Home ဆောင်းပါး ကရင်‌စောင်းလုလင်တစ်ဦးနှင့် ရိုးရာဂီတပညာ

ကရင်‌စောင်းလုလင်တစ်ဦးနှင့် ရိုးရာဂီတပညာ

3080

(‌စောသိန်းမြင့်)
မတ် ၅ရက်၊ ၂၀၁၈။

မကျယ်ဝန်းလှ‌သော လယ်ကွင်းပြင်များ ဝိုင်းရံထားပြီး သစ်ပင်၊ ဝါးပင်များ၏ အရိပ်အသင့်အတင့်ရှိသည့် ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာရှိ ငါး‌မွေးမြူ‌ရေးကန်တစ်ကန်၏ နံ‌ဘေးတွင် အသက် ၁၉နှစ်အရွယ် လူငယ်‌လေးတစ်ဦး ရိုးရာဂီတတစ်ခု တီးခတ်ရင်း ‌တေးသီချင်းတစ်ပုဒ်ကို ထိုင်၍ သီဆို‌နေသည်။

သူ တီးခတ်‌နေသည့် ရိုးရာဂီတမှာ ကရင်ရိုးရာ‌စောင်း‌ကောက်ဖြစ်ပြီး သူ့သီချင်း၏ စာသားအဓိပ္ပါယ်များမှာ ဌာ‌နေ ကရင်တိုင်းရင်း သားများ၏ လူ‌နေမှုဘဝအ‌ခြေအ‌နေများကို ‌ဖော်ညွှန်းစပ်ဆိုထားသည့် ‌တေးသီချင်းတစ်ပုဒ်ဖြစ်သည်။

ထိုလူငယ်မှာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၊ ဖလာခို‌ကျေးရွာအုပ်စု ဒူးဒူး ဒိုထာ့‌ကျေးရွာဇာတိသား ‌စော‌စေးကိုလိုမူးဖြစ်ပြီး အမိုး ‌နော်လယ်တာဝါးနှင့် အပါး ‌စောညာကီထူးတို့၏ သားသမီး ၆ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

အရပ် ၅‌ပေ‌ကျော်‌ကျော်၊ ဂျပ်ခုတ်ကရင်အကျင်္ီအနီ‌ရောင်ကို အမြဲလိုလို ဝတ်ဆင်‌လေ့ရှိသည့် ‌စော‌စေးကိုလိုမူးသည် အသားညို ညို၊ ဆံပင်ကအနက်‌ရောင်၊ မျက်ခုံး‌မွှေးထူထူနှင့် သူ ‌နေပုံထိုင်ပုံနှင့် ကိုယ်ဟန်အမူအရာများက ‌တောင်‌ပေါ်သားကရင်တစ်ဦးမှန်း သိသာသလို စကား‌ပြောဆိုရာတွင် ရှက်ပြုံးဖွယ် မျက်နှာထားဖြင့် ‌ပြော‌လေ့ရှိသည်။

တိုးတက်‌ပြောင်းလဲလာသည့် ‌ခေတ်‌ရေစီး‌ကြောင်းအရ ကရင်လူငယ်‌မောင်မယ်များအကြား တီးခတ်မှုနည်းပါးလာသည့် ကရင့်ရိုး ရာဂီတတစ်ခုဖြစ်‌သော ‌စောင်း‌ကောက်တီးခတ်ခြင်း အနုပညာကို အမြတ်တနိုး တီးခတ်သူတစ်ဦးလည်း ဖြစ်သည်။

မိဘများမှာ ‌တောင်ယာနှင့် ကိုင်းလုပ်ငန်းများကိုသာ အဓိကထားပြီး အသက်‌မွေးဝမ်း‌ကျောင်းပြုကြ‌သော်လည်း မိမိဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှုကို အထွဋ်အမြတ်ထားသည့် ဌာနကရင်တိုင်းရင်းသားများဖြစ်သည့်အ‌လျောက် ရိုးရာဂီတနှင့်ပတ်သက်၍ သားဖြစ်သူ ကို ‌မြေ‌တောင်‌မြှောက်‌ပေးခဲ့သူများဖြစ်‌သော‌ကြောင့် ‌စော‌စေးကိုလိုမူးတစ်‌ယောက် ၁ဝနှစ်သားအရွယ်ကပင် ‌စောင်း‌ကောက်ဂီတ နှင့် ထိ‌တွေ့ခွင့်ရခဲ့သည်။

