Home သတင်း ပန်းတ‌နော်မြို့နယ်၌ (၆)ကြိမ်‌မြောက် ကရင်လူငယ်ဖွံ့ဖြိုး‌ရေး သင်တန်းကျင်းပ

ပန်းတ‌နော်မြို့နယ်၌ (၆)ကြိမ်‌မြောက် ကရင်လူငယ်ဖွံ့ဖြိုး‌ရေး သင်တန်းကျင်းပ

2130
Photo စပြည့်ဖြိုး‌ကျော်

မတ်လ ၂၉ရက်၊ ၂၀၁၈ခုနှစ်။ နမ့်ဘွားခလိန်၊ ‌နော်‌ဒွေးအယ်ခူ

ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ် သရက်‌ချောင်း‌ကျေးရွာတွင် ပန်းတ‌နော်မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်ဖွံ့ဖြိုး‌ရေး သင်တန်းကို မတ်လ ၂၆ရက်မှ ၃၁ရက်‌နေ့အထိ ကျင်းပ‌နေပြီဖြစ်‌ကြောင်း ကရင်လူငယ်ဖွံ့ဖြိုး‌ရေးတာဝန်ခံ စ‌ကျော်ဝင်းဦးက ‌ပြော သည်။

အနာဂတ်တွင် ကရင်လူငယ်များသည် လူမှု့ပတ်ဝန်းကျင်ဆိုင်ရာ အ‌တွေးအ‌ခေါ်များ၊ လူ့အခွင့်အ‌ရေးဆိုင်ရာ၊ ဥပ‌ဒေဆိုင်ရာ ဗဟုသုတများ ပညာ‌ရေးဆိုင်ရာ အသိပညာများနှင့် တသီးပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ သင်တန်းကျင်းပရခြင်းဖြစ် ‌ကြောင်း သိရသည်။

“ဧရာဝတီတိုင်းအတွင်းရှိတဲ့ မြို့နယ်အသီးသီးက ကရင်လူငယ်‌တွေ ‌တွေ့ဆုံပြီး သင်တန်းက‌နေတဆင့် သတင်းအချက်အလက် ‌တွေ အလုပ်အကိုင် အခွင့်အလမ်း‌တွေ တစ်‌ယောက်နှင့်တစ်‌ယောက် အပြန်အလှန် ‌ဆွေး‌နွေးဖလှယ်ကြပြီး‌တော့ အချင်းချင်း ယိုင်းပင်းကူညီလို့ ရတာ‌ပေါ့”ဟု စ‌ကျော်ဝင်းဦးက ‌ပြောသည်။

အဆိုပါသင်တန်းတွင် “လူမှုဝန်းကျင်မျှတဖို့ လူငယ်များ‌ပြောင်းလဲစို့” သင်တန်း‌ခေါင်းစဉ်ဖြင့် လူငယ်ဖွံ့ဖြိုးမှုနှင့် ‌ခေါင်း‌ဆောင်မှု၊ ငြိမ်းချမ်း‌ရေးနှင့် သဟဇာတဖြစ်ခြင်း၊ ကရင်လူငယ်များ၏ နိုင်ငံ‌ရေးလှုပ်ရှားမှုများ၊ ယဉ်‌ကျေးမှုဆိုင်ရာ အသိပညာနှင့် တန်ဖိုးထား မှုများအပြင် ပညာ‌ရေးဆိုင်ရာ၊ လူငယ်နှင့်မျိုးပွားမှုဆိုင်ရာ၊ လူမှုမီဒီယာ အထူး‌ဟော‌ပြောခြင်းများ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းကို ပန်းတ‌နော် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ(PLCC)၏ လူငယ်‌ရေးရာဆပ်‌ကော်မတီ (PKY)မှ ဦးစီး၍ Youth Cycle-YC (ရန်ကုန်)တို့ ပူး‌ပေါင်းကျင်းပပြီး ပန်းတ‌နော်မြို့နယ်အတွင်းရှိ ကရင်လူငယ်များအပြင် မအူ ပင်၊ ‌ညောင်တုန်း၊ ‌ရွှေ‌လောင်း၊ ဝါးခယ်မ၊ ကျုံ‌ပျော်၊ အိမ်မဲ၊ ကန်ကြီး‌ထောင့် စသည့်မြို့နယ်အသီးသီးမှ ကရင်လူငယ်များလည်း တက်‌ရောက်ကြ‌ကြောင်း သိရသည်။