Home သတင်း ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ‌ကျောက်ကြီးမြို့တွင် ပြုလုပ်မည့်‌ဆွေး‌နွေးပွဲ ရက်‌ရွေ့ဆိုင်း

ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ‌ကျောက်ကြီးမြို့တွင် ပြုလုပ်မည့်‌ဆွေး‌နွေးပွဲ ရက်‌ရွေ့ဆိုင်း

2380

မတ်လ ၂၉၊ ၂၀၁၈ခုနှစ်။ နမ့်ဘွားခလိန်၊ ‌နော်‌ဒွေးအယ်ခူ

ဖာပွန်ဖြစ်စဉ်နှင့် ပတ်သက်‌သော ‌ဆွေး‌နွေးပွဲကို ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်တွင် ယခုလ ၂၉ရက်နှင့် ၃ဝရက်‌နေ့ တွင် ကျင်းပမည့် ရက်‌ရွေ့ဆိုင်းလိုက်‌ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-U) အတွင်း‌ရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏ‌အောင်က ‌ပြောသည်။

“‌တွေ့ဆုံပွဲကျင်းပမယ့်ရက်ကို အပြန်အလှန် ညှိနှိုင်းပြီးမှ သိရမယ်။ အဓိက အ‌ရေးကြီးတဲ့ တပ်မဟာ(၅)လည်း ပါဝင်တက် ‌ရောက်ဖို့ လိုတယ်။ ဘယ်သူ‌တွေ တက်‌ရောက်မလဲဆိုတာ ညှိနှိုင်း‌နေကြတုန်းပဲ။ ရလဒ်က‌တော့ မထွက်လာ‌သေးဘူး”ဟု ၎င်းက ဆက်‌ပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း လမ်း‌ဖောက်လုပ်မှုနှင့် ပတ်သက်ပြီး တပ်မ‌တော်နှင့် KNU တပ်မဟာ(၅)အကြား ထိ‌တွေ့မှုများ ဖြစ်ပွားခဲ့ရာ လတ်တ‌လောတွင် တိုက်ပွဲများ ရပ်ဆိုင်းထား‌သော်လည်း နှစ်ဖက် ‌တွေ့ဆုံ‌ဆွေး ‌နွေးရန် လိုအပ်‌နေ‌သော‌ကြောင့် ‌ကျောက်ကြီးမြို့တွင် ‌တွေ့ဆုံရန် မူလက စီစဉ်ထားခြင်း ဖြစ်သည်။

JMC-U ဒုတိယဥက္ကဌ ‌စောအိုင်းဇက်ဖိုးက “နှစ်ဖက်အဖွဲ့‌တွေက မအားဘူး။ ‌တွေ့ဆုံပွဲလုပ်ဖို့ကို ညှိနှိုင်း‌နေကြတုန်းပဲ။ ညှိနှိုင်းပြီးမှပဲ ‌ဆွေး‌နွေးပွဲလုပ်မယ့်ရက်ကို သိရမယ်”ဟု ‌ပြောသည်။

နှစ်ဖက် ထိ‌တွေ့မှုများ‌ကြောင်း ဖာပွန်ခရိုင်အတွင်းရှိ ‌ဒေသခံနှစ်‌ထောင်နီးပါး စစ်‌ဘေး‌ရှောင်‌နေရပြီး လက်ရှိအချိန်ထိလည်း
‌နေရပ်မပြန်နိုင်‌သေး‌ကြောင်း သိရသည်။