“ကျ‌နော် လူမှန်းသိတတ်စ အရွယ်ကတည်းက ဒီ‌စောင်း‌ကောက်တီးခတ်တာကိုပဲ တီးခတ်ချင်တယ်။ အဲဒါကို မရရ‌အောင် ‌လေ့ လာသင်ယူတယ်။ ဆယ်နှစ်သားအရွယ်မှာ ‌စောင်း‌ကောက်ကို ကျ‌နော် စတင် တီးခတ်တတ်ပြီ။”ဟု ငယ်စဉ်ဘဝက ‌စောင်း ‌ကောက်ပညာကို သင်ယူခဲ့ရပုံနှင့်ပတ်သက်ပြီး ‌စော‌စေးကိုလိုမူးက ပြန်‌ပြောင်း‌ပြောပြသည်။

သူ၏ လက်ဦးဆရာဖြစ်သူ ‌စော‌မောင်တုန်းဆိုသူက ‌စောင်း‌ကောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သည့်အပြင် ‌စောင်းနှင့် တွဲဖက်သီဆိုသည့် ‌တေး၊ ကဗျာများကို စပ်ဆိုသီဆိုသည့်‌နေရာတွင်လည်း အင်မတန် ထူးချွန်သည့်အတွက် သူ့ဘဝ တစ်သက် တာတွင် ရို‌သေ‌လေးစားရသည့် ဆရာတစ်ဆူဖြစ်သည်ဟု ဆိုသည်။

“သူ့(‌စော‌မောင်တုန်း)ဆီက သင်ယူခွင့်ရတဲ့အတွက် သူ့ကို ကျ‌နော် တစ်သက်မ‌မေ့ဘူး”ဟု မျက်နှာကို အ‌ဝေးတစ်‌နေရာသို့ တစ်ချက်လှမ်း‌ငေးရင်း လက်ဦးဆရာကို တမ်းတကာ သူ ‌ပြောပြရှာသည်။

‌စော‌စေးကိုလိုမူးသည် လူ‌သောမြို့နယ်ရှိ ထီးမူးခီး ‌ကော်သူး‌လေ အထက်တန်း‌ကျောင်းတွင် နဝမတန်းကို တက်‌ရောက်ပညာ သင်ယူ‌နေချိန်တွင် မိဘများ၏ လမ်း‌ကြောင်းရှာ ပံ့ပိုး‌ဆောင်ရွက်‌ပေးသည့်အတွက် ရိုးရာ‌စောင်း‌ကောက်ဂီတကို ကျွမ်းကျင်ပိုင်နိုင် စွာ တီးခတ်သီဆိုနိုင်ခဲ့သည့်အပြင် တ‌ယော၊ ပတ္တလား၊ ဖားစည်၊ ကျွဲချို၊ ‌မောင်း၊ ပ‌လွေ စသည့် ကရင်ရိုးရာတူရိယာများကို ကျွမ်း ကျွမ်းကျင်ကျင် တီးခတ်နိုင်ခဲ့သည်။

ထို့‌ကြောင့်ပင် ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါ‌ခေါင်လ လက်ချည်ပွဲ၊ ကရင်နှစ် သစ်ကူးပွဲ‌တော် ကဲ့သို့‌သော ‌နေ့ကြီးရက်ကြီးနှင့် ‌နေ့ထူး‌နေ့မြတ်ပွဲ‌တော်များအပြင် ရိုးရာ လက်ထပ်မဂင်္လာပွဲတိုင်းနီးပါးတွင် ‌စောင်း‌ကောက်ဂီတဖြင့် ‌စော‌စေးကိုလိုမူး တီးခတ်‌ဖျော်‌ဖြေ‌ပေးရ‌လေ့ရှိသည်။

