Home သတင်း ကရင်-ဗမာ-အဂင်္လိပ် အဘိဓါန်အတွက် ပိုးကရင်(ဖလုံ) စာ‌ပေပညာရှင်များ ဝိုင်းကူရန် ဖိတ်‌ခေါ်

ကရင်-ဗမာ-အဂင်္လိပ် အဘိဓါန်အတွက် ပိုးကရင်(ဖလုံ) စာ‌ပေပညာရှင်များ ဝိုင်းကူရန် ဖိတ်‌ခေါ်

2807

မတ် ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ကမကထပြု ဦး‌ဆောင်ပြုစု‌နေသည့် ကရင်- ဗမာ- အဂင်္လိပ် အဘိဓါန်အတွက် ပိုးကရင် (ဖလုံ) စာ‌ပေကျွမ်းကျင်ပညာရှင်များ ဝိုင်းကူညီ‌ပေးရန် ဖိတ်‌ခေါ်လို သည်ဟု တိုင်းစာယဉ် အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ပြောသည်။

အဆိုပါ အဘိဓါန် ပြုစု‌ရေးလုပ်ငန်းစဉ် ‌လေးလပတ် အစည်းအ‌ဝေးကို အဘိဓါန်ပြုစု‌ရေးရုံးတည်ရှိရာ ရန်ကုန်မြို့၊ ‌အောက်ကြည့်မြင်တိုင်မြို့နယ်၊ ‌အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄၊ ၉ လွှာ၌ မတ် ၅ ရက်‌နေ့ နံနက်ပိုင်း တွင် ပြုလုပ်ခဲ့ပြီး အစည်းအ‌ဝေးတွင် ယခုလို ပိုး(ဖလုံ) စာ‌ပေပညာရှင်များ ဝိုင်းကူရန် ဖိတ်‌ခေါ်ခဲ့ခြင်းဖြစ်သည်။

“ ကျ‌နော်တို့ အဘိဓါန် စတင်တဲ့အချိန်မှာ ကရင်ပြည်နယ် စာ‌ပေပြန့်ပွား‌ရေးအသင်းနဲ့ ဘာသာ‌ရေး ဆရာ‌တော် ‌တွေကို ဖိတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်‌တွေ
အသီးသီးလာတက်တယ်။ ပြန်သွားပြီး‌တော့ ကျ‌နော်တို့ဆီကို လူ မလွှတ်‌သေးဘူး။ နည်းပညာကျွမ်းကျင် နှစ်ဦး‌လောက်လာဖို့ လိုတယ်။ ဘာလို့လည်းဆို‌တော့ ဒီက တခြားနည်းပညာရှင်‌တွေနဲ့ အတူတွဲလုပ်မှ ထိ‌ရောက်အဆင်‌ပြေမယ်။ နည်းပညာကျွမ်းကျင်သူကတဆင့် လိုအပ်တဲ့ အချက် အလက်‌တွေကို ပြည်နယ်ကို ပြန်ပို့မှ အဆင်‌ပြေမယ်။ ပြည့်စုံတဲ့ အဘိဓါန် ဖြစ်‌အောင် ဝိုင်းကူဖို့ ဖိတ်‌ခေါ်လိုတယ်” ဟု တိုင်းစာယဉ်အတွင်း‌ရေးမှူး မန်းသန်း ဝင်းဦးက ‌ပြောသည်။

အဆိုပါ အဘိဓါန်ပြုစု‌ရေး စီမံကိန်း ‌လေးလပတ် အစည်းအ‌ဝေးသို့ ဘာသာ‌ရေးဆိုင်ရာ အဖွဲ့အစည်း များမှ စာ‌ပေ ပညာရှင်များ၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ ခရိုင်၊ မြို့နယ် စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ပညာရှင်များ၊ ကရင်ပြည်နယ်မှ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုး တို့ အပါအဝင် စုစု‌ပေါင်း ၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ယခုလို အဘိဓါန်ပြုစုရာတွင် ပိုး (ဖလုံ)၊ ပိုး(ဖလုံး) တို့သည့် စာ‌ပေပိုင်းတွင် တူညီမှုများရှိ‌နေသည့် အတွက် မခွဲ ခြားဘဲ ပိုးတစ်မျိုးတည်းသာ ထားသင့်သည်ဟု အစည်းအ‌ဝေး တက်‌ရောက်လာသူ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ် ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

