Home သတင်း KNU ‌ခေါင်း‌ဆောင်နှစ်ဦး အ‌မေရိကန်‌ရောက် ကရင်လူထုနှင့် ‌တွေ့ဆုံရန် စတင်ထွက်ခွါ

KNU ‌ခေါင်း‌ဆောင်နှစ်ဦး အ‌မေရိကန်‌ရောက် ကရင်လူထုနှင့် ‌တွေ့ဆုံရန် စတင်ထွက်ခွါ

2027

‌ဖေ‌ဖော်ဝါရီ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်နှစ်ဦးဖြစ်သည့် ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း နှင့် အတွင်း ‌ရေးမှူး(၂) ပဒို‌စောလှထွန်းတို့နှစ်ဦးသည် အ‌မေရိကန်ပြည်‌ထောင်စုသို့ သွား‌ရောက် အ‌ခြေချ ‌နေထိုင်ကြ သည့် ကရင်လူထု အချို့နှင့်သွား‌ရောက်‌တွေ့ဆုံရန် ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၅ရက်)က စတင်ထွက်ခွါသွားသည်ဟု သိရသည်။

အ‌မေရိကန်ပြည်‌ထောင်စု၊ မီနီဆိုးတား (Minnesota) ပြည်နယ်တွင် ‌ရောက်ရှိ‌နေထိုင်‌နေကြသည့် မီနီဆိုးတား ကရင်အဖွဲ့အစည်း၏ ဖိတ်ကြားမှုဖြင့်သွား‌ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသွား‌ရောက်‌တွေ့ဆုံမှုတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လတ်တ‌လော မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို ချပြရှင်းလင်း‌ဆွေး‌နွေးမှုများပြုလုပ်သွားမည်ဟု KNU ဗဟို‌ကော်မတီဝင်တစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

အဆိုပါ KNU ‌ခေါင်း‌ဆောင်နှစ်ဦး၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အ‌မေရိကန်ပြည်‌ထောင်စု ကရင်အဖွဲ့အစည်း (KOUSA)က ၎င်း တို့၏ ခရီးစဉ်ကို KOUSAမှ ဖိတ်ကြားခြင်းမဟုတ်‌ကြောင်း၊ မီနီဆိုးတား ကရင်လူမှုအဖွဲ့အစည်း မှဖိတ် ‌ခေါ်ခဲ့ခြင်းဖြစ်‌ကြောင်း၊ အဆိုပါ ဖိတ်‌ခေါ်မှုအစီအစဉ်ကို KOUSA ဗဟို‌ကော်မတီမှ တစုံတရာ သိရှိခြင်း မရှိ‌ကြောင်း၊ ၎င်းတို့‌ပြောဆို ‌ဆွေး‌နွေးပူး‌ပေါင်းလုပ်‌ဆောင်မည့် အ‌ခြေအ‌နေများကိုလည်း မသိရှိရ‌ကြောင်း ထုတ်ပြန်‌ပြောဆိုထားသည်။

ထို့အပြင် ၎င်းခရီးစဉ်နှင့်ပတ်သက်ပြီး အဆက်အသွယ်မရှိ‌သော‌ကြောင့် ၎င်းတို့‌နေရာသို့ ‌ရောက်ရှိလာလျှင်လည်း ‌တွေ့ဆုံပူ‌ပေါင်းလုပ်‌ဆောင်ရမည့် အစီအစဉ်များကို ‌ပြောဆို‌ဆွေး‌နွေး နိုင်မည်မဟုတ်‌ကြောင်း၊ အလွတ်သ‌ဘော ‌တွေ့ဆုံ‌ဆွေး‌နွေးရန်အတွက် ကိုယ်စားလှယ်များလွှတ်ရမည်ဆိုလည်း ‌ရွေးချယ်‌စေလွှတ်နိုင်‌ကြောင်း KOUSA က သ‌ဘောထားထုတ်ပြန်ထားသည်။

လက်ရှိ KNU‌ခေါင်း‌ဆောင်နှစ်ဦး၏ အ‌မေရိကန်ခရီးစဉ်သည် (၁၆)ကြိမ်‌မြောက် KNU ကွန်းဂရက်အပြီး ပထမဦး ဆုံး အကြိမ်တရားဝင်သွား‌ရောက်ခြင်းဖြစ်ပြီး မီနီဆိုးတား ကရင်လူမှုအဖွဲ့၏ စီစဉ်‌ပေးမှုအ‌ပေါ်မူတည်၍ ခရီးစဉ်မှာ တစ်ပတ်ခန့်ကြာမြင့်နိုင်သည်ဟုလည်း သိရသည်။