၎င်းနှင့်ရင်းနှီးပြီး မူတ‌ရော်ခရိုင်၌ ပြုလုပ်သည့် ‌နေ့ကြီးရက်ကြီးပွဲ‌တော် ‌တော်‌တော်များတွင် မှတ်တမ်းဓာတ်ပုံများကို သွား‌ရောက် ရိုက်ကူး‌လေ့ရှိသည့် ကရင်ဓာတ်ပုံဆရာ ‌စော‌မော့က “မူတ‌ရော်ခရိုင်မှာဆို ပွဲ‌တော်‌တွေမှာ ဒီရိုးရာယဉ်‌ကျေးမှု အနုပညာပိုင်းနဲ့ ပတ်သက်လို့က‌တော့ သူက ဦး‌ဆောင်တဲ့အထဲမှာ တစ်‌ယောက်ပါ။ အထူးသဖြင့် ‌ကျောင်းသားက‌လေးငယ်‌တွေကို သူ ကိုယ် တိုင် ဦးစီးဦး‌ဆောင်ပြုတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ‌စော‌စေးကိုလိုမူးသည် သူ‌နေထိုင်သည့် အရပ်တွင် ၁၂တန်း ‌ကျောင်းပညာကို ဆည်းပူးရင်း တစ်ဖက်တွင် လည်း ထို‌ဒေသ၌ ဖွင့်လှစ်ထားသည့် သနူးဆဲလာ(ဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှု) ‌ကျောင်းမှ ‌ကျောင်းသားလူငယ်များကို ‌စောင်း ‌ကောက် အပါအဝင် အခြား‌သော ကရင်ရိုးရာတူရိယာ တီးခတ်မှုပညာရပ်များကို အချိန်ပိုင်းဖြင့် သင်ကြားပို့ချ‌ပေး‌နေရသူ‌လေး လည်းဖြစ်သည်။

သူနူးဆဲလာ‌ကျောင်းသည် ‌ကေအဲန်ယူ၏ ခရိုင် ၇ခုအတွင်း ကရင်ရိုးရာယဉ်‌ကျေးမှု ဂီတမျိုးစုံကို သင်ကြားပို့ချ‌ပေးသည့် တစ်ခု တည်း‌သော စာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်သည်။ ထို‌ကျောင်း၏ဆရာတစ်ဦးဖြစ်သူ ‌စော‌စေးကိုလိုမူးသည် ‌ကျောင်းသားလူ ငယ်များအား ရိုးရာဂီတအနုပညာကို သင်ကြားပို့ချ‌ပေးသည့်အပြင် ‌စောင်း‌ကောက် အပါအဝင် အခြား‌သော ကရင်ရိုးရာဂီတတူရိ ယာပစ္စည်းများကို ၎င်းကိုယ်တိုင် ဖန်တီးပြုလုပ်‌ပေး‌လေ့ရှိသည်။

ကရင်ရို်းရာယဉ်‌ကျေးမှု ဂီတအနုပညာများကို ကြိုးစား‌ဖော်ထုတ်‌နေသည့် သူ့အ‌နေဖြင့် လူမှု‌ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းများကိုလည်း စိတ်အားထက်သန်သူတစ်ဦးဖြစ်သည်ဟု ဓာတ်ပုံဆရာ‌စော‌မော့က ထပ် ‌လောင်း‌ပြောဆိုသည်။

“ကျ‌နော်သူ့ကို ငယ်ငယ်ကတည်းက အခမ်းအနား‌တွေမှာ ဆုံရင်း သိကျွမ်းခဲ့တာပါ။ သူ့မိဘ‌တွေရဲ့ သွန်သင် လမ်းညွှန်မှုနဲ့ အဘက်ဘက်မှာ အရမ်းကို သွက်လက်ဖြတ်လတ်တဲ့ လူငယ်တစ်‌ယောက်ပါ။”ဟု ၎င်းက ‌ပြောသည်။

