Home သတင်း အိန္ဒု-‌ကော့ကရိတ် အာရှလမ်းအတွက် ထိခိုက်နစ်နာသူများကို ဒုတိယအကြိမ်‌လျော်‌ကြေး‌ပေး

အိန္ဒု-‌ကော့ကရိတ် အာရှလမ်းအတွက် ထိခိုက်နစ်နာသူများကို ဒုတိယအကြိမ်‌လျော်‌ကြေး‌ပေး

2001

‌ဖေ‌ဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် လှှိုင်ဝ‌ကျေးရွာမှစကာ ဖားအံမြို့နယ် အိန္ဒု‌ကျေးရွာအထိ အာရှဖွံ့ဖြိုး‌ရေးဘဏ်-ADB မှ ‌ဖောက်လုပ်မည့် အာရှလမ်းမကြီးအတွက် ထိခိုက်နစ်နာသွားသည့် ‌ကျေးရွာအုပ်စု ၅ စုမှ ‌ဒေသခံများကို ‌ဖေ‌ဖော်ဝါရီလ ၂၆ ရက်‌နေ့ က ကန်သာဦးခန်းမတွင် ဒုတိယ အကြိမ်‌လျော်‌ကြေး‌ပေးအပ်ခဲ့သည်။

ထိုသို့‌ပေးအပ်ရာတွင် လမ်း‌ဖောက်လုပ်မှုနှင့် မလွတ်ကင်းသည့် ဖားအံမြို့နယ်‌ကျေးရွာအုပ်စုများမှ အိမ်‌ထောင် စု ၉၆ စုနှင့် အများပိုင် ၇ ‌နေရာအတွက် ‌မြေယာနှင့်သီးနှံ‌လျော်‌ကြေးများကို နိုင်ငံ‌တော်ဘဏ္ဍာ‌ငွေများထဲမှ ကျပ် ၁၁၁၅သန်း (သိန်းတစ် ‌သောင်းတစ်‌ထောင်‌ကျော်)ဖြင့် အစိုးရမှ ဒုတိယအကြိမ်‌ပေးအပ်ခြင်းလည်း ဖြစ်သည်။

သစ်‌တော၊ သတ္တုနှင့်လမ်းပန်း ဆက်သွယ်‌ရေးဝန်ကြီး ဦး‌စောပြည်သာက“လမ်းပိုင်းတစ်‌လျှောက်မှာ လမ်းနယ်နဲ့ မလွတ် ကင်းတဲ့ ဥယျာဉ်ခြံ‌မြေ‌တွေ စိုက်ပျိုးသီးနှံ‌တွေအတွက် ‌လျော်‌ကြေး‌ငွေများပြန်လည်‌ပေးအပ်ဖို့အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့အ‌နေနဲ့သက်ဆိုင်ရာဌာနများနဲ့စိစစ်ပြီးဖြစ်တာ‌ကြောင့် ထိခိုက်နစ်နာသူများကို အခုလို ‌လျော်‌ကြေး‌ငွေများ ‌ပေးအပ်ခြင်းဖြစ်ပါတယ်” ဟု‌ပြောသည်။

ဒုတိယ အကြိမ်‌လျော်‌ကြေး‌ငွေများ ‌ပေးအပ်ရာတွင် လူ‌နေအိမ်၊ ခြံ‌မြေ ၆၁၁၆၃.၀၉၄၃ စတုရန်း‌ပေ၊ လယ်‌မြေ ၁.၂၉၉၁ ဧကနှင့် ဥယျာဉ်ခြံ‌မြေ ၁.၉၈၉၇ ဧက ထိခိုက်နစ်နာမှုများအတွက် ‌လျော်‌ကြေး‌ငွေများဖြစ်ပြီး ADBမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်ညီသည့်‌လျော်‌ကြေးနှုန်းထားများဖြင့် ‌ပေး‌ဆောင်ထားခြင်းဖြစ်သည်ဟုလည်း ပြည်နယ်အစိုးရတာဝန်ရှိသူများက ‌ပြောဆိုသည်။

