Home ဆောင်းပါး သန့်ရှင်း‌သောသမ္မတကြီး၏ သမ္မတသက်တမ်းကား မရှည်ကြာခဲ့ပါ

သန့်ရှင်း‌သောသမ္မတကြီး၏ သမ္မတသက်တမ်းကား မရှည်ကြာခဲ့ပါ

2487

(‌မောင်‌ကျော်စွာ)

(၂၀၁၈ခုနှစ်၊ မတ်လ ၂၂ရက်)

(တ‌ပေါင်းလ) မတ်လသည် ဘာ‌ကြောင့်ရယ်‌တော့ မသိ။ ထူးခြားသည်။ သို့တည်းမဟုတ် ထူးခြား‌သော အဖြစ်အပျက် များသည် မတ်လတွင် ဖြစ်ပျက်တာကို ‌တွေ့ရမည်။ မတ်လ၏ ပြက္ခဒိန်စာမျက်နှာ‌ပေါ်က ‌နေ့ရက်များကို ကြည့်လိုက်ပါ။ ထိုသို့ထူး ခြား‌သော အဖြစ်အပျက်များကို စီကာစဉ်ကာ သင် ‌တွေ့ရပါလိမ့်မည်။ (မတ်လ ၂ရက်၊ ၁၂ရက်၊ ၁၆ရက်၊ ၂၁ရက်၊ ၂၇ရက်၊ ၂၈ ရက် စတဲ့ ‌နေ့ရက်များနှင့် သက်ဆိုင်ရာဖြစ်ရပ်များသည် မတ်လကို အခြားလများနှင့်မတူ ခြားနား‌စေပါသည်)

ယခုလည်း ထူးခြား‌သောအဖြစ်အပျက် နှစ်ခုသည် မတ်လ၏ ‌နေ့တစ်‌နေ့ထဲတွင် ဖြစ်ပျက်ခဲ့‌လေပြီ။ ထို‌နေ့ကား မတ်လ ၂၁ ရက်‌နေ့ပင်။ ထို‌နေ့ကို ‌နောင်တွင် နိုင်ငံ‌တော်သမ္မတနှင့် လွှတ်‌တော်ဥက္ကဋ္ဌတို့ လက်ရှိထမ်း‌ဆောင်ဆဲ ရာထူးတာဝန်များက‌နေ ဆိုင်းမဆင့်ဗုံမဆင့် နုတ်ထွက်သွားကြ‌သော ‌နေ့အဖြစ် အမှတ်အသားပြုကြလိမ့်မည်ဟု ထင်သည်။

