Home သတင်း ကရင်လူထုအတွက် လူထုအ‌ခြေပြုအရပ်ဖက် ကရင်အမျိုးသမီးများကွန်ရက်ကို ဖွဲ့စည်း

ကရင်လူထုအတွက် လူထုအ‌ခြေပြုအရပ်ဖက် ကရင်အမျိုးသမီးများကွန်ရက်ကို ဖွဲ့စည်း

2032

မတ် ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်အမျိုးသမီးများအချင်းချင်း ချိတ်ဆက်မှု အား‌ကောင်းရန်နှင့် ကရင်လူထုအတွက် ကိုယ်စားပြု‌ပြောဆိုနိုင် ရန် ရည်ရွယ်ပြီး လူထုအ‌ခြေပြု အရပ်ဖက်ကရင်အမျိုးသမီးများကွန်ရက်ကို ကရင်ပြည်နယ်၊ ‌လေးဝါး(‌လော်ခီး လာ)တွင် မတ် ၂၉ ရက်‌နေ့က ဖွဲ့စည်းလိုက်‌ကြောင်း သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO) မှ ဦး‌ဆောင်ပြုလုပ်သည့် တတိယအကြိမ် ကရင်အမျိုးသမီးများနှီိး‌နှော ဖလှယ်ပွဲအတွင်း အဆိုပါကွန်ရက်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ထိုသို့ဖွဲ့စည်းရခြင်းအ‌ကြောင်းနှင့်ပတ်သက်၍ KWO ဗဟို‌ကော်မတီဝင် ‌နော်ဆဲဆဲက မတ် ၃ဝ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ကျမတို့သွားချင်တဲ့ ဖက်ဒရယ်၊ တန်းတူညီမျှမှု၊ စစ်အာဏာရှင်ပ‌ပျောက်‌ရေးစတဲ့ ရည်ရွယ်ချက်‌တွေ ရရှိ အ ‌ကောင်အထည်‌ဖော်နိုင်ဖို့၊ တစ်ခုခုလုပ်မယ်ဆို အသံတစ်သံတည်းထွက်နိုင်‌အောင်နဲ့ ကရင်‌တွေ ‌ဒေသတစ်ခုနဲ့ တစ်ခုကြား အခက်အခဲ‌တွေကို အချင်းချင်း ကူညီ‌ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ကွန်ရက်ဖွဲ့ရတာပါ↔ဟု‌ပြောသည်။

ယခု ပထမဦးဆုံးဖွဲ့စည်းလိုက်‌သော ကွန်ရက်တွင် ကရင်၊ မွန်၊ ကရင်နီ(ကယား) စသည့်ပြည်နယ်များ၊ ပဲခူး အ‌ရှေ့ခြမ်း၊ အ‌နောက်ခြမ်း၊ ဧရာဝတီ စသည့် ကရင်လူမျိုးများ‌နေထိုင်ရာ‌ဒေသများအတွက် လက်ရှိ ဆက် သွယ်‌ရေး တာဝန်ခံ ၁၆ ဦးခန့် ‌ရွေးချယ်ထားပြီး ဦး‌ဆောင် တာဝန်ခံများအဖြစ် ပြည်တွင်း ၂ ဦး၊ ပြည်ပ ၂ ဦး တို့ကိုပါ ‌ရွေးချယ်ထား‌ကြောင်း သိရသည်။

ထို့အပြင် ‌ဒေသအလိုက် တာဝန်ခံများဖြင့် ဖွဲ့စည်းလိုက်သည့် လူထုအ‌ခြေပြု အရပ်ဖက်ကရင်အမျိုးသမီးများ ကွန်ရက်၏ ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် Campaign များ၊ ‌နေ့ထူး‌နေ့မြတ်များတွင် ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်နိုင် ရန် ဦး‌ဆောင်ခြင်း၊ ဆက်သွယ်ခြင်း၊ ‌နောက်ဆုံးရသတင်းများအား ဖလှယ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်ဟု KWO တာဝန်ရှိသူများက ‌ပြောသည်။

KWEG-ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ ဖားအံ ဧရိယာမန်‌နေဂျာ ‌နော်စင်သီယာဝင်းက ̏ ဒီလို ကွန်ရက် ဖွဲ့လိုက်ခြင်းအားဖြင့် အထူးသဖြင့် အမျိုးသမီးနဲ့ က‌လေး‌တွေအတွက် ပိုပြီးအ‌ထောက်အကူပြုမှာပါ။ အရင်က ကရင်အမျိုးသမီးအဖွဲ့အချင်းချင်း Underground (‌မြေ‌အောက်လှုပ်ရှားမှု)အ‌နေနဲ့ပဲ ချိတ်ဆက်‌ဆောင်ရွက်ခဲ့ ရတယ်။ အခု‌တော့ အမျိုးသမီးအ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ လူထုအ‌ရေးကိစ္စ‌တွေကို လွတ်လွတ်လပ်လပ်နဲ့ ချိတ်ဆက် ‌ဆောင်ရွက်လို့ ရ‌နေပါပြီ↔ဟု‌ပြောသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ကရင်အမျိုးသမီးများနှီး‌နှောဖလှယ်ပွဲတွင် ‌ဒေသအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ ကရင်အမျိုးသမီး စုစု‌ပေါင်း (၁၂၅) ဦး တက်‌ရောက်ခဲ့ကြပြီး အမျိုးသမီးများ ဥပ‌ဒေအရ ကာကွယ်‌စောင့် ‌ရှောက်မှု ၊ လက်ရှိ မြန်မာပြည်နိုင်ငံ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၊ ‌မြေယာသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်း‌ရေး၊ ဒုက္ခသည်နှင့် ပြည်တွင်း စစ်‌ပြေး‌နေရပ်စွန့်ခွှာသူများ၏ အ‌ခြေအ‌နေစသည့် ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးမှုများအပြီး တိုင်းရင်းသားနယ်‌မြေအတွင်း ထိုးစစ်များအားလုံးရပ်တန့်ရန်၊ စစ်မှန်‌သော ငြိမ်းချမ်း ‌ရေး မတည်‌ဆောက်နိုင်မီ တိုင်းရင်းသားနယ်‌မြေအတွင်းရှိ အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ရပ်တန့်ရန်၊ ဒုက္ခသည်နှင့် ပြည်တွင်းစစ်‌ပြေး‌နေရပ်စွန့်ခွှာသူများ၏ အ‌ခြေခံလိုအပ်ချက်များကို ‌ထောက်ပံ့‌ပေးရန် စသည့် အကြံပြုချက် ၅ ချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်‌စောင်ကိုလည်း ထုတ်ပြန်လိုက်သည်။

‌ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသမီးများပါဝင်သည့် ကရင်အမျိုးသမီးများ နှီိး‌နှောဖလှယ်ပွဲကို ပထမအကြိမ်အဖြစ်၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ လည်း‌ကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၆ ခု နှစ်၊ မတ်လတွင် ‌လေးဝါး၌ လည်း‌ကောင်း ပြုလုပ်ခဲ့သည်။