Home ထိပ်တန်းသတင်း ကရင်စာသင် ဆရာ၊ ဆရာမများ လစာရရှိမှု မတူညီမှုများအ‌ပေါ် အမြန်တင်ပြရန် ‌ရေးရာဝန်ကြီး‌ပြော

ကရင်စာသင် ဆရာ၊ ဆရာမများ လစာရရှိမှု မတူညီမှုများအ‌ပေါ် အမြန်တင်ပြရန် ‌ရေးရာဝန်ကြီး‌ပြော

4154

မတ်လ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ ပြင်ပကရင်စာသင် ဆရာ၊ ဆရာမများ လစာ ရရှိမှု မတူညီမှုများအ‌ပေါ် ဆိုင်ရာမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ရှိသူများက စာရင်းပြုစုပြီး အမြန် တင်ပြရန် ကရင်လူမျိုးတိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး အတွင်း ‌မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ တွံ‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း အစရှိသည့် မြို့နယ်များရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း ကရင်စာသင်ဆရာ၊ ဆရာမများကို ယခုအ‌တောအတွင်း လစာ‌ငွေထုတ်‌ပေးမှုများ မတူညီမှုများရှိ‌နေပြီး အချို့မြို့နယ်များမှာ ၇ လစာရရှိသလို အချို့မြို့နယ်များတွင်မူ ‌လေးလစာသာရရှိမှုများ ဖြစ်‌ပေါ်‌နေသည်ဟု ဆိုင်ရာမြို့နယ် စာယဉ် တာဝန်ရှိသူများက ‌ပြောသည်။

‌မှော်ဘီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အဖွဲ့ဝင် ‌စောသန့်ဇင်က “ ကျ‌နော်တို့‌မှော်ဘီမြို့နယ်မှာ ‌တော့ ဒီနှစ်မှာ ကရင်စာသင် ဆရာ၊ ဆရာမ‌တွေကို လစာထုတ်‌ပေးတဲ့ အခါ တစ်လ သုံး‌သောင်းကျပ်နှုန်းနဲ့ ‌လေးလစာ‌ပေးတယ်။ ‌ကော့မှူးမြို့နယ်က‌တော့ ၇ လစာ ရတယ်‌ပြောတယ်။ ဘယ်လို‌တွေ ကွာခြားလဲမသိဘူး” ဟု ‌ကေအိုင်စီသို့ မတ် ၅ ရက်‌နေ့တွင် ‌ပြောသည်။

ယခုလို မြို့နယ် တစ်ခုနှင့် တစ်ခု ကရင်စာသင်ဆရာမ၊ ဆရာမများကို လစာရရှိမှုမတူညီမှုများအ‌ပေါ် ဆိုင်ရာ မြို့နယ် ပညာ‌ရေးမှူး သွား‌ရောက်‌မေးမြန်ရန် စီစဉ်‌သော်လည်း နားလည်မှုလွဲမှားသွားမည်ကို မလိုလား ‌ကြောင်း မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များက ‌ပြောသည်။

ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက “ အားလုံးတ‌ပြေးညီပဲဖြစ်ရမယ်။ ‌ကော့မှူးမြို့နယ်မို့လို့ ပို‌ပေးတာ။ တခြား မြို့နယ်‌တွေကို‌တော့ အဆင်‌ပြေသလို‌ပေးတာမျိုးလက်မခံဘူး။ အားလုံးတန်းတူဖြစ်ရမယ်။ ကျမဆီကို ဒီတစ်ရက် နှစ်ရက်အတွင်း မြို့နယ်အလိုက် လစာကွာခြားတာ၊ အပြည့်မရတာ ‌တွေကို စာရင်းပြုစုတင်ပြ‌ပေးပါ။ အားလုံးတ‌ပြေးညီ ဖြစ်ရမယ်” ဟု မတ် ၅ ရက်‌နေ့တွင် မြို့နယ်အသီးသီးရှိ စာ၊ ယဉ်တာဝန်ရှိသများနှင့် ‌တွေ့ဆုံစဉ်‌ပြောသည်။

လက်ရှိရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ ‌တောင်ပိုင်းခရိုင် အတွင်းရှိ အစိုးရ အ‌ခြေခံပညာသင်‌ကျောင်းများတွင် ‌ကျောင်းသူ‌ကျောင်းသား နှစ်‌ထောင်‌ကျော်ကို မူလတန်း‌အောက်အဆင့် ကရင် စာသင်ကြား‌ပေးခဲ့သည်ဟု တိုင်းစာယဉ်တာဝန်ရှိသူများထံမှ သိရသည်။