Home သတင်း တနသင်္ာရီတိုင်း‌ဒေသကြီးရှိ မြို့နယ် ၂ မြို့နယ်တွင် ကရင်စာ‌ပေသင်တန်းများ ဖွင့်လှစ်သင်ကြား‌နေ

တနသင်္ာရီတိုင်း‌ဒေသကြီးရှိ မြို့နယ် ၂ မြို့နယ်တွင် ကရင်စာ‌ပေသင်တန်းများ ဖွင့်လှစ်သင်ကြား‌နေ

2074

မတ် ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ပု‌လောနှင့် သရက်‌ချောင်းမြို့နယ် တို့အတွင်းရှိ ‌ကျေးရွာ ၁ဝ ရွာတွင် မတ်လ ၂၁ရက်‌နေ့မှ စတင်ကာ ‌နွေရာသီ ကရင်စာ‌ပေ(လိက်ထူ့လီ) ဆင့်ပွားသင်တန်းများကို သင်ကြား‌နေပြီဖြစ် ‌ကြောင်း သင်တန်းမှူး ‌စော‌ယောင့်သာအဲဆန်က ‌ကေအိုင်စီသို့‌ပြောသည်။

ပု‌လောမြို့နယ်ရှိ ရွာ‌ပေါင်း (၉) ရွာနှင့် သရက်‌ချောင်းမြို့နယ်ရှိ ရွာ (၁) ရွာ၊ စုစု‌ပေါင်း (၁၀) ရွာတို့မှ သင်တန်း သား/သူ (၆၀၀) ဦး‌ကျော်အား ကရင်နှင့်မွန်ပြည်နယ်မှ သင်တန်းနည်းပြဆရာ/မ ၂၃ ဦးတို့က ကရင်စာ‌ပေကို အဓိကထား သင်ကြား‌နေခြင်းဖြစ်‌ကြောင်း ‌စော‌ယောင့်သာအဲဆန်က မတ်လ ၂၃ ရက်(ယ‌နေ့) တွင်‌ပြောသည်။

သူက “ စာ‌ပေသင်တန်းဖွင့်မယ်လို့‌ပြောပြီး က‌လေး‌တွေ စာ တစ်လုံး၊ နှစ်လုံး‌လေးပဲ တတ်လာတယ်။ ‌ပျော်ပွဲ ရွှင်ပွဲနဲ့ တခြား‌နေရာ‌နေမှာ အချိန်‌တွေ၊ ‌ငွေ‌တွေကို ‌ပေးကုန်လိုက်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွားအတွက် သိပ်မဖြစ်ထွန်းဘူး။ ‌နောက်ပြီး ပြည်သူ‌တွေက ပိုက်ဆံလည်း အဲ‌လောက်ရှိတာမဟုတ်ဘူး။ ဒါ‌ကြောင့် စာ‌ပေကိုပဲ အဓိကထား သင်ကြား‌ပေးရတာဖြစ်တယ်”ဟု ‌ပြောသည်။

၂၀၁၄ ခုနှစ်မှ စတင်ပြုလုပ်သင်ကြား‌နေ‌သော တနသင်္ာရီတိုင်း‌ဒေသကြီး၏ ကရင်စာ‌ပေဆင့်ပွားသင်တန်းများ တွင် မူလတန်းအဆင့်ကရင်စာ‌ပေအပြင် ဒုံးအကများ၊ ကရင်ရိုးရာတူရိယာ တီးခတ်မှုများကို မိတ်ဆက်သ‌ဘော အ‌နေဖြင့် သင်ကြား ပြသ‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ထို့အပြင် ‌ကျေးရွာတိုင်း၊ ‌နေရာတိုင်းတွင် ရှိ‌သော ကရင်စာ‌ပေဦး‌ဆောင်သူများအ‌နေဖြင့် က‌လေးငယ်များအား အမှန်တကယ် စာ‌ပေ တတ်‌မြောက်လာ‌အောင်သင်ကြားရန်လိုအပ်ပြီး ထိုသို့လုပ်‌ဆောင်မှသာ စာ‌ပေ အဆင့် အတန်းမြင့်မားလာမည်ဖြစ်‌ကြောင်း ‌စော‌ယောင့်သာအဲဆန်က ‌ပြောဆိုသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ယခုလို ကရင်စာ‌ပေ(လိက်ထူ့လီ) ‌နွေရာသီစာ‌ပေသင်တန်းမျိုးကို သင်တန်း သားအများအပြားဖြင့် ယ‌နေ့အထိ ပု‌လောမြို့နယ်တစ်ခုတည်းတွင်သာ ဖွင့်လှစ်သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး အခြားမြို့နယ်များတွင် ‌ကျေးရွာအဆင့် သင်တန်းများသာ ဖွင့်လှစ်သင်ကြားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုပြုလုပ်သည့် ဆင့်ပွားသင်တန်းများ ပို့ချပြီး‌နောက် ဧပြီလ ၉ ရက်၊ ၁ဝ ရက်နှင့် ၁၁ ရက်‌နေ့များတွင် (၅) ကြိမ်‌မြောက် ပု‌လောမြို့နယ်အဆင့် ကရင်စာ‌ပေ စု‌ပေါင်းသင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ် ‌ကြောင်းလည်း ယင်းသင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ပု‌လောမြို့နယ်အဆင့် အ‌နေဖြင့် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု သင်တန်းဆင်းပွဲကို ယခင်နှစ် စတုတ္ထအကြိမ် ‌မြောက်ကို ပု‌လောမြို့နယ်၊ ဆယ်အိမ်စုရွာတွင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ်‌မြောက်အဖြစ် ပု‌လောမြို့နယ်၊ မိ‌ချောင်းသိုက်‌ကျေးရွာတွင် ကျင်းပခဲ့ပြီ ဖြစ်သည်။