Home သတင်း ကရင်အမျိုးသား သမိုင်းပြုစု‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

ကရင်အမျိုးသား သမိုင်းပြုစု‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

2051

မတ် ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

သမိုင်းကြို‌ခေတ်မှ မျက်‌မှောက်‌ခေတ်ထိ ‌ခေတ်အဆက်ဆက် ကရင်အမျိုးသား သမိုင်းပြုစု‌ရေးအတွက် အလုပ်ရုံ ‌ဆွေး‌နွေးပွဲ တစ်ခုကို ရန်ကုန်တိုင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ကမကထပြုကာ မတ်၂၃ ရက် တွင် ရန်ကုန်မြို့၊ ကြည့်မြင် တိုင်မြို့နယ်၊ ‌အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၅၂၄ အ‌ပေါ်ဆုံးထပ်၌ ကျင်းပသွားမည်ဟု တိုင်း စာယဉ် အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ မျိုးနွယ် ၇ စုက ကိုယ်စားလှယ်‌တွေ၊ ကရင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးက စသဖြင့်ကိုယ်စားလှယ်‌တွေ၊ ပညာရှင်‌တွေ ကို ဖိတ်ကြားထားတယ်။ စာ‌ပေ၊ ယဉ်‌ကျေးမှုထိန်းသိမ်းတဲ့‌နေရာမှာ အ‌ထောက်အကူပြုဖို့နဲ့ မျိုးဆက်သစ်‌တွေ ကရင့်သမိုင်း ကို သိပြီး ‌လေ့လာသင်ယူနိုင်ဖို့ရယ် ရွယ်ပါတယ်”ဟု မတ် ၁၆ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်အမျိုးသားသမိုင်း ပြုစုရာတွင် သမိုင်းကြို‌ခေတ်နှင့် သမိုင်းသင်‌ခေတ်ဦးကရင်လူမျိုးများ၊ အလယ် ‌ခေတ်မြန် မာနိုင်ငံနှင့် ကရင်လူမျိုး၊ ‌ခေတ်သစ်မြန်မာနိုင်ငံနှင့် ကရင်လူမျိုးများ၊ ဗြိတိသျှကိုလိုနီအစိုးရနှင့် ကရင် လူမျိုး၊ ဒုတိယ ကမ္ဘာ့စစ်ပြီးကာလ၊ လွတ်လပ်ပြီး‌ခေတ်မြန်မာနိုင်ငံနှင့် ကရင်လူမျိုးများ စသည်ဖြင့် အခန်း (၆) ခန်းခွဲပြုစု သွားမည်ဟု သမိုင်းပြုစု‌ရေး ဦး‌ဆောင်ပါဝင်သူ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ‌ဒေါက်တာနန်းလှိုင် က ‌ပြော သည်။

“ ကျ‌နော်တို့ ပြုစုတဲ့အခါ သမိုင်းကြို ‌ခေတ်က‌နေ အခု NCA ကာလမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်” ဟု ‌ဒေါက်တာ နန်းလှိုင်က ‌ပြောသည်။
ယခုလို သမိုင်းပြုစုခြင်းဖြင့် ‌ခေတ်အလိုက် ကရင်လူမျိုးများ အ‌ခြေအ‌နေကို ကမ္ဘာ့သမိုင်းဖြစ်ရပ်ကြီးများနှင့် ယှဉ် တွဲ‌လေ့ လာနိုင် ပြုစုသွားနိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်မည်ဟု ကရင်အမျိုးသားသမိုင်း ပြုစု‌ရေးတွင် ပြည်ပအချိတ် အဆက်၊ အချက် အလက်များရှာ‌ဖွေ‌ရေးအတွက် လုပ်‌ဆောင်‌နေသူ သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း ဒါရိုက်တာ ‌စောကပိက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ သမိုင်း‌ခေတ်ဦးမှ မျက်‌မှောက်‌ခေတ်ထိ ကရင်အမျိုးသားသမိုင်း ပြုစုထားခြင်းမရှိ‌သေး‌သော်လည်း ရိုးရာ ယဉ်‌ကျေး မှုနှင့် ပတ်သက်သည့် စာအုပ်များအ‌နေဖြင့် စာ‌ရေးဆရာ ‌မောင်စင်ကြယ် ‌ရေးသားသည့် ‘ကရင့်ဘဝဓ‌လေ့’စာအုပ် နှင့် ‌ဒေါက်တာနန်းလှိုင်‌ရေးသားသည့် ‘ကရင်’ စာအုပ်များထုတ်‌ဝေဖူးသလို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကပြုစုထုတ်‌ဝေသည့် ကရင့်‌တော်လှန်‌ရေး သမိုင်းစာအုပ်များ အသီးသီး ပြုစုထုတ်‌ဝေမှုများရှိ‌ကြောင်း သိရသည်။