Home သတင်း ‌တော်လှန်‌ရေးအတွက် ရပ်တည်ချက် ပြန်လည်ဆန်းစစ်ပြီး စည်းလုံးကြရန် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ တိုက်တွန်း

‌တော်လှန်‌ရေးအတွက် ရပ်တည်ချက် ပြန်လည်ဆန်းစစ်ပြီး စည်းလုံးကြရန် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ တိုက်တွန်း

2876

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ကရင့်‌တော်လှန် ‌ရေးအတွက် ရပ်တည်ချက်ကို ပြန်လည်ဆန်းစစ်ပြီး စည်းလုံးညီညွတ်ကြရန်အချိန်တန်ပြီဟု ဇန်နဝါရီလ ၃၁ရက်(ယမန်‌နေ့)က ဖာပွန်ခရိုင်၊ အီတူးထာ ပြည်တွင်းစစ်‌ပြေး‌ရှောင် ဒုက္ခသည်စခန်းတွင် ကျင်းပသည့် (၆၉)နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက တိုက်တွန်း‌ပြောကြားခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက “‌တော်လှန်‌ရေးဦး‌ဆောင်မှု မျိုးဆက်သုံးခုမှာ ဘာ‌ကြောင့် ဂုဏ်သိက္ခာကျဆင်း လာရ သလဲ၊ ‌လေးစားမှု‌လျော့နည်း လာရသလဲ၊ ကိုယ့်ပြည်သူ လူထု‌ထောက်ခံ အား‌ပေးမှု‌လျော့နည်းလာရသလဲဆိုတာ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်တဲ့ သူ‌တွေအ‌ပေါ်မှာ ပဲ မူတည်တယ်။ အသက်အိုးအိမ်‌ပေါင်းများစွာနဲ့ နှစ်‌ပေါင်း(၆၉)နှစ်ကြာ ‌ပေးဆပ်လာသည့်တိုင် ပန်းတိုင်ကိုမ‌ရောက်‌သေး ဘူး။ ပန်းတိုင်ကိုမ‌ရောက်သည့်တိုင် ပုံရိပ်ဘယ်‌လောက်‌မှေးမှိန် လာသလဲဆိုတာ ‌ခေါင်း‌ဆောင်တဲ့သူ‌တွေတိုင်းမှာ တာဝန်ရှိတယ်” ဟု အခမ်းအနားမိန့်ခွန်း၌ ထိုသို့‌ပြောဆိုခဲ့သည်။

ထို့အပြင် ကွဲပြား‌နေသည့် ကရင်လက်နက်ကိုင် အချင်းချင်းအကြား တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြစ်ဖို့ တိုက်ခိုက် သတ်ဖြတ်‌နေခြင်း မှာ မိမိပန်းတိုင်ကို ဖျက်ဆီးရာ‌ရောက်‌ကြောင်း၊ အချင်းချင်းအကြား ပြစ်တင်ရှုတ်ချ သတ်ဖြတ်ရ‌တော့မည့်အချိန်မဟုတ် ‌ကြောင်း ၊ လက်ရှိတွင် စိန်‌ခေါ်မှုများရှိလာသည့်အ‌ပေါ် အချင်းချင်းကြားခွင့်လွှတ်ကြပြီး အများအကျိုးအတွက် ပြန်လည် စည်းလုံးကြရမည့်အချိန်ဖြစ်‌ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ဆက်လက်တိုက်တွန်း‌ပြောဆိုခဲ့သည်။

လက်ရှိတွင် ‌ကေအဲန်ယူအဖွဲ့၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အဖွဲ့အတွင်း သ‌ဘောထား ကွဲလွဲမှုများ ရှိ‌နေသလို ယခင်နှစ် မတ်လကကျင်းပခဲ့သည့် ‌ကေအဲန်ယူ၏ ၁၆ ကြိမ်‌မြောက်ကွန်ဂရက်၌ ပြုလုပ်ခဲ့သည့် ‌ကေအဲန်ယူ၏ ဗဟို‌ခေါင်း ‌ဆောင်များ‌ရွေးချယ်ရာ၌လည်း ‌ပေါ်ထွက်လာသည့်‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် ပြည်တွင်းပြည်ပ ကရင်လူထုများအကြား ‌ဝေဖန်မှုများစွာ ‌ပေါ်ထွက်ခဲ့သည်။

