Home ကဗျာ ဝါးအစည်း‌ပြေ‌လေ‌သောအခါ

ဝါးအစည်း‌ပြေ‌လေ‌သောအခါ

3412

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၁၈ ခုနှစ် ။ (လကင်္ာဒီပ)

အာဏာရယူထားလိုမှု‌တွေလား
အများ‌ကောင်းစား‌ရေး‌ကြောင့်လား
လာဘ်စားထားမှု‌တွေ‌ကြောင့်လား
မက်လုံးများကြား မရုန်းထွက်နိုင်မှု‌ကြောင့်လား
‌သွေးပျက်အားငယ်မှု‌ကြောင့်လား
‌ကျောသား ရင်သား ခွဲခြားမှု‌တော့ရှိ‌နေတယ်
တကယ်ပါ ပဒိုမန်းရှာ‌ရေ
‌ကေအဲန်ယူဦး‌ဆောင်မှု‌အောက်မှာ
ကရင်ဟာ ဝါးအစည်း‌ပြေသလို
‌နေညိုချိန်‌တွေ ဆိုက်‌နေပြီဖထီး။

သံသရာက မလွတ်ချင်‌နေပါ‌စေ
စစ်‌ခြေဖိနပ်‌အောက်ကဖြင့်
ကျုပ်နှင့် ပြည်သူ‌တွေအားလုံး
အလုံးစုံ လွတ်‌မြောက်ချင်ပါတယ် ဖထီး
ခရီးက ပိုပိုကြမ်းလာတယ်
ဘယ်ဝယ် ဘယ်ဆီ ဘယ်ကမ်းမှန်း မသိနိုင်
ယိုင်နဲ့နဲ့ ခံယူချက်‌တွေနဲ့
မှားယွင်းတဲ့ ဦး‌ဆောင်မှု‌တွေ ‌ပေး‌နေလိုက်တာ
‌နေရာမကျတဲ့ အညစ်အ‌ကြေးတချို့ဟာ
ကြမ္မာဆိုး တခုဆီသို့
ကျုပ်တို့ကို တွန်းပို့လို့‌နေပါတယ် ဖထီး။

လွမ်း‌နေရုံ သတိရ‌နေရုံ
မပြည့်စုံ မကုံလုံပါဘူးဆိုတာ
သိ‌နေပါ‌သော်ငြားလည်း
ဒီပွဲက ‌ဖောက်ထွက်ဖို့အ‌ရေး
‌ရွေးချယ်မှု ‌နှောင့်‌နှေးကြန့်ကြာ
အရာရာ ငဲ့ညှာ‌နေရတဲ့အချိန်
အိမ်ကြက်ချင်း မခွပ်ဝံ့တဲ့အသိ
အမိဌာ‌နေ နယ်‌မြေ‌တွေဟာလည်း
‌ခြေရာမည်း‌တွေ ပြည့်နှက်လို့‌နေပါပြီ
ဒီ‌တောင်ကို ‌ကျော်ဖြတ်ဖို့
ကျုပ်တို့ ရုန်းကန်ကြိုးစား အားထုတ်သွားမှာပါဖထီး။

‌ပေါ့‌ပေါ့ဆဆလည်း ‌နေပါ‌ပေ့
‌မေ့‌မေ့‌လျော့‌လျော့လည်း‌နေကြ
ကရင့်ဘဝ‌မျှော်လင့်ချက်‌တွေဟာ
အရာရာတန်ဖိုးထားမှုအားနည်း
လွဲမှား အားထုတ်ခြင်း‌တွေနဲ့အတူ
‌ပေါ်ပြူလာဖြစ်ဖို့ ‌ဇောင်း‌ပေး‌နေကြတယ်
ဆိုရှယ်မီဒီယာ‌တွေထဲ နစ်မြှုပ်ရင်း
အိမ်တွင်း ဟင်းချက်နည်းကအစ
သာသနာ ဘာသာ ဂုဏ်‌တော်ချီးမွမ်းခြင်း‌တွေအဆုံး
အသုံးပြုမှု‌တွေဟာ ပန်းတိုင်သို့ ဦးမတည်
ဖီလာဆန့်ကျင်‌နေကြတယ်ဖထီး။

‌ပြော‌ပေါင်းများလို့ ရိုးသွားတာလား
ကြိုးစားရအုံးမယ်‌လေ
ကျုပ်တို့‌တွေ…တန်းတူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့်မှ
မရကြ‌သေးတာပဲမဟုတ်လား
များများ‌ပြော များများလုပ် အားထုတ်စိမ့်ဝင်
ရင်‌လောက်မှန်းမှ ဒူး‌လောက်ရနိုင်တဲ့
ဖြစ်ခြင်းရဲ့ သ‌ဘောသဘာဝ
ကရင့်အလုပ် ကရင်သာလုပ်ရမယ်
ဟင်း….ဖထီးရယ် အ‌ကြွေ‌စော‌ပေသမို့
မျက်ရည်တို့ ဖြိုင်ဖြိုင်စီးကျ ‌ဝေမိပါ‌တော့တယ်။