Home သတင်း နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းများကို ပြည်သူများ သိထားရန်လိုဟု မွန်နယ်လုံဝန်ကြီး‌ပြော

နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းများကို ပြည်သူများ သိထားရန်လိုဟု မွန်နယ်လုံဝန်ကြီး‌ပြော

1708

‌ဖေ‌ဖော်ဝါရီ ၂၁ ရက် ၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

အပစ်ရပ်ကာလအတွင်း နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းများနှင့် ပတ်သက်၍ ပြည်သူများ သိထားရန်လိုသည် ဟု ‌ဖေ‌ဖေါ်ဝါရီ ၁၉ ရက်‌နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်‌ကျေးရွာ၌ ပြုလုပ်သည့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌နေ‌ရေး‌ကော်မတီ (JMC-S)နှင့် ‌ဒေသခံများ‌တွေ့ဆုံပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ‌ပြောသည်။

၎င်းက “ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်‌စေမဲ့ကိစ္စ‌တွေ မလုပ်ရဘူး၊ လူ‌တွေမဖမ်းရဘူး၊ ဆက်‌ကြေး‌တွေ မ‌ကောက်ရဘူး၊ အခွန်အ‌ကောက်‌တွေ မလုပ်ရဘူး၊ အတင်းအဓမ္မလုပ်ခိုင်း‌စေခြင်း မပြုရဘူး၊ ပြည်သူ‌တွေရဲ့ ‌မြေယာအ‌ဆောက်အဦး သိမ်း ပိုက်ယူခြင်း မပြုရဘူး။ နှစ်ဖက်တပ်‌တွေအားလုံး လိုက်နာရမဲ့စည်းကမ်း‌တွေ ပြည်သူလူထုသိထားဖို့ လိုမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ‌ပြောသည်။

ထို့အပြင် ‌မော်‌တော်ကား၊ ‌မော်‌တော်ဆိုင်ကယ်၊ ရာဘာခြံ စသဖြင့် အဖွဲ့အစည်းများက အခွန်‌ကောက်လျှင် ဖုန်းဖြင့် ဖြစ်‌စေ၊ စာနှင့် ဖြစ်‌စေ သတင်‌ပေးတိုင်ကြားရန်လိုပြီး ပြည်နယ် ပူးတွဲအပစ်ရပ်‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-S အ‌နေဖြင့် ထိန်း ‌ပေးသွားမည်ဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

အဆိုပါ လူထု‌တွေ့ဆုံပွဲသို့ မွန်ပြည်နယ် JMC-S ‌ကော်မတီ ဒုဥက္ကဌ ‌နော်ဆာထူး၊ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းနိုင်ဦးတို့ အပါအဝင် KNU တပ်မဟာ(၆)မှ ဗိုလ်မှူးကြီး‌စောဂျိုးစွာ၊ ဗိုလ်မှူး‌စောစဲ‌နေထူး၊ ‌ကော်မတီအဖွဲ့ဝင် ၁၃ ဦးတက် ‌ရောက်ကာ JMC-S လုပ်ငန်းစဉ်များကို ရှင်းလင်း‌ပြောဆိုခဲ့သလို အခမ်းအနားသို့ ‌ဒေသခံလူထု ၃ဝဝ ဝန်းကျင် တက်‌ရောက် ခဲ့သည်။

‌တွေ့ဆုံပွဲ တက်‌ရောက်လာသူ KNU ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “ကျ‌နော်တို့က အမျိုးသား‌ရေး တာဝန် တစ်ရပ်အ‌နေနဲ့ ရပ်တည်နိုင်ဖို့ ကရင်ကံကြမ္မာ ကရင်ဖန်းတီးနိုင်ဖို့ ဆိုတဲ့အချက်အ‌ပေါ်မှာ အမျိုးသား‌ရေးအတွက် ကရင် လူထု‌တွေက ‌ထောက်ပံ့မှု‌ပေးတာပါ။ ရပ်တည်လို့မရ‌တော့ဘူးဆိုရင် ‌ဒေသအတွင်းမှာ အာမခံချက်ဘာတစ်ခုမှ မရှိ‌တော့ ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိ‌သေးတဲ့အ‌ပေါ် ကရင်လူထုများ၏ ‌ထောက်ပံ့မှုနှင့်သာ ရပ်တည်‌နေရပြီး တိုင်းရင်းသား စာ‌ပေ သင်ပညာ‌ရေး‌စေတနာဝန်ထမ်းများကို တတ်နိုင်သ‌လောက် ‌ထောက်ပံ့‌ပေးနိုင်ခဲ့သည်ဟု ပဒို‌စော‌မောင်‌ရွှေက ဖြည့်စွက်‌ပြောဆိုသည်။

၎င်းအပြင် ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောခိုင်မြင့်က“လက်နက်ကိုင် အဖွဲ့အစည်း‌တွေ နှစ်ပတ်လည် အခွန်‌ကောက်တာ က ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ ကားလုပ်ငန်းလိုင်စင်လုပ်တာတို့ အခြားလုပ်ငန်းမျိုး‌တွေမှာ ရာခိုုင်နှုန်းများပြီး‌ကောက်တဲ့အ‌ပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ပြီး‌နောက်မှ စီးပွား‌ရေးက အစပျိုးနိုင်ရုံပဲ ရှိပါ‌သေးတယ်။ အခွန်‌လျှော့ပြီး ‌ကောက်‌စေချင်တယ်။ အစိုးရဘက်မှာလည်း လာဘ်‌ပေးလာဘ်ယူမှုကိစ္စ‌တွေ နည်း‌အောင် လုပ်‌ပေး‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ဖေ‌ဖေါ်ဝါရီ ၂ဝ ရက်တွင် ‌ပြောသည်။

ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ရန် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်း‌ပေးရမည်ဖြစ်ပြီး NCA လမ်း‌ကြောင်းလက်‌တွေ့အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်မှသာ အခွန်ကိစ္စအဆင်‌ပြေသွားနိုင်မည်ဟု လွှတ်‌တော်ကိုယ်စားလှယ်‌ဟောင်း ဦး‌စောမြဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် JMC-S အ‌နေဖြင့် ‌ဒေသခံလူထု‌တွေ့ဆုံပွဲများကို ပုံမှန်ပြုလုပ်‌လေ့ရှိပြီး ယခုမုဒုံမြို့နယ်၊ အဘစ်‌ကျေးရွာ၌ ပြုလုပ်သည့်‌တွေ့ဆုံပွဲသည် (၁၂) ကြိမ်‌မြောက် ‌တွေ့ဆုံပွဲဖြစ်‌ကြောင်းသိရသည်။