Home သတင်း ဖာပွန်ကိစ္စ NCA အတိုင်း ထိန်းထိန်းသိမ်းသိမ်း ‌ဆောင်ရွက်ရန် ကရင်အမျိုးသားသဟာရအသင်း တိုက်တွန်း

ဖာပွန်ကိစ္စ NCA အတိုင်း ထိန်းထိန်းသိမ်းသိမ်း ‌ဆောင်ရွက်ရန် ကရင်အမျိုးသားသဟာရအသင်း တိုက်တွန်း

2244

မတ် ၂၈ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ အုပ်ချုပ်သည့် နယ်‌မြေအတွင်း တပ်မ ‌တော်က လမ်း‌ဖောက်လုပ်မှု‌ကြောင့် နှစ်ဖက်တပ်များအကြား မတ် ၅ ရက်‌နေ့မှ စတင်ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း အ‌ပေါ် NCA စာချုပ်ပါအတိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်‌ဆောင်ရန် ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်အမျိုးသားများသဟာရ အသင်း က မတ် ၂၈ ရက်‌နေ့တွင် ထုတ်ပြန်ချက်ထုတ်တိုက်တွန်း ‌ပြောဆိုသည်။

ယခုလို ထုတ်ပြန်ချက် ထုတ်တိုက်တွန်း‌ပြောဆိုရခြင်းနှင့် ပတ်သက်၍ အသင်း ဥက္ကဌ ‌စောလယ်ဝါးက“အဲ့ဒီ ‌ဒေသမှာ နှစ်ဖက်ပစ်ခတ်မှု လုံးဝမဖြစ်‌စေချင်ဘူး။ ဒီလို ပစ်ခတ်ခြင်းအားဖြင့် ကျ‌နော်တို့ ပြည်သူ လူထု‌တွေ ဒုက္ခ‌ရောက်သလို တဖက် ကလည်း နိုင်ငံ‌တော်က လုပ်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကိုလည်း တနည်းတဖုံ အ‌နှောင့်အယှက်ဖြစ်မယ်လို့ အတီး တို့က စိုးရိမ်တဲ့အတွက်‌ကြောင့် ဒီပစ်ခတ်မှုကို မဖြစ်‌စေချင်ဘူး‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ မတ် ၂၈ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ဖာပွန်ခရိုင်အတွင်း ‌ကေအဲန်ယူနှင့် အစိုးရတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ လာမည့် မတ် ၃ဝ ရက်‌နေ့ တွင် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်ရှိ ‌ကေအဲန်ယူ၊ ‌ညောင်‌လေးပင်ခရိုင် ဆက်ဆံ‌ရေးရုံး၌ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဟု ‌ကေအဲန်ယူနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် မှန်ကန်သည့် အ‌ဖြေရရှိရန် နှင့် ‌နောင်တွင် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွား‌ရေးအတွက် ‌ဆွေး‌နွေးအ‌ဖြေရှာရန် ကရင်အမျိုးသားများ သဟာရ အသင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် NCA ထိုးထားသည့် အဖွဲ့နှစ်ဖွဲ့ကြား ပစ်ခတ်မှုများမှတဆင့်တိုက်ပွဲများ ဖြစ်‌ပေါ်လာနိုင်သဖြင့် နှစ်ဖက် တပ်ဖွဲ့ဝင် များ နိုင်ငံ‌ရေးအရ အမြန်ဆုံး‌တွေ့ဆုံရှင်းလင်းရန်၊ ပစ်ခတ်မှုဖြစ်ပွားခြင်း‌ကြောင့် ငြိမ်းချမ်း‌ရေးအတွက် အ‌နှောင့် အယှက်ဖြစ်‌စေပြီး ‌ဒေသခံများ‌ပြေးလွှားစစ်‌ရှောင်ရပြီး ဒုက္ခများစွာကြုံ‌တွေ့ရ‌ကြောင်း၊ ထို့‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် မှုကို ‌လေးစား‌သော အားဖြင့်လည်း‌ကောင်း၊ ‌ဒေသခံများကို သက်ညှာသည့်အ‌နေဖြင့် လည်း‌ကောင်း၊ NCA စာချုပ်ပါ အတိုင်း နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းလုပ်‌ဆောင်သွားရန် စသဖြင့် အချက် ၅ ချက်ပါ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကရင်အမျိုးသားများ သဟာရ အသင်းကို ကရင်ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လုပ်‌ဆောင်ရန် ရည်ရွယ် ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။ အသင်းအ‌နေဖြင့် လုပ်ငန်း‌ဆောင်တာများကို ပြီးခဲ့ သည့် သုံးလခန့်မှစတင်လုပ်‌ဆောင်‌နေပြီး ဖြစ်ကာ အသင်းရုံးခန်းကို၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အမှတ် (၇ စီ)၌ ‌ဖေ‌ဖော်ဝါရီ ၂၄ ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်ဟု အသင်းတာဝန်ရှိသူများက ‌ပြောသည်။