‌တွေကို ကွင်းဆင်းတယ်။ ‌ထောက်ပံ့မှု‌တွေ ‌ပေးတယ်။ ဆရာ/ဆရာမ‌တွေက‌တော့ သက်ဆိုင်ရာ မြို့နယ် စာယဉ်က သင်တန်းဆင်း‌တွေပဲ ဖြစ်ပါတယ်။ ‌ပြောရမယ်ဆိုရင် အကုန်လုံးက‌တော့ ဆိုင်ရာမြို့နယ် စာ/ယဉ်‌အောက်မှာပဲ သွား‌နေတာဖြစ်ပါတယ်” ဟု ‌ပြောသည်။

အဖွဲ့အ‌နေဖြင့် ယခုလိုပံ့ပိုးမှုများကို နိုင်ငံရပ်ခြားတွင်သွား‌ရောက်အလုပ်လုပ်ကိုင်‌နေသည့် ကရင်လူငယ်များ၏ ‌ထောက်ပံ့ကူညီမှုများဖြင့် အဓိကလုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး ယင်း‌ထောက်ပံ့မှုများကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ကာ နှစ်စဉ် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။

အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု လူငယ်အဖွဲ့ကို အ‌နောက်ပိုးကရင်စာ‌ပေ တက်‌မြောက်‌ရေးနှင့် မြှင့်တင်ရန် ရည်ရွယ်ကာ၊ ရည်ရွယ်ချက် ၅ ရပ်ဖြင့် ပြည်တွင်းရှိ ကရင်လူငယ်များနှင့် မ‌လေးရှား၊ ထိုင်း၊ စကင်္ာပူ၊ ကိုရီယား စသည့်နိုင်ငံများတွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေသည့် ပိုးကရင်လူငယ်များက ၂၀၁၄ ခုနှစ် ‌အောက်တိုဘာ ၁ဝ ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။