ပထမဦးစွာ သမ္မတကြီး ဦးထင်‌ကျော် နုတ်ထွက်တာကို ‌လေ့လာကြည့်ကြမည်။

“လက်ရှိအလုပ်တာဝန်များမှ အနားယူလို‌သော‌ကြောင့်” ဟူ‌သော အ‌ကြောင်းပြချက်ကိုသာ တိုတိ‌သော ‌ကြေညာချက် ၌ ဖတ်ရသည်။ နိုင်ငံ‌တော်ကို ကိုယ်စားပြုသည်၊ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်‌နေရာကို ရရှိသည်ဟု “၂၀၀၈ အ‌ခြေခံဥပ ‌ဒေ”က ပြဋ္ဌာန်းခြင်းခံရ‌သော ပုဂ္ဂိုလ်တစ်ဦးသည် ယခုကဲ့သို့ “စာတိုတစ်‌ကြောင်းဖြင့်” ရုတ်တရက် နုတ်ထွက်သွားသည်မှာ မဲဆန္ဒ ရှင်ပြည်သူအများအ‌ပေါ် ရက်စက်စိမ်းကားရာ‌ရောက်ပါသည်။ သို့တည်းမဟုတ် ပြည်သူများ၏ဆန္ဒကို ပစ်ပယ်ရာ‌ရောက်ပါသည်။ ကျန်းမာ‌ရေးမ‌ကောင်းဘူး ဆိုတဲ့ သတင်းကို သဲ့သဲ့ကြားကြရသည်။ သို့‌သော် တိတိကျကျ ပြည်သူ‌တွေ မသိနိုင်။ တ‌လောက ထိုင်းနိုင်ငံသို့ ‌ဆေးစစ်သွားသည်၊ ကျန်းမာ‌ရေး ‌ကောင်းမွန်‌ကြောင်း တစွန်းတစထုတ်ပြန်တာကို ဖတ်ကြရသည်။ ဒါကလွဲ၍ တခြားဘာမှမသိနိုင်။ သမ္မတကို လူထုဆန္ဒနဲ့ တိုက်ရိုက် ‌ရွေးချယ်တာမဟုတ်၊ သမ္မတ‌ရွေးချယ်‌မြှောက်‌ရေးအဖွဲ့က ‌ရွေးတာလို့ ‌ပြောရင်လည်း ရသည်။ အဘယ့်‌ကြောင့်ဆို‌သော် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ပုဒ်မ ၆ဝတွင် ထိုအတိုင်း ‌ရေးသားပြဋ္ဌာန်းထားခြင်း ‌ကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်‌စေ ပြည်သူလူထုက ‌ရွေး‌ကောက်ပွဲက‌နေ တခဲနက် ‌ရွေးချယ်တင်‌မြှောက်လိုက်‌သော ပါတီ၏ ကိုယ်စား လှယ်များက တဆင့်‌ရွေးချယ်လိုက်‌သော “နိုင်ငံ‌တော်သမ္မတ” ရဲ့ အ‌ကြောင်းအချက် တစုံတရာကို တိုင်းပြည်နဲ့လူထု သိ‌အောင် အာဏာရပါတီက ပြည့်ပြည့်စုံစုံ၊ ရှင်းလင်းတင်ပြဖို့ လိုအပ်သည်။ တာဝန်ရှိသည်။

‌နောက်တစ်ခုက သမ္မတကြီးဦးထင်‌ကျော်သည် နိုင်ငံ‌တော်သမ္မတတာဝန်ကို ၂နှစ်ပြည့်ဖို့ ၉ရက်အလိုမှာ နုတ်ထွက်သွား ခြင်းဖြစ်ပါသည်။ သမ္မတကြီးသည် ၂နှစ်တာကာလအတွင်း ဘာ‌တွေလုပ်ကိုင်‌ဆောင်ရွက်ခဲ့ပါသနည်း။ သမ္မတကြီးသည် ဥပဓိ ရုပ်၊ ပညာအရည်အချင်းနှင့် ရည်မွန်ယဉ်‌ကျေးမှုမှာ ၁၉၆၂၊ မတ်လ ၂ရက်‌နောက်ပိုင်းမှ ၃ဝ – ၃- ၂၀၁၆ အထိ သူတို့ကိုယ်သူတို့ နိုင်ငံ‌တော်သမ္မတ (ဝါ) နိုင်ငံ‌ခေါင်း‌ဆောင်အဖြစ် လုပ်ခဲ့ကြသူများနှင့် အပုံကြီး ကွာခြားပါသည်။ အရင်းခံ ခြားနားချက်(၄)ချက်ရှိ ‌ကြောင်း ‌တွေ့ရှိရပါသည်။

ယင်းအချက် ၄ချက်မှာ
၁။ ၁၉၆၂ မှ ၂၀၁၆ ထိ နိုင်ငံ‌တော်သမ္မတ (ဝါ) နိုင်ငံ‌တော်အကြီးအကဲအဖြစ် လုပ်‌ဆောင်ခဲ့ကြသူ အားလုံးနီးပါးမှာ စစ် ဗိုလ်စစ်သားများဖြစ်သည်။ စုစု‌ပေါင်း ၈ဦးရှိပါတယ်။ (‌ဒေါက်တာ‌မောင်‌မောင်မှအပ အားလုံး စစ်ဗိုလ်များဖြစ်သည်)

၂။ ထိုသူတို့မှာ ပြည်သူတို့၏ အကြည်အသာဆန္ဒဖြင့် ‌ရွေးချယ်တင်‌မြှောက်ခံခဲ့ရသူများ လုံးဝ မဟုတ်သည့်အချက်။
(ဗိုလ်‌နေဝင်းသည် သူ စိတ်ကြိုက်‌ရေးဆွဲအတည်ပြုခဲ့‌သော ၁၉၇၄ အ‌ခြေခံဥပ‌ဒေဖြင့် သူ့ကိုယ်သူ နိုင်ငံ‌တော်သမ္မတကြီးအဖြစ် အာဏာအပ်နှင်းခြင်းဖြစ်ပြီး ကျန်‌သောသူများက ဗိုလ်‌နေဝင်း၏ ဩဇာခံ အရုပ်သမ္မတများသာဖြစ်သည်)

