Home သတင်း အငြိမ်းစား တက္ကသိုလ် ကရင်ဆရာ၊ ဆရာမကြီးများကို ဂုဏ်ပြုပူ‌ဇော်

အငြိမ်းစား တက္ကသိုလ် ကရင်ဆရာ၊ ဆရာမကြီးများကို ဂုဏ်ပြုပူ‌ဇော်

2296

မတ်လ ၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တက္ကသိုလ်၊ ‌ကောလိပ်၊ သိပ္ပံများ(ရန်ကုန်) အသီးသီးရှိ အငြိမ်းစား ကရင်ဆရာ၊ ဆရာမကြီးများကို ပဉ်စမအကြိမ် ဂုဏ်ပြုပူ‌ဇော်ပွဲ အခမ်းအနားကို မတ်လ ၂ရက်‌နေ့၊ နံနက် ၉နာရီတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား‌ဟောင်းတစ်ဦးဖြစ်ပြီး အခမ်းအနားဖြစ် ‌မြောက်‌ရေး တွဲဖက်အတွင်း‌ရေးမှူး ‌စော‌ကျော်‌ဌေးရင်က “ကျ‌နော်တို့‌တွေ အမိတက္ကသိုလ်ကြီးကို ခွဲခွာလာခဲ့တာ နှစ်‌တွေကြာခဲ့ပြီး တဲ့ကာလမှာ မိသားစု‌ရေး၊ နိုင်ငံ‌တော်အတွက် ကျရာ‌နေရာ၊ ကြုံတဲ့ အခန်းကဏ္ဍက‌နေ ထမ်း‌ဆောင်‌နေဆဲဖြစ်ပါတယ်။ ဒီလို ထမ်းရွက်နိုင်ဖို့ အသိပညာ၊ အတတ်ပညာ သင်ကြား‌ပေးခဲ့တဲ့ ကရင်ဆရာ၊ ဆရာမကြီး‌တွေကို ကျ‌နော်တို့ ပြန်လည်ဆုံစည်းပြီး အတူ ဂုဏ်ပြုကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဂုဏ်ပြုပွဲသို့ ပူ‌ဇော်ခံ ကရင်ဆရာ၊ ဆရာမကြီး ၉၂ဦးရှိသည့် အနက် အများစုတက်‌ရောက်ခဲ့ပြီး ဆရာ၊ ဆရာမကြီးများ အား ဂုဏ်ပြုလက်‌ဆောင်များ‌ပေးအပ်ခြင်း၊ ဂုဏ်ပြုပူ‌ဇော်သည့်အ‌နေဖြင့် ဒုံးအက၊ ကရင့်ရိုးရာ ပျားဖွတ်အကတို့ဖြင့် ‌ဖျော်‌ဖြေခဲ့ သည်။

အခမ်းအနားသို့ ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး အပါအဝင် ကရင်တက္ကသိုလ် ‌ကျောင်းသူ၊ ‌ကျောင်းသားများ၊ ‌ကျောင်းသူ‌ကျောင်းသား‌ဟောင်းများ စုစု‌ပေါင်း ၂၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်လာသူ ကရင်‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးက “ဒီ‌နေ့ အခမ်းအနားမှာ ‌ရောက်ရှိ‌နေကြတဲ့ ဆရာ၊ ဆရာမ ကြီး‌တွေဆီမှာ ကျမ စာမသင်ခဲ့ရ‌ပေမဲ့ အန‌န္တော အနန္ဒငါးပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့၊ သင်ဆရာ၊ ကြားဆရာ တမျိုးမျိုး‌တော့ ပါဝင်ပါလိမ့်မယ်၊ ဒါ‌ကြောင့် ဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြုခွင့်ရတဲ့အတွက် အထူးပင် ဂုဏ်ယူပါတယ်။ ကျမအ‌နေနဲ့ ဆရာ ကြီး၊ ဆရာမကြီး‌တွေဆီမှာ သင်ယူစရာ၊ ‌လေ့လာစရာ အများကြီး ရှိပါ‌သေးတယ်။ ဆရာ၊ ဆရာမကြီး အားလုံးကလည်း ကျမကို အမြင်မ‌တော်တာ‌တွေ့ရင် အချိန်မ‌ရွေး ဆုံးမသင်ကြား‌ပေးနိုင်ပါတယ်”ဟု အခမ်းအနား အမှာစကားတွင် ထည့်သွင်း‌ပြောကြားခဲ့ သည်။

အဆိုပါ ဂုဏ်ပြုပူ‌ဇော်ပွဲကို ရန်ကုန်မြို့‌ပေါ်ရှိ တက္ကသိုလ် ကရင်‌ကျောင်းသူ၊ ‌ကျောင်းသား‌ဟောင်းများက ဦး‌ဆောင်ကာ အခမ်းအ နား ဖြစ်‌မြောက်‌ရေး‌ကော်မတီဖွဲ့စည်းပြီး ၂၀၁၄ခုနှစ်မှ စတင်ကာ နှစ်စဉ်ဂုဏ်ပြု ပူ‌ဇော်ပွဲ ကျင်းပခြင်းဖြစ်‌ကြောင်း ကရင်‌ကျောင်း သား‌ဟောင်းများက ‌ပြောသည်။