Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးများအတွက် ထိုင်းအစိုးရမှ ၁ဝနှစ် ‌နေထိုင်ခွင့်အ‌ထောက်အထားထုတ်‌ပေး

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးများအတွက် ထိုင်းအစိုးရမှ ၁ဝနှစ် ‌နေထိုင်ခွင့်အ‌ထောက်အထားထုတ်‌ပေး

2019
Photo- JACBA

မတ်လ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံအတွင်း‌မွေးဖွားသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးငယ်များအား ထိုင်းအစိုးရမှ (၁၀) နှစ်‌နေထိုင် ခွင့် အ‌ထောက်အထားထုတ်‌ပေး၍ မြို့နယ်စည်ပင်သာယာ‌ရေးရုံးများ၌ ယခုနှစ်‌ဖေ‌ဖော်ဝါရီလ ကုန်ပိုင်းမှစ၍ ယ‌နေ့(မတ်လ ၅ရက်) အထိ လာ‌ရောက်‌လျှောက်ထားသူများဖြင့် ပြည့်နှက်‌နေ‌ကြောင်း မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ် ရှားမှု‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “‌ရွှေ့‌ပြောင်းအလုပ်သမားမိသားစုထဲက ထိုင်းနိုင်ငံမှာ အမှန်တကယ်‌မွေးဖွားတဲ့က‌လေး‌တွေကို ပထမဦးဆုံးအ‌နေနဲ့ ၁ဝ နှစ်‌နေထိုင်ခွင့် အ‌ထောက်အထား လက်မှတ်ထုတ်‌ပေးလိုက်တယ်။ က‌လေးရဲ့မိဘ‌တွေမှာ အ‌ထောက်အထားရှိသည် ဖြစ်‌စေ၊ မရှိသည်ဖြစ်‌စေ ထိုင်းမှာအမှန်တကယ် ‌မွေးဖွား‌ကြောင်း ‌မွေးလက်မှတ် ‌မွေးစားရင်းပြနိုင်ရင်ရပြီ။ လာ‌လျှောက်တဲ့ သူများတဲ့အတွက် တစ်ရက်ကို အ‌ယောက် ၂ဝ နှုန်း‌လောက်ပဲထုတ်‌ပေးမယ်။ အချိန်အကန့်အသတ်မရှိ၊ ကုန်တဲ့အထိ ထုတ်‌ပေးမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အ‌ထောက်အထားလက်မှတ်ရရှိသည့် က‌လေးငယ်များအနက် ပထမဦးစား‌ပေးအ‌နေဖြင့် ထိုင်းနိုင်ငံတွင်း ‌မွေးဖွား သည့် မိဘမဲ့က‌လေးများကို ထိုင်းနိုင်ငံသားအဆင့်ထိ‌လျှောက်ထားနိုင်ပြီး ထိုင်းက‌လေးငယ် ‌ကျောင်းသားများနည်းတူ အခမဲ့ ပညာသင်ကြားခွင့်အပြင် အခမဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်ခွင့်ကိုပါ ရရှိကြမည်ဖြစ်‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလားတူ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ SAW ‌ဖောင်‌ဒေးရှင်းမှ က‌လေးငယ်များကိုလည်း ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း ‌နေထိုင်ခွင့်နှင့် အခမဲ့ပညာသင်ကြားနိုင်ခွင့်အတွက် အ‌ထောက်အထားလက်မှတ်များကို ‌ဖေ‌ဖော်ဝါရီလကုန်ပိုင်းမှ စတင် ထုတ်‌ပေးခဲ့ပြီး မတ်လ ၂ ရက်‌နေ့ထိ တပတ်အတွင်း က‌လေး‌ပေါင်း ၃၉ ဦး စတင်ရရှိပြီးဖြစ်သည်။

အ‌ထောက်အထားအတွက် သွား‌ရောက်‌လျှောက်ထားသူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦးက“ထိုင်းအစိုးရ က‌နေပြီး ‌တော့ အနာဂတ် မ‌သေချာမ‌ရေရာတဲ့ ဒီလိုက‌လေးငယ်‌တွေကို အခုလို အ‌ထောက်အထား‌တွေလုပ် ‌ပေးခြင်းအားဖြင့် က‌လေး‌တွေမှာ သူတို့ရဲ့ အနာဂတ်အတွက် ပညာ‌ရေး၊ ကျန်းမာ‌ရေး စတဲ့လူသားတစ်ဦးရဲ့ အ‌ခြေခံ အခွင့်အ‌ရေးကို ရရှိတဲ့အတွက် ဒါဟာ အရမ်းကို‌ကောင်းတဲ့ လုပ်‌ဆောင်ချက်တစ်ခုပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ်(၉)ခုတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း ‌လေးသိန်း‌ကျော်ရှိ ကာ ၎င်းအလုပ်သမား မိသားစုထဲမှ ထိုင်းနိုင်ငံအတွင်း‌မွေးဖွားလာသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားက‌လေး ငယ်‌ပေါင်း‌သောင်းချီရှိ‌နေသည်။

ထိုင်းအစိုးရအ‌နေဖြင့် ယခင်က ထိုင်း‌ကျောင်းနှင့် ထိုင်း‌ကျောင်း၏ လက်‌အောက်ခံမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းရှိ က‌လေး ငယ်များကို အလားတူ အ‌ထောက်အထား လက်မှတ်မျိုး ထုတ်‌ပေးသည့်အစီအစဉ်ရှိခဲ့ပြီး ယခုကဲ့သို့ မြန်မာ‌ရွှေ့‌ပြောင်းအ လုပ်သမားများ၏ က‌လေးငယ်များကိုထုတ်‌ပေးသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရှိရသည်။