(၆၉) နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့အတွက် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၏ ထုတ်ပြန်ချက်တွင်လည်း ကရင့် ‌တော်လှန်‌ရေး အစပိုင်းတွင် ကရင်တို့၏မျိုးချစ်စိတ်နှင့် စည်းလုံးညီ ညွတ်မှုတို့‌ကြောင့် ‌အောင်မြင်မှုများစွာရရှိခဲ့ပြီး ‌တော် လှန်‌ရေး အ‌ခြေခံနယ်‌မြေများလည်း များစွာရှိခဲ့‌သော်လည်း ၆၉ နှစ်အကြာတွင် ‌ခေါင်း‌ဆောင်မှုအတွင်း ကိုယ်ကျိုးရှာအ ‌ချောင်သမားဝါဒနှင့် ဂိုဏ်းဂဏဝါဒတို့ အား‌ကောင်းလာခြင်း‌ကြောင့် ကရင့်‌တော်လှန်‌ရေး အား‌ကောင်းလာရမည့်အစား အားနည်းသွားသည်ကို ‌တွေ့မြင်ရကာ ယင်းအားနည်းချက်များကို ရှာ‌ဖွေပြုပြင်ပြီး ‌တော်လှန်‌ရေး စတင်သည့်(၁၉၄၉)ခုနှစ် စိတ်ဓါတ်ကို ပြန်လည်အားသစ်‌လောင်းရန် တိုက်တွန်း‌ကြောင်း ‌ဖော်ပြထားသည်။

ယမန်‌နေ့က ကျင်းပသည့် (၆၉)နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသို့ KNLA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲ အပါအဝင် စစ်ဘက်ဆိုင် ရာအရာရှိများ၊ တပ်ဗိုလ်တပ်မှူးများ၊ ဖာပွန်ခရိုင်ဥက္ကဌ ပဒို‌စောထဲဒယ်၊ KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၊ ဗဟို ‌ကော်မတီဝင်အချို့နှင့် မဟာမိတ်အဖွဲ့ဝင်များ၊ ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်‌ဟောင်းများ၊ ပြည်တွင်းနှင့်ပြည်ပ ‌ရောက် ကရင်များ၊ ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း (၃,၀၀၀)‌ကျော် တက်‌ရောက်ခဲ့သည်။

အခမ်းအနားတွင် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အသီးသီးမှ အမှာစကား‌ပြောကြားခြင်း၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး ‌စေးဖိုး၏ ‌တော်လှန်‌ရေး‌နေ့ မိန့်ခွန်းနှင့် ‌ကေအဲန်ယူ၏ မဟာမိတ် အဖွဲ့အစည်း အသီးသီးမှ‌ပေးပို့လာသည့် ကရင့် ‌တော်လှန်‌ရေး‌နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် စစ်‌ရေးပြအခမ်းအနားများပါဝင်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ စရှိုင်းထက်‌အောင်က“ ‌တော်လှန်‌ရေးက နှစ်‌ပေါင်း(၆၉)နှစ်ကြာခဲ့ပြီ။ ပန်းတိုင်ကို မ ‌ရောက်နိုင်‌သေးဘူး။ ကျ‌နော်မြင်တာက ကရင်အချင်းချင်းမှာ ရင်ကြား‌စေ့‌အောင်လုပ်ရမယ်။ အချင်းချင်းနားလည်မှု‌တွေ အဓိကထားပြီး‌တော့ ဘာကိုမှ အစွဲမထားပဲနဲ့ ကိုယ့်ရည်မှန်းချက်ကို သိ‌အောင်ပြန် လုပ်ရမယ်။ ဆို‌တော့ KNLAမှ မဟုတ် ဘူး ။ ကရင်လက်နက်ကိုင်ထားတဲ့သူ‌တွေအ‌နေနဲ့ ကိုယ်လက်နက်ကိုင်ထားတာက ဘာအတွက်လဲ၊ ကရင်အ တွက်ပဲဖြစ် ရမယ်။ ဒါ‌ကြောင့် တခြားဘာမှလက်ဆုပ်လက်ကိုင်ပြု မထားနဲ့လို့ ‌ပြောချင်တယ်”ဟု ‌ပြောသည်။

ဖဆပလ-(ဖက်စစ်ဆန့်ကျင်‌ရေး ပြည်သူ့လွတ်လပ်‌ရေးအဖွဲ့ချုပ်) အစိုးရ လက်ထက် အစိုးရတပ်နှင့် KNDO တပ်တို့ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်‌နေ့ကို ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် ကရင်အမျိုးသားများ က သတ်မှတ်ခဲ့ကြသည်။ ယခုနှစ် ကျ‌ရောက်သည့် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို KNU ခရိုင်၊ တပ်မဟာများ အပါ အဝင် ပြည်ပ‌ရောက် ကရင်အမျိုးသားများကလည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။