Home သတင်း ‌ရေကာတာစီမံကိန်း‌ကြောင့် စစ်ပွဲများ ပို၍ ကြာရှည်‌စေနိုင်

‌ရေကာတာစီမံကိန်း‌ကြောင့် စစ်ပွဲများ ပို၍ ကြာရှည်‌စေနိုင်

2258

မတ်လ ၃ဝရက်၊ ၂၀၁၈ခုနှစ်။ နမ့်ဘွားခလိန်၊ ‌နော်‌ဒွေးအယ်ခူ

မြန်မာနိုင်ငံရှိ သံလွင်မြစ်‌ပေါ်တွင် တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများကို ဆက်လက် အ‌ကောင်အထည်‌ဖော် ‌ဆောက် လုပ်မည်ဆိုပါက စစ်ပွဲများကိုပို၍ ကြာရှည်‌စေနိုင်သည်ဟု မြန်မာနိုင်ငံမြစ်‌ချောင်းများဆိုင်ရာ ကွန်ရက်စီမံကိန်း တာဝန်ခံ မိအား ချိုင်းက ‌ပြောသည်။

မိအားချိုင်းက “‌ရေကာတာစီမံကိန်းက အကြီးစားပဲဖြစ်ဖြစ်၊ အ‌သေးစားပဲဖြစ်ဖြစ် တိုင်းရင်းသား‌ဒေသ‌တွေမှာပဲ ဖြစ်‌နေတယ်။ အကယ်၍ တပ်မ‌တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်‌တွေ တိုက်ပွဲဖြစ်ရင် ‌ဒေသခံပြည်သူပဲ ဒုက္ခ‌ရောက်တယ်။ စီမံကိန်းကြီး ‌တွေ‌ကြောင့် စစ်ပွဲ‌တွေ ပိုကြာ‌စေတယ်”ဟု ဆိုသည်။

ထို့အပြင် ‌ရေကာတာတည်‌ဆောက်မည့်‌နေရာသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အုပ်ချုပ်ရာ နယ်‌မြေ‌ဒေသများဖြစ် ‌သော‌ကြောင့် တပ်မ‌တော်မှ နယ်‌မြေသွား‌ရောက်ရှင်းလင်းရာတွင်လည်း‌ကောင်း၊ စက်ယန္တရားများ စမ်းသပ်ရာတွင်လည်း‌ကောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ထိပ်တိုက်‌တွေ့ကာ စစ်ပွဲများဖြစ်ပွားရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

‌ရေကာတာများ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် နိုင်ငံခြားပူးတွဲဖက်စပ်လုပ်ငန်းများဖြစ်ပြီး ထိုစီမံကိန်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသအတွင်း ပဋိပက္ခဖြစ်ပွား‌နေသည့် ‌နေရာများဖြစ်‌ကြောင်း မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ယက်၏ မတ် ၁၄ရက်‌နေ့ သ‌ဘောထားထုတ်ပြန်ချက်အရ သိရသည်။

‌ရေကာတာများ‌ဆောက်လုပ်‌ရေးအတွက် ပြင်ဆင်‌နေသည့်အ‌တောအတွင်းမှာပင် ‌ရေကာတာအနီးတစ်ဝိုက်ရှိ ‌ရေလွှမ်းမိုးနိုင် ‌သော ရွာများမှာ အတင်းအဓမ္မ ‌ပြောင်း‌ရွှေ့ခံရသည့်အပြင် လယ်ယာ‌မြေသိမ်းဆည်းမှုများ၊ သစ်‌တောပြုန်းတီးမှုများ‌ကြောင့် ‌ရေကြီးကာ ရပ်ရွာများ ‌ရေလွှမ်းမိုးမှုခံရခြင်း၊ ‌ရေကာတာ‌ကြောင့် စစ်ပွဲများအကြီးအကျယ်ဖြစ်ပြီး ကြား‌နေပြည်သူလူထုမှာ ‌နေအိမ်များ စွန့်ခွာထွက်‌ပြေး တိမ်း‌ရှောင်‌နေရ‌ကြောင်းလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌ရေကာတာတည်‌ဆောက်မည်ဆိုပါက အစိုးရအ‌နေဖြင့် ‌ဒေသခံများကို စီမံကိန်းနှင့်ပတ်သက်ပြီး သ‌ဘော‌ပေါက်နားလည်နိုင်‌စေ ရန် ရှင်းပြ‌ပြောဆိုရန် လိုအပ်‌ကြောင်းနှင့် ‌ဒေသခံတို့၏ယုံကြည်မှုကို တည်‌ဆောက်‌ပေးရန်လိုအပ်‌ကြောင်း ပြည်‌ထောင်စု Institute ၏ မန်‌နေးဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ယခုလို ‌ပြောသည်။

“‌ရေကာတာတည်‌ဆောက်ရာမှာ ‌ဒေသခံ လူထုက မ‌ကျေနပ်ဘူး၊ မယုံကြည်ဘူးဆိုရင် အစိုးရကို ဆန့်ကျင်ဖို့ပဲ များသွားမှာ‌ပေါ့။ လူထုရဲ့ယုံကြည်မှုကို ရဖို့လိုပါတယ်။ အဲဒါကိုမရဘဲ ဆက်လုပ်သွားမယ်ဆိုရင်‌တော့ ပြဿနာ‌တွေကို မ‌ဖြေရှင်းနိုင်ဘဲနဲ့ ပိုဆိုး သွားနိုင်တယ်”ဟု ၎င်းက ထပ်မံ ‌ပြောကြားသည်။

‌ရေကာတာများ ‌ဆောက်လုပ်မည်ဆိုပါက ဇီဝမျိုးကွဲမျိုးပွားများနှင့် မြစ်များ အပြန်အလှန် မှီခိုမှု၊ တန်ဖိုးမဖြတ်နိုင်သည့် ‌ရှေး ‌ဟောင်းသမိုင်း‌မြေ‌နေရာများ၊ ရိုးရာဓ‌လေ့များရှိရာ ‌ကျေးရွာများ ဆုံးရှုံးသွားနိုင်ပြီး အသက်‌မွေးဝမ်း‌ကြောင်းကို မြစ်‌ချောင်းအ‌ပေါ် မှီခို‌နေကြ‌သော ‌ဒေသခံများ စားဝတ်‌နေ‌ရေးခက်ခဲမှု ကြုံရမည်ဖြစ်‌ကြောင်း မိအားချိုင်းကလည်း ဖြည့်စွက်‌ပြောဆိုခဲ့သည်။