ကျားက‌လေးရွာမှာ ‌နေထိုင်သည့် နန်းထွန်းကြည်က “ကျမအိမ်က ဖျက်တဲ့အထဲမှာ မပါဘူး။ ဒါ‌ပေမယ့် အိမ်နဲ့ သူတို့ ‌ဖောက်မယ့်လမ်းက ၁ ‌ပေဘဲ ကျန်‌တော့တယ်။ ဒါက အိမ်မထိဘူးလို့ သူတို့‌ပြောတယ်။ သူတို့လမ်းပြင်တဲ့ အချိန်ကျရင် ကျမအိမ်ကို မထိခိုက်ဘူးလို့ မ‌ပြောနိုင်ဘူး၊ အန္တရာယ်လည်းများတယ်။ ‌လျော်‌ကြေး‌ပေးဖို့ စာရင်း ‌ကောက်တုန်းက မထိ ဘူး‌ပြောတယ်။ ကျမက ပြန်တင်ပြတယ် ။ အခုက ထိနိုင်‌ခြေရှိတဲ့‌လျော်‌ကြေး‌တော့ ‌ပေးတယ် ။ အိမ်တစ်လုံးစာအတွက် ‌တော့ မ‌ပေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်အစိုးရဘက်က ADBမှ သတ်မှတ်ချက်နှင့်အညီ ထိခိုက်နစ်နာသူများကို ‌လျော်‌ကြေး‌ပေး‌ဆောင်ထား ‌ကြောင်း ‌ပြောဆိုထား‌သော်လည်း ယင်း‌လျော်‌ကြေး‌ငွေများကို ‌ကျေနပ်လက်ခံသူများရှိသလို လက်မခံသည့်သူ များလည်း ရှိ‌နေ‌သေး သည်ဟု သိရသည်။

‌ဆောက်လုပ်‌ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှ အိန္ဒု၊ ‌ကော့ကရိတ်လမ်း စီမံကိန်း ဒါရိုက်တာ အင်ဂျင်နီယာ ချုပ်(မြို့ပြ) ဦး‌အေးလွင်က “‌ပေးတဲ့‌လျော်‌ကြေးကို သူတို့‌ကျေနပ်တာ မ‌ကျေနပ်တာဆိုတာက‌တော့ ADBရဲ့ ဆုံးဖြတ်ချက်နဲ့ ကျ‌နော်တို့ လည်း ဌာနဆိုင်ရာအ‌နေနဲ့ ဒါနည်းလည်း မရဘူး၊ များလည်း မရဘူး။ ကျ‌နော်အ‌နေနဲ့ ‌ပြောမယ်ဆိုရင် အခုဖြတ်‌ပေးတဲ့ ‌ဈေး နှုန်းက ရန်ကုန်မြို့ ဆင်‌ခြေဖုံးမှာရှိတဲ့ ‌ဈေးနှုန်းထက်ကို များတယ်” ဟု မီဒီယာများကို ‌ပြောသည်။

‌လျော်‌ကြေး‌ပေးသည့်အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ‌အောက်တိုဘာလ ၂ရက်‌နေ့က ဇွဲကပင်ခန်းမတွင် လူ‌နေအိမ်၊ ခြံ‌မြေ ၁၂၅၉၆.၃၆ စတုရန်း‌ပေနှင့်လယ်‌မြေ ၂.၀၁၉၃ ဧက၊ ဥယျာဉ်ခြံ‌မြေ ဝ.၂၈၉၂ ဧကအတွက် ကျပ်‌ငွေစုစု‌ပေါင်း ၆၇၆ သန်းအား ပထမအကြိမ်‌ပေးအပ်ခဲ့ပြီဖြစ်ပြီး စုစု‌ပေါင်း‌လျော်‌ကြေး‌ငွေ ကျပ် ၁၇၉၁ သန်း အား ‌ပေးအပ်ခဲ့ပြီဖြစ်‌ကြောင်း သိရ သည်။

အိန္ဒု-‌ကော့ကရိတ်လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းစီမံကိန်းကို အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)‌ချေး‌ငွေ ‌ဒေါ်လာသန်း ၁၀၀၊ အာဆီယံအ‌ခြေခံအ‌ဆောက်အဦးရံပုံ‌ငွေ ‌ချေး‌ငွေ ‌ဒေါ်လာသန်း ၂ဝ အပြင် နိုင်ငံ‌တော်မှ ‌ဒေါ်လာ ၁.၈ သန်း စုစု‌ပေါင်း ၁၂၁.၈ သန်း အကုန်အကျခံ‌ဖောက်လုပ်သွားမည်ဖြစ်သည်ဟု သိရသည်။