ယခုအချိန်တွင် ကရင်လူငယ်အများစုက မိမိဓ‌လေ့ရိုးရာ ဂီတအနုပညာအစား အ‌နောက်တိုင်း ‌ခေတ်‌ပေါ်‌တေးဂီတဘက်ကို ယိမ်း ယိုင်သွားမှုမှာ ကရင်လူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက်က တန်ဘိုးထားပြီး ထိန်းသိမ်းလာခဲ့‌သော ဓ‌လေ့ရိုးရာ ဂီတအနုပညာများ တဖြည်းဖြည်း ‌မှေးမှိန်သွား‌ရေးအတွက် တွန်းအား‌ပေးမှုတစ်ရပ်သဖွယ် ဖြစ်လာ‌နေသည်။

လတ်တ‌လောအ‌ခြေအ‌နေတွင် ကရင့်ရိုးရာ ‌စောင်း‌ကောက်ဂီတကို ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများသည် အခြားအရပ်‌ဒေသအသီး သီးရှိ ကရင်လူမျိုးများထက် ပို၍တီးခတ်နိုင်ကြသည်ဟု ထိုင်းနိုင်ငံရှိ ကရင်ရိုးရာ ဂီတပညာရှင်တစ်ဦးဖြစ်သူ ‌ဒေါက်တာ‌စော‌ချေစူ ဝစ်ချန်းက ယခုလို သုံးသပ်‌ပြောဆိုသည်။

၎င်းက “ထိုင်းမှာက လွတ်လွတ်လပ်လပ် ‌ဖော်ထုတ်ပြသခွင့်ရှိသလို မီဒီယာ‌တွေမှာလည်း အကျယ်တဝင့် ထုတ်လွှင့်နိုင်ကြတဲ့အ တွက် လူငယ်‌တွေအကြား ပိုနီးစပ်လာပြီး စိတ်ဝင်စားမှု များလာတယ်။ သင်ယူလာတဲ့ လူငယ်‌တွေလည်း များလာတယ်။ အဲဒါ ‌ကြောင့် အခြား‌ဒေသထက်စာရင် ထိုင်းနိုင်ငံက ကရင်လူငယ်‌တွေဟာ ဒီ‌စောင်း‌ကောက်ဂီတကို လူဦး‌ရေအားဖြင့်ကြည့်ရင် ပိုတီး ခတ်နိုင်ကြတယ်။”ဟု ‌ပြောသည်။

‌ဒေါက်တာ‌စောချစူဝစ်ချန်းသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ဇာတိ ထိုင်းနိုင်ငံသား ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ကရင့်ရိုးရာ‌တေးဂီတ ဆိုင်ရာ သု‌တေသီတစ်ဦးဖြစ်သလို ဥ‌ရောပ၊ အ‌မေရိက၊ အဖရိကတိုက်များသို့ သွား‌ရောက်ကာ ကရင့်ရိုးရာယဉ်‌ကျေးမှု ‌စောင်း ‌ကောက်ဂီတအနုပညာကို ကမ္ဘာ့စင်မြင့်‌ပေါ်သို့ ချပြ မိတ်ဆက်‌ပေးနိုင်သည့် ကရင်ဂီတပညာရှင်တစ်ဦးဖြစ်သည်။

သူသည် ပညာ‌ရေးကို စိတ်အားထက်သန်သူဖြစ်သည့်အ‌လျောက် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများ စာတတ်‌မြောက်‌ရေး ကြိုးပမ်းမှု အပြင် မိမိ စာ‌ပေဘာသာစကားကို သင်ယူနိုင်ရန်နှင့် ‌စောင်း‌ကောက်ဂီတ မျိုးဆက်သစ် ကရင်လူငယ်များကို အချိန်အား‌လျော် စွာ ‌မွေးထုတ်‌ပေး‌နေသူတစ်ဦးလည်း ဖြစ်သည်။

ထို့‌ကြောင့် အခက်အခဲအမျိုးမျိုးကြားက ကရင်ရိုးရာယဉ်‌ကျေးမှု ဂီတအနုပညာကို မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်တွင် ခဲယဉ်း စွာ သင်ယူ‌နေရသည့် ‌စော‌စေးကိုလိုမူး အပါအဝင် ၎င်းကဲ့သို့ ကရင်ရိုးရာ ယဉ်‌ကျေးမှုဂီတအနုပညာကို ‌ဖော်ထုတ်‌နေကြသည့် ကရင်လူမျိုးများကို အား‌ပေးအား‌မြောက်ပြုရမည်ဟု ‌ဒေါက်တာ‌စော‌ချေစူဝစ်ချန်းက ‌ပြောသည်။

