Home ထိပ်တန်းသတင်း KNU နှင့် အစိုးရတို့ သုံးရက်အတွင်း ပစ်ခတ်မှု ၅ကြိမ်ဖြစ်ပွားပြီး ‌ဒေသခံနှစ်‌ထောင်နီးပါး စစ်‌ဘေး‌ရှောင်

KNU နှင့် အစိုးရတို့ သုံးရက်အတွင်း ပစ်ခတ်မှု ၅ကြိမ်ဖြစ်ပွားပြီး ‌ဒေသခံနှစ်‌ထောင်နီးပါး စစ်‌ဘေး‌ရှောင်

4224

မတ် ၈ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ တပ်ဖွဲ့ဝင်များနှင့် နယ်‌မြေစိုး မိုး‌ရေးလုပ်‌ဆောင်ရန် နယ်‌မြေ‌ကျော်လွန်လာသည့် တပ်မ‌တော်တို့ အကြား မတ် ၅ မှ ၇ ရက်ထိ သုံးရက်အ တွင်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး ‌ဒေသခံ နှစ်‌ထောင်နီးပါး စစ်‌ဘေး‌ရှောင်‌နေရသည်ဟု KNU တပ်မဟာ ၅ ဘက်မှ ‌ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) လက်‌အောက်ခံ တပ်များက ‌ကေအဲန်ယူ၊ မူတ‌ရော် (ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ခေးပူမှ လယ့်မူပ‌လောအထိ သွားမည့်လမ်းကို ‌ဖောက်လုပ်သွားရန်အ ‌ကြောင်းပြုပြီး သတ်မှတ်နယ်‌မြေကို တပ်အင်အားအ‌မြောက်အများဖြင့် ‌ကျော်လွန်ဝင်‌ရောက် လာခြင်း‌ကြောင့် ထိုသို့ ပစ်ခတ်မှုများ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရတပ်မ‌တော်တို့တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွား‌နေသည့် စစ်‌ရေးထိ‌တွေ့မှုနှင့် တင်းမာမှု ပဋိပက္ခ အ‌ခြေအ‌နေများ‌ကြောင့် မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လောနှင့် ‌ခေးပူ‌ကျေးရွာအုပ်စု နှစ်စုထဲရှိ ‌ကျေးရွာ ၈ ရွာမှ ‌ဒေသခံ ရွာသား စုစု‌ပေါင်း ၁,၇၁၅ ဦးတို့ ‌ခြေဦးတည့်ရာသို့ ယ‌နေ့အထိ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရဆဲဖြစ်‌ကြောင်း မူတ‌ရော် ခရိုင်အတွင်း‌ရေးမှူး ပဒို‌စော‌ရော်ဘင်မူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုက သူတို့‌တွေ ‌နေရာအတည်အကျ မရ‌သေးပဲ ‌ခြေဦးတည့်ရာကို တိမ်း‌ရှောင်ကြတယ်။ ‌တောထဲကို ‌ပြေးတဲ့လူရှိတယ်။ မြစ်ဖျားဘက်ကို ‌ပြေးတဲ့လူရှိတယ်။ နီးစပ်ရာရွာ‌တွေမှာ သွား‌ပြေးတာရှိတယ်။ သက်ကြီး ရွယ်အို‌တွေ၊ အမျိုးသမီး‌တွေ၊ က‌လေး‌တွေ အကုန်လုံးပါတယ်။ အခုထိက သူတို့‌တွေ ဘာအကူအညီမှ မကြ ‌သေးဘူး။ အခုက ကျ‌နော်တို့ ရထားတဲ့ စာရင်းအရပါ။ မရတဲ့ စာရင်း‌တွေ ရှိ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို နှစ်ဘက်တပ်ဖွဲ့များအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွား‌နေ၍ ရက်ကြာလာသည်နှင့် အမျှ ‌နောက်ဆက်တွဲအ‌နေဖြင့် ပြည်သူများ၏ ခိုလှုံရာ ‌နေရာထိုင်ခင်း၊ စားနပ်ရိက္ခာအပြင် ကျန်းမာ‌ရေးနှင့် ပညာ ‌ရေးဆိုင်ရာကိစ္စများ အခက်အခဲကြီးမားစွာ ကြုံ‌တွေ့ရနိုင်သည်ဟု ပဒို‌စော‌ရော်ဘင်မူးက ဆက်‌ပြောသည်။

