Home သတင်း ဖာပွန်ခရိုင် ပဋိပက္ခအ‌ပေါ် KNU ဗဟို ရပ်တည်ချက် အားမလိုအားမရ ဖြစ်ရ‌ကြောင်း IKO ဆို

ဖာပွန်ခရိုင် ပဋိပက္ခအ‌ပေါ် KNU ဗဟို ရပ်တည်ချက် အားမလိုအားမရ ဖြစ်ရ‌ကြောင်း IKO ဆို

2478

မတ်လ ၁၂ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ယခုနှစ် မတ်လ ပထမအပတ်က KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)နယ်‌မြေ အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူအကြားပစ်ခတ်မှုအပါအဝင် ‌ဒေသခံရွာသား‌ထောင်ချီ၍ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရမှုအ‌ပေါ် KNU ဗဟို၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အားမလိုအားမရဖြစ်ရ‌ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက မတ်လ (၉)ရက်‌နေ့တွင် ထုတ်ပြန်ချက် ထုတ်ပြန်၍ ‌ပြောဆိုလိုက်သည်။

KNU အ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ အတက်ကြွဆုံးပါဝင်လုပ်‌ဆောင်‌နေ‌သော်လည်း ၎င်းဖြစ်ပွားခဲ့ သည့် နယ်‌မြေကျူး‌ကျော်ရန်စမှုတွင် KNU အား အထင်‌သေးခြင်းနှင့် ကရင်ပြည်သူလူထုအ‌ပေါ် ‌စော်ကားခြင်း ဖြစ်သလို ငြိမ်းချမ်း ‌ရေးကို ဖျက်လိုဖျက်ဆီးပြုလိုသည့် သ‌ဘော‌ဆောင်ခြင်းအ‌ပေါ် တစုံတရာ ထုတ်ပြန်‌ပြောဆိုမှုမရှိဘဲ ‌ရေငုံနုတ် ပိတ်‌နေခြင်း ‌ကြောင့် ကရင်ပြည်သူလူထုများမှ အားမလို အားမရဖြစ်ရ‌ကြောင်း IKO၏ ‌ပြောခွင့်ရ မန်း‌အော်လန်းဒိုက ယခုလို ‌ပြော သည်။

“အခုဖြစ်ပွားမှုကို တပ်မဟာ(၅)က ဒီကိစ္စအ‌ပေါ် JMCကို ကန့်ကွက်စာတင်တာမျိုးသာ ‌တွေ့ရတယ်။ ဗဟိုက‌နေ ကျ‌နော်တို့ ကရင်ပြည်သူ‌တွေ ‌ကျေနပ်‌လောက်တဲ့ တုံ့ပြန်‌ဖြေရှင်းမှုမျိုးလုပ်တာ မ‌တွေ့ရတဲ့အ‌ပေါ် အားမလိုအမရ ဖြစ်မိတာ‌ပေါ့‌နော်။ အဆင့်လိုက်အဆင့်လိုက် ဗဟို၊ ဗဟိုချင်းစကား‌ပြောဖို့လိုအပ်တယ်။ ‌နောက်ပြီး အခု ထွက်‌ပြေးတိမ်း ‌ရှောင်‌နေ ရတဲ့ ဒုက္ခသည်‌တွေက ဘယ်‌လောက်ရှိလဲ ဘယ်လို‌တွေအကူအညီ‌တွေလိုအပ်‌နေ သလဲဆိုတာမျိုးကိုပါ ‌ကေအဲန်ယူဗဟိုက ထုတ်ပြန်သင့်တာ‌ပေါ့ ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောဆိုခဲ့သည်။

ထို့အပြင် အစိုးရတပ်မ‌တော်၏ စစ်ဆင်‌ရေးလုပ်ငန်းများအတွက် KNU ကန့်သတ်နယ်‌မြေအတွင်း ဇွတ်အတင်း လမ်း‌ဖောက် လုပ်‌နေခြင်းနှင့် လက်ရှိ တပ်စွဲ‌နေရာယူထားခြင်းတို့သည် ဗိုလ်ကျ အနိုင်ကျင့်ခြင်း လုပ်ရပ်ဖြစ်သည် သာမက စစ်မှန်‌သော ငြိမ်းချမ်း‌ရေးကို မလိုလား‌ကြောင်း ထုတ်‌ဖော်ပြသခြင်းဖြစ်သည့်အ‌ပေါ် အပြင်အထန်းရှုတ်ချ‌ကြောင်း IKOက ဆိုသည်။

