Home သတင်း ဖာပွန်စစ်‌ဘေး‌ရှောင်များ ငြိမ်းချမ်း‌ရေးအတွက် ဝတ်ပြုဆု‌တောင်းပွဲပြုလုပ်၊ တပ်ရုတ်သိမ်း‌ရေး ‌တောင်းဆို

ဖာပွန်စစ်‌ဘေး‌ရှောင်များ ငြိမ်းချမ်း‌ရေးအတွက် ဝတ်ပြုဆု‌တောင်းပွဲပြုလုပ်၊ တပ်ရုတ်သိမ်း‌ရေး ‌တောင်းဆို

2155

မတ်လ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် KNU ဖာပွန်ခရိုင်အတွင်း လတ်တ‌လောဖြစ်ပွား‌နေသည့် ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရ သည့် ‌ကျေးရွာများမှ ‌ဒေသခံများ ဦး‌ဆောင်ပြီး ငြိမ်းချမ်း‌ရေးအတွက် ဝတ်ပြုဆု‌တောင်းပွဲတစ်ခုကို ယ‌နေ့ (မတ်လ ၁၉ ရက်)တွင် လူ‌သောမြို့နယ် လယ်မူပ‌လော‌ကျေးရွာအုပ်စု လယ်ခို ‌ကျေးရွာ၌ ပြုလုပ်ခဲ့ပြီး တပ်ရုတ်သိမ်း‌ပေး‌ရေးလုပ်‌ဆောင် ရန် ‌တောင်းဆိုခဲ့သည်ဟု သိရသည်။

လူ‌သောမြို့နယ်အတွင်းရှိ လယ်မူပ‌လော၊ ‌ခေးပူ၊ ယယ်မူပ‌လောစသည့်‌ကျေးနယ်များမှ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရသည့် ‌ကျေးရွာ ၂ဝ ‌ကျော်မှ ‌ဒေသခံ ၁,ဝဝဝ ခန့် ပါဝင်သည့် ယင်းဝတ်ပြုဆု‌တောင်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး ဦး‌ဆောင် စီစဉ်သူတစ်ဦးဖြစ်သည့် လယ်မူပ‌လော‌ကျေးရွာ‌ဒေသခံ ‌စောသီးအိုမူးက ယခုလို‌ပြောသည်။

၎င်းက “ ရည်ရွယ်ချက်က‌တော့ ကျ‌နော်တို့ ‌အေး‌အေးချမ်းချမ်း‌နေချင်တယ်။ ကျ‌နော်တို့ ‌နေရာမှာ အစိုးရတပ်‌တွေလာ ‌ရောက် လမ်း‌ဖောက်တာ မကြိုက်ဘူး။ ပဋိပက္ခ မဖြစ်‌စေချင်တာရယ်‌ကြောင့် အခုလို ကျ‌နော်တို့ ရွာသူရွာသား‌တွေစုပြီး ဆု ‌တောင်းပွဲလုပ်တာဖြစ်တယ်”ဟု ‌ပြောသည်။

ထိုသို့ဆု‌တောင်းပွဲပြုလုပ်ရာတွင် တက်‌ရောက်လာသည့် ‌ဒေသခံများမှ မိမိတို့ကိုးကွယ်ယုံကြည်ရာ ရိုးရာဓ‌လေ့ထုံတမ်း များဖြင့် ဆု‌တောင်းခြင်းအပြင် သက်ဆိုင်ရာ ဘာသာအလိုက်ဝတ်ပြုဆု‌တောင်းခြင်းများပြုလုပ်ခဲ့ကြပြီး ယ‌နေ့ မတ်လ ၁၉ ရက်‌နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ခုကိုလည်း ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် အဓိကအားဖြင့် အဆိုပါ နယ်‌မြေများအတွင်း အခိုင်အမာ တည်‌ဆောက်ထားသည့် အစိုးရ တပ်စခန်းများအား ရုတ်သိမ်း‌ပေး‌ရေး၊ KNU ‌ခေါင်း‌ဆောင်များနှင့်မြန်မာ့တပ်မ‌တော်တို့မှ အဆိုပါ တပ်စခန်းရုတ် သိမ်း‌ပေး‌ရေးအတွက် ဦးစား‌ပေး‌ဆောင်ရွက်‌ရေးအပါအဝင် လမ်း‌ဖောက်‌နေမှုများအား ရပ်တန့်‌ပေး‌ရေး၊ စစ်‌ဘေး‌ရှောင်‌နေရ သည့် ‌ဒေသခံများအား နိုင်ငံတကာမှအကူအညီ‌ပေး‌ရေး စသည့်အချက်များပါဝင်သည်ဟု သိရသည်။

ဆု‌တောင်းပွဲတွင် ပါဝင်သည့် လယ်မူပ‌လောရွာသား ‌စောညာ့ခီသူးက “အစိုးရတပ်‌တွေ ကျ‌နော်တို့ ‌ဒေသမှာ ဝင်‌ရောက်လှုပ်ရှားတာကို မကြိုက်ဘူး။ ပြန်ဆုတ်‌စေချင်တယ်။ အစိုးရတပ်‌တွေ လှုပ်ရှားမှု‌တွေ ရှိလာ‌တော့ ကျ‌နော်တို့ ရွာသူရွာသား‌တွေ ‌ရွှေ့‌ပြောင်းပုန်း‌ရှောင် ‌နေရတာ မ‌ပျော်ဘူး‌ပေါ့။ ကျ‌နော်တို့ ရွာသူရွာသား‌တွေ အခုအကုန်ထွက်‌ပြေး ကုန်ပြီ” ဟု ‌ပြောသည်။

ထို့အပြင် ‌တောင်ယာစိုက်ပျိုး‌ရေးနှင့်သာ မှီခို‌နေရသည့် ‌ဒေသခံများအတွက် ယခု ‌တောင်ယာခုတ်ထွင်ရှင်း လင်းရ မည့်အချိန်ဖြစ်‌သော်လည်း လက်ရှိအ‌ခြေအ‌နေများအရ အဆိုပါ နယ်‌မြေများအတွင်း ညတိုင်းလိုလို ပစ်ခတ်မှုဖြစ်ပွား‌နေဆဲဖြစ်သည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လူ‌သောမြို့နယ်အတွင်းရှိ ‌ဖောက်လုပ်မှု ရပ်ထားသည့် ‌ခေးပူ-လယ်မူပ‌လော ကားလမ်း ‌ဟောင်းအား တပ်မ‌တော်ဘက်မှ ဆက်‌ဖောက်ရန် ကြိုးပမ်းမှု‌ကြောင့် မတ်လ ၄ ရက်‌နေ့မှ စတင်ကာ KNLA တပ်မဟာ ၅ လက်‌အောက်ခံတပ်ဖွဲ့ဝင်များနှင့် တပ်မ‌တော်တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ‌ဒေသခံ နှစ်‌ထောင်နီးပါး ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရခြင်းဖြစ်သည်။