Home သတင်း ဖာပွန် ပဋိပက္ခကို စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့ရန်နှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ‌တွေ့ဆုံ‌ဆွေး‌နွေးရန် စီစဉ်

ဖာပွန် ပဋိပက္ခကို စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့ရန်နှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ‌တွေ့ဆုံ‌ဆွေး‌နွေးရန် စီစဉ်

2166

မတ်လ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ယခုလအတွင်း ဖြစ်ပွားခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နှင့် တပ်မ‌တော်တို့အကြား စစ်‌ရေးအရ တင်းမာမှုကိစ္စကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC)မှ သီးခြားလွတ်လပ်သည့် စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ဖြင့် စစ်‌ဆေးမှုများပြုလုပ်ရန်နှင့် သက်ဆိုင်ရာ KNU တပ်ပိုင်းဆိုင်ရာ ‌ခေါင်း‌ဆောင်များနှင့် တပ်မ ‌တော်တို့အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ရန် စီစဉ်‌နေသည်ဟု KNU ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက ယ‌နေ့တွင် ‌ပြောသည်။

“အခု ‌တွေ့ဆုံဖို့အတွက်က‌တော့ JMCကိုလည်း တာဝန်‌ပေးထားတယ်။ ကျ‌နော်တို့ဘက်ကလည်း သူတို့နဲ့‌တွေ့ နိုင်ဖို့အတွက်လည်း ‌ဆောင်ရွက်‌နေတယ်။ တပ်ပိုင်းဆိုင်ရာ‌ပေါ့။ JMC အ‌နေနဲ့က လွတ်လပ်တဲ့ အစုအဖွဲ့ကို ဖွဲ့ပြီး ကွင်းဆင်းပြီး‌တော့ သက်ဆိုင်ရာ အဖွဲ့‌တွေနဲ့‌တွေ့ဖို့‌တော့စီစဉ်‌နေတယ်။ အဲ့ဒါက‌တော့ တစ်ပိုင်း‌ပေါ့။ ကျ‌နော်တို့ဘက်က လည်း တိုက်ရိုက်ပတ်သက်တဲ့အစုအဖွဲ့‌တွေကလည်း ‌တွေ့ဆုံဖို့က စီစဉ်‌နေတုန်းပဲ” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံရန် စီစဉ်ရာ၌ KNUအ‌နေဖြင့် ၎င်းတို့ဖွဲ့စည်းထားသည့် စစ်ဘက်‌ရေးရာ ညှိနှိုင်း‌ရေးအဖွဲ့နှင့် သက်ဆိုင်ရာ အစိုး ရတပ်မ‌တော်ဘက်မှ တပ်မှူး၊ တိုင်းမှူးအဆင့်အရာရှိများနှင့် ‌တွေ့ဆုံသွားမည်ဖြစ်သလို ဗဟိုအ‌နေဖြင့် ‌ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ‌တွေ့ဆုံသွားရန်လည်း KNUအ‌နေဖြင့် စဉ်းစားထားချက်ရှိ‌ကြောင်း၊ ‌တွေ့ဆုံမှုကို အမြန်ဆုံး ‌တွေ့ဆုံသွားနိုင်ရန် လတ်တ‌လောတွင် စီစဉ်‌နေ‌ကြောင်းလည်း ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

KNU အ‌နေဖြင့် (၁၆) ကြိမ်‌မြောက်ကွန်ဂရက်မှ ချမှတ်ထားသည့် ပြည်တွင်းငြိမ်းချမ်း‌ရေးအ‌ပေါ်ထားရှိ‌သော သ‌ဘော ထားများ၊ ‌ရှေ့လုပ်ငန်းစဉ်များနှင့်အညီ စစ်မှန်ပြီး တရားမျှတ‌သော ငြိမ်းချမ်း‌ရေးအ‌ကောင်အထည်‌ဖော်မှုများ ဖြစ်‌ပေါ်‌ရေး အတွက် သက်ဆိုင်ရာ အင်အားစုများနှင့်‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးအ‌ဖြေရှာသွားရန် ယခုလ ၁၆ ရက်‌နေ့က မူတ‌ရော် (ဖာပွန်)စစ်‌ရေးတင်းမာမှုကိစ္စရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ သ‌ဘောထားကို ထုတ်ပြန်ထားသည်။