၃။ ထိုသူတို့မှာ အာဏာစင်မြင့်‌ပေါ်သို့ ပြည်သူများအား ဖိနှိပ်သတ်ဖြတ်ခြင်းဖြင့် ‌ရောက်ရှိလာကြသူများဖြစ်ကာ ပြည်သူ များကို အကြမ်းဖက် ဖိနှိပ်အုပ်စိုးခြင်းဖြင့် သူတို့ အာဏာပလ္လင်ကို ခိုင်မြဲ‌စေခဲ့ကြသူများလည်း ဖြစ်သည်။

၄။ သို့ပါ၍ သူတို့ကိုယ်ခန္ဓာ၌ ပြည်သူတို့၏ အသက်‌သွေး‌ချွေးများစွန်း‌ပေ‌နေပြီး တိုင်းပြည်ပိုင်ဥစ္စာဓနများကို ထင်သလို ‌မောင်ပိုင်စီးခြင်းဖြင့် အဆမတန် ချမ်းသာကြွယ်ဝလာကြသူများလည်းဖြစ်သည်။

ယခုအခါ နိုင်ငံ‌တော်သမ္မတတာဝန်မှ ပူပူ‌နွေး‌နွေး နုတ်ထွက်သွားရှာ‌သော “နိုင်ငံ‌တော်သမ္မတကြီးဦးထင်‌ကျော်”သည် အထက်တွင် ‌လေ့လာတင်ပြခဲ့‌သော ဆိုးသွမ်းသမ္မတ (ဝါ) နိုင်ငံ့‌ခေါင်း‌ဆောင်ဆိုသူများ၏ အဂင်္ါရပ် ၄ရပ်မှ လုံးဝ ကင်းစင်သန့်ရှင်း သူ ဖြစ်ပါသည်။

ပြည်သူတို့သည် သမ္မတကြီးကို သက်တမ်းပြည့် တာဝန်ထမ်း‌ဆောင်‌စေချင်သည့် သ‌ဘောထားရှိကြပုံရပါသည်။ သို့ ‌သော်လည်း ပြည်သူများ၏ဆန္ဒ မပြည့်ဝခဲ့ပါ။ ထိုသို့ မပြည့်မဝဖြစ်ရခြင်း၏ အဓိကအ‌ကြောင်းအချက်မှာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌ကြောင့်ဟု ယူဆပါသည်။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”သည် ပြည်သူများ၏ဆန္ဒ မပြည့်ဝ‌အောင် စစ်အုပ်စုက တမင်အကွက်ချ စီစဉ် ‌ရေးဆွဲပြဋ္ဌာန်းထားသည့်ဥပ‌ဒေ ဖြစ်ပါသည်။

မြင်သာထင်ရှား‌သော သာဓကအချို့မှာ
– “သမ္မတကြီး” တာဝန်ထမ်း‌ဆောင်ခဲ့စဉ်ကာလအတွင်း တိုင်းရင်းသားအချင်းချင်း စစ်ဆင်တိုက်ခိုက်‌နေမှုမှန်သမျှ ချက်ချင်း ရပ် ဆိုင်းရန် “တပ်မ‌တော် (ဝါ) ကာချုပ်”ကို အမိန့်‌ပေးနိုင်ခြင်း မရှိပါ။
– ထို့အတူ နိုင်ငံ‌ရေးအကျဉ်းသမားမှန်သမျှ ခြွင်းချက်မရှိ လွှတ်‌ပေးရန်အတွက်လည်း မည်သို့ပင် ဆန္ဒရှိ‌နေပါ‌စေ မည်သို့မျှ မစွမ်းနိုင်ခဲ့ပါ။
– ထို့အပြင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”၏ မဆီ‌လျော်‌သော ပြဋ္ဌာန်းချက်များအနက် တစ်ခုဖြစ်သည့် “ပုဒ်မ ၅၉ (စ)” ကို ‌ကျော် လွန်နိုင် ရန်အတွက် ပြုလုပ်ပြဋ္ဌာန်းခဲ့ကြရ‌သော “နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပ‌ဒေ”၏ သက်‌ရောက်မှု‌ကြောင့် ‌ပေါ်‌ပေါက် လာရသည့် လက်‌တွေ့နှင့် ဂယက်ထမှုများကလည်း သမ္မတကြီးဦးထင်‌ကျော်အ‌ပေါ်ဂရုဏာ‌ဒေါ‌သော ဖြစ်ကြရသည်။