၎င်းအပြင် ပြည်နယ်အတွင်းရှိ ‌ဒေသအ‌ခြေအ‌နေများအရ ဥပမာ-‌ဝေါ်ဟာရ တစ်ခုကို အ‌ခေါ်အ‌ဝေါ် အချို့ ကွဲပြားမှုရှိကာ ဖလုံ စာ‌ပေနည်းပညာရှင်များကို ‌စေလွှတ်နိုင်‌ရေးပြန်စီစဉ်သွား မည်ဖြစ်ပြီး အဘိဓါန်ပြုစု‌ရေးတွင် မည်သူက ဦး‌ဆောင်သည်ဆိုခြင်းထက် အားလုံးစု‌ပေါင်းလုပ်‌ဆောင်ရမည်ဟု ၎င်းက ဆက်‌ပြောသည်။

ကရင်- ဗမာ- အဂင်္လိပ် အဘိဓါန်ပြုစုခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်ပြီး ‌လေးလအတွင်း အဂင်္လိပ်အက္ခရာ A-Z ထိ စ‌ကောကရင် စာလုံး ‌ဝေါဟာရ ရှာ‌ဖွေခြင်းပြီးစီးသွားပြီး ဖြစ်သည်။ ပိုး (ဖလုံး) အပိုင်းတွင်မှု အဂင်္လိပ် အက္ခရာ R,S,T နှင့်သက်ဆိုင်သည့် စာလုံး‌ဝေါဟာရများ ရှာ‌ဖွေ ရန် ကျန်ရှိ‌နေပြီး ကရင်- ဗမာ စာလုံး‌ဝေါဟာရများ ‌ပေါင်းစည်းခြင်း ပထမဆုံးအဆင့်ကို ယခု မတ်လတွင် ပြီးစီး ‌အောင်‌ဆောင်ရွက်သွားမည်ဟု အဘိဓါန်ပြုစု‌ရေး နည်းပညာရှင် တစ်ဦးဖြစ်သူ ‌နော်ထီးဝါး‌ဖောက ‌ပြောသည်။

“ အခု အဘိဓါန်ပြုစုတဲ့ ‌နေရာမှာ စာလုံး‌ဝေါဟာရပိုင်းနဲ့ ပတ်သက်လို့ အခက်အခဲ‌တွေကို ကျမတို့ အဖွဲ့ဝင်‌တွေ အားလုံးတိုင်ပင်ပြီး လုပ်ကိုင်‌နေပါတယ်။ ‌နောက်ပြီး‌တော့ ကရင်- ဗမာ စာလုံး‌ဝေါဟာရ ‌တွေ‌ပေါင်းစည်းခြင်း ပထမအဆင့် ပြီးတဲ့အခါမှာ တည်းဖြတ်‌ပေးဖို့ ကျွမ်းကျင်သူ‌တွေ လိုပါတယ်။ ဝိုင်းကူ‌ပေးဖို့ ဖိတ်‌ခေါ်လိုပါတယ်” ‌နော်ထီးဝါး‌ဖောက ‌ပြောသည်။

အဆိုပါ အဘိဓါန်ကို ယခုနှစ် ဧပြီတွင် စာလုံး‌ဝေါဟာရ ပြုစုခြင်းပထမအဆင့်ကို ပြီးစီး‌အောင်လုပ်ကိုင်သွားမည် ဖြစ်ပြီး ၂၀၁၈ ‌မေလမှ ဒီဇင်ဘာလအထိကို စာလုံး‌ဝေါဟာရတည်းဖြတ်ခြင်း၊ ၂၀၁၉ ဇန်နဝါရီမှ မတ်လထိကို အစမ်းထုတ်ခြင်း၊ ၂၀၁၉ ဧပြီမှ ဩဂုတ်ထိကို စိစစ်တည်းဖြတ်ခြင်း၊ ၂၀၁၉ စက်တင်ဘာ၊ ‌အောက်တိုဘာ လ များတွင် အများပြည်သူထံ ပုံနှိပ်ထုတ်‌ဝေရန် လျာထားသည်ဟု အဘိဓါန်ပြုစု‌ရေး အဖွဲ့ဝင်များထံမှ သိရသည်။

အဘိဓါန်ပြုစု‌ရေးအတွက် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်း‌ငွေများ၊ ကရင်‌ရေးရာဝန်ကြီးမိသားစု လှူဒါန်း‌ငွေများ၊ ကရင်လုပ်ငန်းရှင်များ၊ ကရင်အမျိုးသားများစု‌ပေါင်း လှူဒါန်း‌ငွေများဖြင့် လုပ်‌ဆောင်‌နေခြင်းဖြစ် ပြီး လုပ်ငန်းစဉ်အတွက် ကျပ်သိန်း တစ်‌ထောင်‌ကျော်သုံးစွဲသွားရန် ကနဦးလျာထား‌ကြောင်း တိုင်းစာယဉ် တာဝန် ရှိသူများထံမှ သိရသည်။