လတ်တ‌လော ‌အောက်‌ခြေတပ်ဖွဲ့ဝင်များအကြား ဖြစ်‌ပေါ်‌နေသည့် လက်‌တွေ့အ‌ခြေအ‌နေသည် အထက် လူကြီးအချင်းချင်းအကြား ရယူခဲ့သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ရလဒ်နှင့် ဆန့်ကျင်ဘက်ဖြစ်‌နေသည့်အ‌ပေါ် အစိုးရ နှင့် တပ်မ‌တော်ဘက်က ပြည်သူများအား ငဲ့ညှာ‌ထောက်ထားသည့် အ‌နေဖြင့် လက်ရှိလုပ်‌ဆောင်‌နေသည့် နယ်‌မြေစိုးမိုး‌ရေးလုပ်ငန်းကို ပြန်သုံးသပ်‌စေလို‌ကြောင်း KNU မူတ‌ရော်ခရိုင်ဘက်က ‌ပြောဆိုသည်။

“ အခု တက်လာတာ တပ်ရင်း ၅ ရင်းထက်မနည်းရှိတယ်။ အမှန်က အဲဒီ‌နေရာက တပ်အင်အား ဒီ‌လောက် အထိ အသုံးပြုစရာ မလိုအပ်ဘူး။ ဒီ‌လောက် အင်အားနဲ့လာပြီးလှုပ်ရှား‌နေတာဟာ အထက်က ညွှန်ကြား ချက်အရပဲဖြစ်ပါတယ်။ ဒါ‌တွေက နယ်‌မြေစိုးမိုး‌ရေးအတွက် ခြိမ်း‌ခြောက်မှု တရပ်လို့ပဲ ကျ‌နော်တို့ ယူဆတယ်။ ဒါကို အများပြည်သူ‌တွေ ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်တယ်”ဟု ပဒို‌စော‌ရော်ဘင်မူးက ဆက်‌ပြောသည်။

ယခုလို မလိုလားအပ်သည့် ပြဿနာများ ဆက်လက် မဖြစ်ပွားရန်အတွက် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ မူတ ‌ရော်(ဖာပွန်)ခရိုင်မှ သက်ဆိုင်ရာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုစစ်ဌာနချုပ်၊ ဗဟိုအတွင်း‌ရေးမှူးချုပ်ရုံးနှင့် ခရိုင်အသီးသီးသို့ စာ‌ရေးတင်ပြထားသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးထံ ‌ကေအိုင်စီက ကြိုးစား ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း လက်ရှိအချိန်ထိ ဖုန်းပြန်လည်‌ဖြေဆိုခြင်းမရှိသလို အဆက်အသွယ်ရရှိ ပါက သတင်းထုတ်ပြန်‌ပေးသွားရန် ‌ကေအိုင်စီက စီစဉ်ထားသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA)ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် ‌နေပြည်‌တော်၌ အခြား တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ (၇)ဖွဲ့နှင့်အတူ လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သည်။

(NCA) သ‌ဘောတူညီချက်မှ ထွက်‌ပေါ်လာသည့် “နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ” အခန်း (၂) ၏
အခန်း (၂) တွင် အရပ်သားပြည်သူနှင့်ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ အပိုဒ် (ဂ)တွင် ‌ဒေသခံပြည်သူများကို အဓမ္မ‌နေရပ်စွန့်ခွာ‌စေခြင်း၊ ‌ရွှေ့‌ပြောင်း‌စေခြင်းမပြုလုပ်ရဟူ၍ ‌ဖော်ပြ ထားသည်။

ထို့အပြင် ၎င်း“နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ” အခန်း(၃)၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ‌ရေးဆိုင်ရာ စစ်ဘက်ကျင့် ဝတ်များ အပိုဒ်(က)၌ အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်‌မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ ၊ မိုင်း ‌ထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်ပါရှိသလို အပိုဒ်(ဌ)တွင် နှစ်ဖက်‌အောက်‌ခြေ အဆင့်တွင် ဖြစ်‌ပေါ်သည့် ပဋိပက္ခများအား အင်အားအသုံးပြု၍ ‌ဖြေရှင်းခြင်းမပြုလုပ်ရဟူ၍ ‌ဖော်ပြထားသည်။