Home သတင်း ကရင်ပြည်နယ် ပါတီများ ပူး‌ပေါင်းထားသည့် KNDP ဗဟိုအလုပ်အမှု‌ဆောင် ‌ရွေးချယ်ပြီးစီး

ကရင်ပြည်နယ် ပါတီများ ပူး‌ပေါင်းထားသည့် KNDP ဗဟိုအလုပ်အမှု‌ဆောင် ‌ရွေးချယ်ပြီးစီး

2894

မတ် ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အ‌ခြေစိုက် ပါတီများ ပူး‌ပေါင်းဖွဲ့စည်းထားသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party-KNDP) ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များ ‌ရွေးချယ်တင်‌မြှောက်ပွဲကို မတ်လ ၁၂ ရက်(ယ‌နေ့)တွင် ဖားအံမြို့၌ ပြုလုပ်ပြီးစီးခဲ့သည်။

ထိုသို့‌ရွေးချယ်ရာတွင် ယခင်ပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက် တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ စသည့် ၄ ပါတီတို့မှ တစ်ပါတီလျှင် ၈ ဦးစီ စုစု‌ပေါင်း ၃၂ ဦးတို့မှ ဝင်‌ရောက် အ‌ရွေးခံခြင်းဖြစ်သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) တွဲဘက်အတွင်း‌ရေးမှူး(၁) ဖြစ်လာသူ ‌စောမြင့်‌ထွေးက ̏ တစ်ပါတီ ကို ၈ ‌ယောက်စီပါပြီး (စုစု‌ပေါင်း) ၃၂ ‌ယောက် ‌ကော်မတီဝင်ဆိုပြီး လုပ်လိုက်တယ်။ ၃၂ ‌ယောက်ထဲကမှ ဗဟို အလုပ် အမှု‌ဆောင်‌ကော်မတီအဖြစ် ၁၅ ‌ယောက်ကို ပြန်‌ရွေးချယ်တယ်။ ‌နောက်မှ အဆင့်ဆင့် ဥက္ကဌ၊ ဒုဥက္ကဌ ဆိုပြီး မဲစနစ်နဲ့ ပြန်‌ရွေးတယ် ” ဟု ယ‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောသည်။

ပါတီဥက္ကဌအဖြစ် မန်း‌အောင်ပြည်စိုး(ယခင် PSDP ဒုဥက္ကဌ)၊ ဒုဥက္ကဌ (၁)အဖြစ် ‌စောမြတ်ထွဋ်ဝင်း(ယခင် KSDDP)၊ ဒုဥက္ကဌ(၂) ‌စောထင်‌ကြေး(ယခင် PSDP)၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောချစ်သန်း(ယခင် KSDDP)၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌စောမြင့်‌ထွေး (ယခင် KDP)၊ တွဲဘက်အတွင်း‌ရေးမှူး(၂) ‌နော်သဇင်တုပ် (ယခင် PSDP) တို့မှ အသီးသီး‌ရွေးချယ်ခံခဲ့ရသည်။

KNDP သည် ပါတီသစ်အ‌နေဖြင့်မှတ်ပုံတင်ခွင့်ရခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့မှစ၍ ၃ လအတွင်း ပါတီ ဝင်အင်အား ၁ ‌ထောင်‌ကျော်၊ ပါတီ၏ ဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီဝင်အမည်စာရင်းများကို ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အား ဆက်လက် တင်ပြသွားမည်ဖြစ်‌ကြောင်းလည်း ‌စောမြင့်‌ထွေးက ‌ပြောခဲ့သည်။

ကရင်ပြည်နယ်အတွင်း ကရင်ပါတီ ၄ ပါတီရှိသည့်အနက် ၃ ပါတီ ဖျက်သိမ်းကာ ပူး‌ပေါင်းခဲ့‌သော်လည်း ကျန်ရှိသည့် ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် လတ်တ‌လော မ‌ပေါင်း စည်းနိုင်သည့်တိုင် ပါတီဝင်များ နှုတ်ထွက်ကာ KNDPသို့ လာ‌ရောက် ပူး‌ပေါင်းခဲ့ခြင်း ဖြစ်သည်။
ယ‌နေ့ ဗဟိုအလုပ်အမှု‌ဆောင် ၁၅ ဦး‌ရွေးချယ်ထားခဲ့သည့် အထဲတွင် PSDP မှ (၆) ဦး၊ KSDDP မှ (၅) ဦး၊ KDP မှ (၄) ဦးတို့ဖြင့် ဖလုံ-စ‌ဝေါ်(PSDP) မှ ဥက္ကဌ‌နေရာ အပါအဝင် လူအများဆုံး ပါဝင်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် KNDP၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်တွင် ကရင် ပြည်သူ့ပါတီ (KPP)နှင့် ဧရာဝတီတွင် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံ‌ရေးပါတီ စုုစု‌ပေါင်း ၄ ပါတီ အထိ ကျန်ရှိ‌နေခြင်းလည်း ဖြစ်သည်။