Home သတင်း ဂုဏ်သာ‌ဖောင်ရွာတွင် တလာခုံး ဘာသာဝင်‌ကောက်သစ်စားပွဲ ကျင်းပ

ဂုဏ်သာ‌ဖောင်ရွာတွင် တလာခုံး ဘာသာဝင်‌ကောက်သစ်စားပွဲ ကျင်းပ

2946

မတ်လ ၃ဝ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်လူမျိုးတလာခုံး(တလာကူး)ဘာသာဝင်များ၏ ဘူးဖင့်ဆင်လင် (စားပါးကျီ ကန်‌တော့ခြင်း)နှင့်‌ကောက်သစ် စားပွဲကို မတ်လ ၃ဝရက်‌နေ့ ကရင်ပြည်နယ် ဖားအံမြို့နယ် လက္ခဏ‌ကျေးရွာအုပ်စု ဂုဏ်သာ‌ဖောင်‌ကျေးရွာတွင် ကျင်းပခဲ့ကြသည်။

တစ်နှစ်တာအတွင်း စိုက်ပျိုးရရှိထားသည့်စပါး၊ ‌ကောက်ပဲသီးနှံများကို လာမည့်နှစ်တွင် လုံ‌လောက်စွာ စားသုံး နိုင်ရန်နှင့် အစာ‌ရေစာ‌ပေါကြွယ်ဝရန် ရည်စူးပြီး ကရင်တလာခုံး ဘာသာဝင်များက နှစ်စဉ် တန်ခူးလဆန်း ၁၄ ရက်‌နေ့တွင် ‌ကောက်သစ်စားပွဲကို ကျင်းပခြင်းဖြစ်သည်ဟု ဂုဏ် သာ‌ဖောင်ရွာမှ မန်း‌အောင်‌သောင်း‌ရွှေက ‌ပြောသည်။

၎င်းက “အများစားလို့ရ‌အောင်တစ်နှစ်တာအတွင်း အလုပ်လုပ်ပြီး ရရှိထားတဲ့စပါး‌တွေကို နှစ်သစ်မကူးခင် လာစုပြီး လှူတယ်။ ပြီး‌တော့ ဆန်စပါး၊ အစားအစာ ‌ပေါဖို့ အများ အတွက်လည်း ဆု‌တောင်း ‌ပေးတာဖြစ်ပါတယ် ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ရာသက်ပန်သက်သတ်လွတ်စားသူများဖြစ်သည့် တလာခုံးဘာသာဝင်ကရင်လူမျိုးများအ‌နေဖြင့် နှစ်စဉ်တန်ခူး လဆန်း ၁၄ရက်‌နေ့အား ၎င်းတို့၏ နှစ်ကုန်ရက်အဖြစ်သတ်မှတ်သည့်အတွက် ယင်း‌နေ့တွင် ဘူးဖင့်ဆင် လင်(‌ကောက်သစ်စားပွဲ) ကို ကျင်းပခြင်း ဖြစ်သည်ဟုလည်း ဘာသာဝင်များ၏ ‌ပြောပြချက်အရ သိရသည်။

တလာခုံးဘာသာဝင်များ ‌ကောက်သစ်စားပွဲပြုလုပ်ရာတွင် အဓိကအားဖြင့် စပါးကျီနှင့်သီးနှံများချိတ်ဆွဲရန် ပ‌ဒေသာသစ်ပင်ပါရှိရမည်ဖြစ်ပြီး ရွာသူရွာသားများ ရရှိထားသည့် ဆန်စပါးများကို စပါးကျီတွင် လာ‌ရောက်စုပုံရမည်ဖြစ်သည်။ ထို့အပြင် ၎င်းသစ်ပင်တွင် ‌နေ့စဉ်စားသုံးသည့် ‌ကောက်ပဲသီးနှံ၊ မုန့်၊ ဆန်၊ ဆီ၊ ဆားများကို ချိတ်ဆွဲကာ ဖ‌ယောင်းတိုင်ဖြင့်မီးထွန်း ပူ‌ဇော်ပြီး ဆု‌တောင်း မှုပြု လုပ်ခြင်း ဖြစ်သည်။

ယ‌နေ့ ဂုဏ်သာ‌ဖောင်ရွာတွင် ပြုလုပ်သည့် တလာခုံးဘာသာဝင် ‌ကောက်သစ်စားပွဲတွင် ဖားအံမြို့နယ်ရှိ တလာခုံးဘာသာဝင်များနှင့်အတူ တလာခုံးဘာသာဝင်မဟုတ်သည့် ကရင်လူမျိုးများအပါအဝင် လူ တစ်ရာ ‌ကျော်ပါဝင် ဆင်နွှဲခဲ့သည်ဟု သိရသည်။

ထို့အပြင် တလာခုံးဘာသာဝင်များ ‌ကောက်သစ်စားပွဲကို ဂုဏ်သာ‌ဖောင်ရွာ အပြင် တ လာခုံးဘာသာဝင်များ ရှိရာ ကျုံဒိုး‌ချောင်းဖျားရွာနှင့် ထီ့‌မော်ရွာများတွင်လည်း အသီးသီး ကျင်းပခဲ့ကြ သည်ဟု သိရသည်။