၎င်းသ‌ဘောထားထုတ်ပြန်ချက်အရ တပ်မ‌တော်အ‌နေဖြင့် နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန်နှင့် လူ‌သောမြို့နယ်၊ လယ်မူပ‌လော၊ ‌ခေးပူ‌ကျေးရွာအုပ်စုမှ လမ်း‌ဟောင်းဆက်လက်‌ဖောက်လုပ်ရန် ‌စေလွှတ်ထားသည့် တပ်အင်အားများကိုလည်း ရုတ်သိမ်းရန် ‌တောင်းဆိုထားမှုရှိပြီး ယင်းကိစ္စအ‌ပေါ် ယခုအချိန်ထိ တပ်မ‌တော်ဘက်မှ တစုံတရာ သ‌ဘောထား ထုတ်ပြန်လာမှုမရှိ‌သေး‌ကြောင်း သိရသည်။

၎င်းဖြစ်ပွားခဲ့သည့် စစ်‌ရေးတင်းမာမှုအတွင်း တပ်မ‌တော်နှင့် KNUတပ်မဟာ(၅)အကြား ပစ်ခတ်မှု (၆)ကြိမ်ဖြစ် ပွားခဲ့ရာ ထိုစစ်‌ရေးပဋိပက္ခအ‌ခြေအ‌နေ‌ကြောင့် လယ်မူပ‌လော၊ ‌ခေးပူ‌ကျေးရွာအုပ်စုမှ ‌ကျေးရွာ‌ပေါင်း (၁၄)ရွာမှ ‌ဒေသခံ‌ပေါင်း နှစ်‌ထောင်နီးပါး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရပြီး ယ‌နေ့အချိန်အထိ မိမိ‌နေရပ်သို့ ပြန်လည်အ‌ခြေချနိုင်ခြင်းမရှိ‌သေးဘဲ စားနပ်ရိက္ခာ လိုအပ်မှုများရှိ‌နေ‌ကြောင်း ကရင်အရပ်ဖက်အဖွဲ့များက ဆိုသည်။

ထိုသို့ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဆဲ ‌ဒေသခံ ကရင်ပြည်သူ တစ်‌ထောင်‌ကျော်သည် ယ‌နေ့ (မတ်လ ၁၉ ရက်)တွင် လယ်မူပ‌လော ‌ကျေးရွာအုပ်စု တစ်‌နေရာ၌ စု‌ဝေး၍ ၎င်းတို့၏ ဘိုးဘွားပိုင်‌မြေ‌ပေါ်သို့ မြန်မာ့တပ်မ‌တော်၏ တပ်အင်အား တိုးချဲ့ ထိုးစစ်ဆင်‌နေခြင်းကို ကန့်ကွက်‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေးအတွက် ကရင်ရိုးရာဝတ်ပြုဆု‌တောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ရာ အစိုးရ တပ်မ‌တော်မှ လမ်း‌ဖောက်လုပ်မှုကို ရပ်တန့်ရန်နှင့် တပ်စခန်းများ ပြန်လည် ရုတ်သိမ်း‌ပေးရန် ‌တောင်းဆိုခဲ့သည်။

ယင်းဝတ်ပြုဆု‌တောင်းပွဲတွင် ပါဝင်ခဲ့သူ လယ်မူပ‌လောရွာမှ အဖွား ‌နော်ဖွယ်က“ က‌လေးဘဝကတည်းက မြန်မာ စစ်သား ‌တွေရဲ့ရန်က လွတ်‌အောင် ‌ပြေး‌နေရတာ အခု အဖွားအိုပြီ။ တစ်ဘဝလုံးမှာလည်း အခက်အခဲ‌တွေနဲ့ ‌ဝေဒနာ‌တွေကို ရင် ဆိုင်ခဲ့ရတယ်။ မြန်မာစစ်သား‌တွေ ဒီကိုလာပြီး သူတို့စစ်‌ရေးအတွက် သုံးမယ့်လမ်းကြီးကို မ‌ဆောက်‌စေချင်ဘူး။ ကျမတို့ကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ‌နေခွင့်ပြု‌စေချင်တယ်။”ဟု ၎င်းဝတ်ပြုဆု‌တောင်းပွဲ၏ သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

အစိုးရနှင့် KNU အကြား အပစ်ရပ်စာချုပ် (NCA) ကို ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ (၁၅) ရက်‌နေ့တွင် လက်မှတ် ထိုးထားခဲ့‌သော်လည်း အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ (၅) တပ်ဖွဲ့ဝင်များအကြားတွင် သတ်မှတ်နယ်‌မြေ ကိစ္စနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ပစ်ခတ်မှု ၁ဝ ကြိမ်အထိဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစိုးရတပ်မ‌တော်ဘက်မှ တပ်စွဲထားမှုများရှိ‌နေခြင်း‌ကြောင့် နှစ်ဖက်တပ်အကြား တင်းမာမှုများရှိ‌နေဆဲဟု KNU တပ်မဟာ(၅)ဘက်က ‌ပြောသည်။