Home သတင်း UNFC ၏ NCAဆိုင်ရာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးသွားမည်

UNFC ၏ NCAဆိုင်ရာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးသွားမည်

2898

‌ဖေ‌ဖော်ဝါရီ ၁၃ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFCအ‌နေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCAဆိုင်ရာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ဆက်လက်ကျင်းပရန်ရှိ‌နေသည့် UNFC၏ ဒုတိယအကြိမ်ပုံမှန်အစည်းအ‌ဝေး၌ ပြန်လည်သုံးသပ်‌ဆွေး‌နွေးသွားမည်ဟု UNFCမှ ထုတ်ပြန် ‌ပြောဆိုလိုက်သည်။

ယ‌နေ့ ၁၃ ရက်‌နေ့တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ-NMSPနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDUတို့ အပစ်ရပ်လက်မှတ်‌ရေးထိုးမည့်အတွက် UNFC၏ ဒုတိယအကြိမ်ပုံမှန်အစည်းအ‌ဝေးကို ယာယီ ရပ်ဆိုင်းထားရပြီး ၎င်းလက်မှတ်‌ရေးထိုးပြီးသည့်‌နောက် UNFC၏ NCAဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက် ပြုလုပ်သွားမည့် UNFCအစည်းအ‌ဝေး၌ပြန်လည်သုံးသပ်သွားရန်ရှိသည်ဟု UNFC ဗဟိုအလုပ်အမှု‌ဆောင်‌ကော် မတီဝင် ဦးထွန်း‌ဇော်က ယခုလို‌ပြောသည်။

၎င်းက “မွန်နဲ့ လားဟူ NCAလက်မှတ်‌ရေးထိုးမယ်ဆိုတာက သူတို့ရဲ့ တစ်ဖွဲ့ချင်းစီရဲ့‌ဆောင်ရွက်ချက်ဖြစ် တယ်။ UNFCမှာ လုပ်ငန်းစဉ်‌တွေရှိပါတယ်။ ကျ‌နော်တို့ NCAလက်မှတ်‌ရေးထိုးမှုနဲ့ပတ်သက်လို့ ကျ‌နော်တို့ ချမှတ်ထား တဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ်၊ မှုဝါဒရှိတယ်။ အဲ့ဒီအ‌နေအထား‌ပေါ်မှာ ကျ‌နော်တို့ပြန်လည်သုံးသပ် ရမှာဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ပြီး‌တော့မှ ကျန်တဲ့အဖွဲ့‌တွေနဲ့ ဘယ်လိုဆက်သွားမလဲ၊ ကျန်တဲ့လုပ်ငန်းစဉ် ‌တွေကို ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်မလဲ ဒီလုပ်ငန်းစဉ်‌တွေကို အဆင့်ဆင့်‌ဆွေး‌နွေးသွားဖို့ရှိပါတယ်။ အဲ့ဒါ ‌ကြောင့်‌ကောင်စီအစည်းအ‌ဝေးက မပြီးပြတ်‌သေးဘူး။ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ အဲ့မှာမှ ဆက်လက် ‌ဆွေး‌နွေးနိုင်မှာဖြစ်ပါ တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

UNFC၏ ဒုတိယအကြိမ်ပုံမှန်အစည်းအ‌ဝေးကို ယခုလ ၁ဝရက်‌နေ့က စတင်ကျင်းပခဲ့ရာမှာ NMSPနှင့် LDUတို့ NCA လက်မှတ်‌ရေးထိုးပွဲရှိသည့်အတွက် အစည်းအ‌ဝေးကိုယာယီရပ်ဆိုင်းထားရပြီး လက်မှတ်‌ရေးထိုးခြင်း အစီအစဉ်ပြီး‌နောက် အစည်းအ‌ဝေးကိုဆက်လက်ကျင်းပသွားမည်ဟု UNFCမှ (၁၁)‌နေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်‌ကြေညာထားသည်။

