Home သတင်း KNU နှင့် မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုပြန်လည်ဖြစ်ပွား

KNU နှင့် မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုပြန်လည်ဖြစ်ပွား

3666

‌ဖေ‌ဖေါ်ဝါရီ ၂၄၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ ‌ခေါဇာမြို့နယ်ခွဲရှိ မာန်‌အောင်‌ကျေးရွာ ‌ရေး‌ချောင်ဖျား‌ဒေသအစွန်၌် ယ‌နေ့ (‌ဖေ‌ဖေါ် ဝါရီ ၂၄) မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်အချိန်တွင် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ လက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၆) လက်‌အောက်ခံ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင် များနှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ‌ကေအိုင်စီသို့ အတည်ပြု‌ပြေသည်။

“ ကျ‌နော်တို့လူ‌တွေ ထမင်းစား‌နေတုန်း မွန်ပြည်သစ်ပါတီက လာ‌ချောင်းပစ်သွားတာ။ ပြန်ခုခံပစ်ပြီး‌တော့ ကျည်ကုန်သွားလို့ တစ်‌ယောက်ပြန်‌ပြေးလာတယ်။ ကျန် ၃ ‌ယောက်က ‌သေလား၊ ရှင်လား မသိရ‌သေးဘူး ‌ပျောက်‌နေတယ်” ဟု KNU တပ်ရင်း ၁၆ ဌာနချုပ်၊ တပ်ခွဲမှူး ဗိုလ်ကြီး‌စောဘိုဘိုထွန်းက ‌ကေအိုင်စီသို့ ယ‌နေ့ တွင်‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အဆိုပါ မာန်‌အောင်‌ကျေးရွာအ‌ရှေ့ဘက်တွင် သစ်ခုတ်သမား ၃၂ ဦးကို မွန်ပြည်သစ်ပါတီဘက်မှ ဖမ်းဆီးခဲ့ပြီး‌နောက် KNU ဝင်း‌ရေးမြို့နယ်သို့ ပြန်လည်လွှဲ‌ပြောင်း‌ပေးခဲ့ပြီး‌နောက်ပိုင်း သစ်ထုတ်လုပ်မှုပြဿနာ‌ကြောင့်သာ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်မည်ဟု KNU တာဝန်ရှိသူဘက်မှ ‌ပြောသည်။

မွန်ပြည်သစ်ပါတီမှ ပြည်တွင်း‌ရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “ မာန်‌အောင်‌ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာ ပါ။ ဒဏ်ရာရ‌တော့ မရှိ‌လောက်ဘူးထင်တယ်။ ဟိုတုန်းက သစ်ခိုးထုတ်မှုကိစ္စ ရှိတယ်။ အခုထိသစ်ခိုးထုတ်မှု ရှိ‌နေလို့ ဖြစ်တာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံးနှင့် မွန်ပြည်သစ်ပါတီတို့သည် တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ထိုးထားသည့် အဖွဲ့များဖြစ်ပြီး ‌ဒေသတွင်းအ‌ခြေအ‌နေအရ နယ်‌မြေချင်းထိစပ် ‌ရော‌နှောမှုများရှိ‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ ‌ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၈၈ ခုနှစ် ဘုရားသုံးဆူမြို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး‌နောက်ပိုင်း ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် တစ်‌ကျော့ပြန် နှစ်ဘက် ပစ်ခတ်မှုများ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးသည်။