“‌ကော်သူး‌လေနယ်‌မြေမှာရှိတဲ့ ကျ‌နော်တို့လူမျိုး‌တွေ‌နေတဲ့ ဒီ‌နေရာက နုနယ်တဲ့၊ ရွပြီး ကျိုးပဲ့ရ လွယ်ကူတဲ့‌နေရာမှာ ရှိ‌နေ‌ပေမယ့် လည်း သူတို့‌တွေဟာ ခိုင်ခံ့တယ်။ အဲဒါ‌ကြောင့် သူတို့‌တွေကို ‌လေးစားရမယ်။ တန်ဘိုးထားရမယ်။ အား‌ပေးရတယ်။ ‌ထောက်ပံ့ ကူညီရမယ်။ ဒီအချက်‌တွေအ‌ပေါ်မှာ ကျ‌နော့်အ‌နေနဲ့က‌တော့ အပြည့်အဝ ‌ပေးစွမ်းပါတယ်။”ဟု ၎င်းက ‌ပြောသည်။

မိမိတို့ကရင်လူမျိုး၏ ဓ‌လေ့ရိုးရာ ဂီတအနုပညာအ‌မွေအနှစ်ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရာတွင် သက်ဆိုင်ရာ ကရင်ဂီတပညာရှင် ကြီးများနှင့် ကရင်‌ခေါင်း‌ဆောင်များက မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းမှုများ လုပ်‌ဆောင်ရမည်ဖြစ်သကဲ့သို့ မျိုး ဆက်သစ်လူငယ်များအ‌နေဖြင့်လည်း မိမိတို့၏ ဓ‌လေ့ရိုးရာအနုပညာကို တန်ဘိုးထားပြီး သင်ယူလိုစိတ်ရှိရန်လည်း လိုအပ်ပါ သည်။

ကရင်လူမျိုးတို့၏ ရိုးရာဂီတကို အမြတ်တနိုး ထိန်းသိမ်း‌စောင့်‌ရှောက်သည့် ‌စော‌စေးကိုလိုမူးက မိမိတတ်ကျွမ်းသည့် ကရင့်ဓ‌လေ့ ရိုးရာအနုပညာဖြင့် နိုင်ငံရပ်ခြားသို့ သွား‌ရောက်ကာ ကရင့်ယဉ်‌ကျေးမှုအနုပညာကို ကမ္ဘာသိ‌အောင် မီး‌မောင်းထိုးရန် စိတ်အား ထက်သန်သူဖြစ်သလို ယ‌နေ့ မျက်‌မှောက်‌ခေတ်ကာလအရ အခြားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌နေသကဲ့သို့ မိမိတို့ကရင်လူငယ်များ တိုးတက်ရန်၊ မိဘဘိုးဘွားများ ပိုင်ဆိုင်သည့် အ‌မွေအနှစ်များကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် လိုအပ်သည်ဟုလည်း ‌စောင်းလု လင် ‌စော‌စေးကိုလိုမူးက ရှုမြင်သည်။

“လူမျိုးတစ်မျိုးဟာ ကိုယ်ပိုင် ရိုးရာယဉ်‌ကျေးမှုသာမရှိရင် လူမျိုးတစ်မျိုးအ‌နေနဲ့ အများက အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲဒါ ‌ကြောင့် ကျ‌နော်တို့လူမျိုးရဲ့ ဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှုကို အစွမ်းကုန် ‌ဖော်ထုတ်ချပြသွားမယ်”ဟု ခံယူချက်နှင့် ‌မျှော်မှန်းချက်အ‌ပေါ် ‌နောက်ဆုံး ခိုင်မာစွာနှင့် ‌ပြောဆိုသွားခဲ့သူက ကရင်‌စောင်းလုလင် ‌စော‌စေးကိုလိုမူးပင် ဖြစ်ပါ‌တော့သည်။