အလားတူ UNFC၏အဖွဲ့ဝင် ရခိုင်ပြည်အမျိုးသား‌ကောင်စီ-ANCမှ ယ‌နေ့ကျင်းပသည့် NCA လက်မှတ်‌ရေး ထိုးပွဲသို့တက်‌ရောက်မည်မဟုတ်သလို NCAလက်မှတ်‌ရေးထိုးခြင်းနှင့်ပတ်သက်ပြီး ယခင်ရှိနှင့်ပြီး သားသ‌ဘော ထားအတိုင်း(UNFC) ၏ နိုင်ငံ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးကိုယ်စားလှယ် အဖွဲ့(DPN)၏ အဆိုပြုချက် (၈)ရပ်ကို ညှိနှိုင်းမှုအဆင်‌ပြေမှသာ လက်မှတ်‌ရေးထိုးသွားမည်ဟု ANCမှ ယမန်‌နေ့က သ‌ဘောထားထုတ်ပြန်ထားသည်။

MNSPနှင့် LDU အပစ်ရပ်လက်မှတ်ထိုးရန်ဆုံးဖြတ်ခဲ့သည့်အ‌ပေါ် UNFC အကြား ညီညွတ်မှု မထိခိုက်‌စေရန် နှစ်ဖက်ထိပ်သီး‌ခေါင်း‌ဆောင်များ‌တွေ့ဆုံးညှိနှိုင်းမှုအနည်းဆုံး(၁)ကြိမ်ခန့်ဖြစ်‌ပေါ်‌စေရန်၊ တစ်ဆို့‌နေသည့် ဖက်ဒရယ်ဒီမိုက‌ရေစီ ‌ဝေါဟာရဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်ကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအဆင့်ဆင့်တွင် ဆက်လက် ‌ဆွေး‌နွေးသွားရမည့် လုပ်ငန်းစဉ်အ‌နေဖြင့် မှတ်တမ်းတင်ရန်၊ KNPPတပ်ဖွဲ့ဝင်နှင့် အရပ်သားတို့ အသတ်ဖြတ် ခံရသည့်အ‌ပေါ် တရားမျှတ‌ရေး ‌ပေါ်‌ပေါက်ရန်ညှိနှိုင်းအ‌ဖြေရှာရမည်ဟု ကတိကဝတ်‌ပေးရန်စသည့်အနိမ့်ဆုံးအ ဆင့်ဖြင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ကော်မရှင် (PC)နှင့်‌တွေ့ဆုံ၍ NCAစာချုပ်တွင် အားလုံးလိုက်ပါ ‌ရေးထိုး နိုင်‌သော အခင်းအကျင်းတစ်ခုဖြစ်လာ‌စေရန် ညှိနှိုင်းကြိုးပမ်းခဲ့သည့်ဟု ထုတ်ပြန်ချက်တွင်ဆို ထားသည်။

ထို့သို့ညှိနှိုင်းခဲ့‌သော်လည်း DPNနှင့်PCအကြားတစ်ဆို့‌နေသည့် အချက်များကို နှစ်ဖက်ထိပ်သီး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံညှိနှိုင်းအ‌ဖြေရှာရန် NCAလက်မှတ်‌ရေးထိုးမည်ဟုကတိ‌ပေးပြီးမှသာ‌တွေ့ဆုံခွင့် ‌ပေးမည်ဖြစ်‌ကြောင်း ၊ ထို့အတွက် DPN ၏ အဆိုပြုချက်(၈)ချက်ကို DPN နှင့် PC အကြား တရားဝင်နိဂုံးချုပ်ရန် အ‌ခြေအ‌နေမ‌ပေး ခြင်း‌ကြောင့် တန်းတူ‌ရေးအ‌ခြေခံဖြင့် အားလုံးလိုက်ပါနိုင်‌သောအခင်းအကျင်းမရှိခဲ့‌ကြောင်း ANC ၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC အဖွဲ့တွင် လက်ရှိ မွန်ပြည်သစ်ပါတီ-NMSP၊ ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး- LDU၊ ရခိုင်ပြည်အမျိုးသား ‌ကောင်စီ-ANC အဖွဲ့များပါဝင်သည်။