လက်ရှိ စစ်‌ရေးတင်းမာမှု ဖြစ်‌ပေါ်‌နေသည့် ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင် လူ‌သောမြို့နယ်ရှိ ‌ခေးပူနှင့် လယ်မူပ ‌လောကြား ကားလမ်း‌ဖောက်မှုသည် စစ်‌ရေးအတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်-NCA အခန်း (၂) အပိုဒ် (၈)နှင့် အခန်း (၃) အပိုဒ်(က)ကို ချိုး‌ဖောက်ရာ‌ရောက်သည့်အပြင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက် လာနိုင်သည့်အတွက် တပ်ဘက်က ဆက်မလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ၊ တပ်မဟာ (၅)က မတ် ၈ ရက်စွဲဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC)ထံ ကန့်ကွက်စာ‌ပေးပို့ထားသည်။

ထို့အပြင် ၎င်းပဋိပက္ခအ‌ခြေ အ‌နေများ‌ကြောင့် မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လောနှင့် ‌ခေးပူ‌ကျေးရွာအုပ်စု နှစ်စုထဲရှိ ‌ဒေသခံရွာသား စုစု‌ပေါင်း နှစ်‌ထောင်နီးပါး ‌ခြေဦးတည့်ရာသို့ ယ‌နေ့အထိ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာ‌ဆေးဝါးအကူအညီများလိုအပ် ‌နေသလို ၎င်းထွက်‌ပြေး တိမ်း‌ရှောင်‌နေသည့် ‌ဒေသခံများ၏ အိမ်‌မွေးတိရိစ္ဆာန် များကို တပ်မ‌တော်တပ်သားများမှ ပစ်သတ်စား‌သောက်ခြင်းများရှိ‌နေသည်ဟု ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန် ရက်-KPSNကလည်း မတ်လ ၉ရက်‌နေ့က ထုတ်ပြန်ထားသည်။

၎င်းကိစ္စအ‌ပေါ် KNU အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက“ ဒီကိစ္စကို NCA ကိုအ‌ခြေခံပြီး‌တော့မှ ‌ဖြေရှင်းရမယ်‌လေ။ JMCရဲ့ Code of Conduct (နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း)အ‌ခြေခံထဲမှာ ဒီလို လမ်း‌ဖောက်တဲ့ ကိစ္စ‌တွေက Code of Conduct အရ ဘယ်လိုအကျုံးဝင်သလဲ၊ ဘယ်လို မလုပ်သင့်တဲ့အချက်ထဲမှာ ပါသလဲဆိုတဲ့ဟာနဲ့ပတ်သက်လို့ ကျ‌နော်တို့ ညှိနှိုင်း‌ဆွေး‌နွေးတာ‌တွေလုပ်ရမှာ‌ပေါ့။ လိုအပ်မယ်ဆိုတဲ့‌ဖြေရှင်းမှုအားလုံးကို လုပ်သွားမှာပါ။ NCAကို အ‌ခြေခံ တဲ့‌တွေ့ဆုံမှုနဲ့ပတ်သက်တာ JMCလည်း ဖြစ်နိုင်တယ်။ ‌အောက်‌ခြေအချင်းချင်းတပ်‌တွေလည်းဖြစ်နိုင်တယ်။ ဒါ‌ပေမဲ့ ကြား ထဲမှာ ကျ‌နော်တို့အကြားထဲမှာ ‌တွေ့ဆုံတဲ့အစည်းအ‌ဝေးကို‌စောင့်‌နေတယ်။ ဒီအစည်းအ‌ဝေးပြီးမှပဲ ကျ‌နော်တို့‌ပြောနိုင်မယ် ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့‌ပြောဆိုခဲ့သည်။

အစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်ရပ်စာချုပ် (NCA) ကို ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ (၁၅) ရက်‌နေ့တွင် လက်မှတ် ထိုးထားခဲ့‌သော်လည်း အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ (၅) တပ်ဖွဲ့ဝင်များအကြားတွင် သတ်မှတ်နယ်‌မြေကိစ္စ နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ‌ဖေ‌ဖော်ဝါရီအတွင်း ထိ‌တွေ့ပစ်ခတ်မှု (၄)ကြိမ်၊ ယခုလ မတ်လ ၅ရက် မှ ၇ ရက်‌နေ့ထိ ပစ်ခတ်မှု (၅) ကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ‌ပြောသည်။

IKO နိုင်ငံတကာကရင်အဖွဲ့အစည်းသည် အာရှ-ပစိဖိတ်၊ ဥ‌ရောပ၊ ‌မြောက်အ‌မေရိက စသည့်တိုက်ကြီးများရှိ နိုင်ငံ‌ပေါင်း ၃ဝ ‌ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။