Home သတင်း ဖားအံ ကရင်စာ‌ပေသင်တန်း ပြည်နယ်/တိုင်း(၆)ခုမှ သင်တန်းသား ၇၀ဝ ‌ကျော် တက်‌ရောက်‌နေ

ဖားအံ ကရင်စာ‌ပေသင်တန်း ပြည်နယ်/တိုင်း(၆)ခုမှ သင်တန်းသား ၇၀ဝ ‌ကျော် တက်‌ရောက်‌နေ

2617

မတ် ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ပြည်နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှဦး‌ဆောင်ပြီး ဖားအံမြို့တွင်ပြုလုပ်သည့် ၄၈ ကြိမ်‌မြောက် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု ဆရာဖြစ်(နည်းပြ) သင်တန်းတွင် ကရင်ပြည်နယ်အပါအဝင် အခြား ပြည်နယ်နှင့်တိုင်း‌ဒေသကြီး များမှ ကရင်လူငယ်‌မောင်မယ် သင်တန်းသား/သူ စုစု‌ပေါင်း ၇၀ဝ ဦး‌ကျော် တက်‌ရောက်ပြီး ယ‌နေ့မတ်လ ၂၈ ရက်‌နေ့တွင် အခမ်းအနားနှင့်တကွ စတင်ဖွင့်လှစ်လိုက်သည်။

ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုများကို ဆင့်ပွားပြန်လည် သင်ကြားနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ယခုသင် တန်းကို ကရင်ပြည်နယ်အပြင် မွန်ပြည်နယ် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီ စသည့် တိုင်း‌ဒေသကြီးများမှ ကရင်လူငယ် သင် တန်းသား/သူ ၆၀၆ ဦး နှင့် ပြင်ပမှ တက်‌ရောက်သူ ၁၁၇ ဦး၊ စုစု‌ပေါင်း ၇၂၃ ဦး ပါဝင်တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

သင်တန်း၏ စာ‌ပေတာဝန်ခံ ‌စောဆိုတိုင်‌ဖောင်က “ အရင်က ဆက်သွယ်‌ရေး အားမ‌ကောင်းခဲ့ဘူး။ အခုဆို သွားလာရ လွယ်ကူတဲ့အပြင် လိုင်း(facebook)‌ပေါ်မှာလည်း သင်တန်းတက်‌ရောက်ဖို့ ဖိတ်စာ‌တွေနဲ့ ဖိတ်‌တော့ လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ နယ်စုံက လာ‌ရောက်ပူး‌ပေါင်းလာကြတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သင်တန်းအတွက် သင်တန်းသားများ‌ခေါ်ယူလက်ခံရာတွင်လည်း ‌ဝေးလံ‌သော‌ဒေသများမှအပ အနိမ့်ဆုံး ကရင်စာ ၂ တန်း‌အောင်မြင်ထားသူ၊ အ‌ခြေခံဒုံးအက တတ်‌မြောက်သူ၊ အသက် ၁၆ နှစ် အထက် ရှိပြီးသူ၊ အဌမတန်း ‌အောင်မြင်ထားသူများကိုသာ ဆရာဖြစ်မွမ်းမံသင်တန်းသို့ တက်‌ရောက်ရန် ကန့်သတ်ချက်များထား ရှိ‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ဖားအံမြို့၊ ကရင်‌ကျောင်းသားများ ရိပ်သာတွင် ဧပြီလ ၁၁ ရက်‌နေ့ အထိ ပြုလုပ်သွားမည့် အဆိုပါသင်တန်းတွင် ကရင်စာ‌ပေကဏ္ဍ၌ ပိုးကရင်(ဖလုံ)၊ စ‌ကောကရင်စာ (၂) မျိုးအပါအဝင် ယဉ်‌ကျေးမှုအပိုင်းတွင် ကရင်ရိုး ရာဒုံးအက၊ ကရင် ကဗျာလကင်္ာဖွဲ့နည်း၊ အတီးအမှုတ်များကိုလည်း နည်းပြ ဆရာ/မ ၁၁၂ ဦးမှ သင်ကြား ပြသ‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာမှ သင်တန်းတက်‌ရောက်လာ‌သော စသာခလိန်က “ မြို့နယ်ကိုယ်စားပြု လာတက်တာ။ ယဉ်‌ကျေးမှုဒုံးအကကို အဓိကထား သင်ယူသွားမယ်။ ကိုယ့်တိုင်း‌ဒေသမှာ ပြန်ပြီး ပို့ချသွားဖို့ ရည်ရွယ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြန့်ပွား‌ရေး အသင်းအ‌နေဖြင့် နှစ်စဉ် ကရင်စာ‌ပေ‌နွေရာသီ သင်တန်းဖွင့် လှစ်ခဲ့ရာ ယခု ၄၈ ကြိမ်‌မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆရာဖြစ်မွမ်းမံ သင်တန်းများအပြင် သီးခြား‌နွေရာသီ ကရင် စာ‌ပေ သင်တန်းများကိုလည်း ဖွင့်လှစ်လျှက်ရှိ‌ကြောင်း စာယဉ် တာဝန်ရှိသူများထံမှ သိရသည်။