‌ဖော်ပြပါ ပုံစံမမှန်‌သော က‌မောက်ကမမှုများ၏ အရင်းမူလဇစ်မြစ်သည် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ဖြစ်ပြီး ထိုဥပ‌ဒေကို အရှိ အရှိတိုင်း လက်ခံသည်ဟုဆိုကာ မပြင်မဆင်ဘဲ ဇွတ်တိုးဝင်‌ရောက်သွားကြသည့် “စစ်ကိုင်း‌ရောက်‌ရောက် လုပ်ဟန်”မှာ စစ်မှန်‌သော ဒီမိုက‌ရေစီကို လိုလား‌တောင့်ကြသူများအတွင်း ယ‌နေ့ ကြုံ‌တွေ့‌နေရ‌သော ‌သွေးကွဲမှု၊ အစည်း‌ပြေမှု၊ အပြန်အလှန် ထင်‌ယောင်ထင်မှား ဖြစ်ကြရမှုများ၏ အဓိက‌ရေခံ‌မြေခံ ဖြစ်‌နေပါသည်။ သို့ပါ၍ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို မဖျက်သိမ်းဘဲ ယ‌နေ့ ကာလတွင် တ‌နေ့တမျိုး မရိုးရ‌အောင် ‌ပေါ်‌ပေါက်ဖြစ်ပွား‌နေ‌သော ဖြစ်ရပ်များ၊ ပြဿနာများကို ပြီးပြတ်‌ပြေလည်‌အောင် ‌ဖြေရှင်း နိုင်လိမ့်မည် မဟုတ်ပါ။

တခြား‌ဝေး‌ဝေးကြည့်ရန် မလိုအပ်ပါ။
နိုင်ငံ‌တော်သမ္မတကြီး ရုတ်တရက် နုတ်ထွက်သွားမှုအ‌ပေါ် ပြည်သူများရဲ့ စာနာဂရုဏာထားမှု ဒီလှိုင်းဟာ ပြည်သူ့ လွှတ်‌တော် ဥက္ကဋ္ဌ‌နေရာ အစားထိုး ‌ရွေးချယ်လိုက်မှု‌ကြောင့် ‌ဒေါသဒီ‌ရေအဖြစ် အရှိန်အဟုန်နဲ့ ‌ပြောင်းလဲသွားခဲ့ရပြီ မဟုတ်ပါ လား။
ဒါ့အပြင် လစ်လပ်သွားတဲ့ သမ္မတ‌နေရာ အသစ်ထပ်မံခန့်အပ်‌ရေးကလည်း ပြည်သူများကို ပိုမိုပြီး ‌ဒေါသဖြစ်‌စေမလား မ‌ပြောတတ်ပါ။ ထပ်မံ အသစ်‌ရွေးချယ်၍ ‌ပေါ်‌ပေါက်လာမည့် “နိုင်ငံ‌တော်သမ္မတသစ်”က‌ရော “၂၀၀၈အ‌ခြေခံဥပ‌ဒေ”၊ “ကာချုပ်” နှင့် “နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပ‌ဒေ” အကြားမှာ ဘာများတတ်နိုင်ပါမည်နည်း။
‌သေချာ‌သောအချက်တစ်ခုမှာ အများပြည်သူ မကြည်ဖြူ‌သော သမ္မတများ သက်တမ်းရှည်ကြာသ‌လောက် သန့်ရှင်း ‌သော သမ္မတကြီးဦးထင်‌ကျော်၏ သမ္မတသက်တမ်းကား မရှည်ကြာခဲ့ပါ။