Home သတင်း ဝင်း‌ရော်‌ဒေသ၌ ဂုဏ်ပြုစိုက်ထူမည့် ‌စောဘဦးကြီးရုပ်ထုကို ‌ဒေသခံများ ‌သောင်း‌သောင်း ဖျဖျကြိုဆို၊ လက်ရှိ မက္ကသကျးရွာ၌ ‌ရောက်ရှိ‌နေ

ဝင်း‌ရော်‌ဒေသ၌ ဂုဏ်ပြုစိုက်ထူမည့် ‌စောဘဦးကြီးရုပ်ထုကို ‌ဒေသခံများ ‌သောင်း‌သောင်း ဖျဖျကြိုဆို၊ လက်ရှိ မက္ကသကျးရွာ၌ ‌ရောက်ရှိ‌နေ

2955

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့တွင် ကရင်ပြည်နယ်၊ ဝင်း‌ရော်‌ဒေသ (ကြားအင်းဆိပ်ကြီးမြို့နယ်)၊ ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်ရုံး၌ ဂုဏ်ပြုစိုက်ထူမည့် ကရင့်အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးရုပ်ထုကို ‌ဒေသခံများ ‌သောင်း‌သောင်းဖျဖျ ကြိုဆိုခဲ့ ပြီး လက်ရှိတွင် ဝင်း‌ရော်‌ဒေသ၊ မက္ကသ‌ကျေးရွာ၌ ယာယီ‌ရောက်ရှိ‌နေသည်ဟု ‌ဒေသခံ ‌ကေအဲန်ယူတာဝန်ရှိသူ များက ‌ပြောသည်။

အဆိုပါ ‌စောဘဦးကြီးရုပ်ထုသည် ရန်ကုန်မြို့မှ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့ညပိုင်းတွင် စတင်သယ်‌ဆောင်လာခဲ့ပြီး မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၊ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ‌နောင်တဲရွာထိပ်သို့ ‌ဖေ‌ဖေါ်ဝါရီ ၃ ရက်‌နေ့ နံ နက် ၈ နာရီခန့်တွင် ‌ရောက်ရှိလာပြီး‌ဒေသတွင်းရှိ KNU/KNLA တပ်ဖွဲ့ဝင်များ၊ ‌ဒေသခံများက ရိုးရာဝတ်စုံများ၊ ဒုံးအကများဖြင့် ‌သောင်း‌သောင်း ဖျဖျ ‌စောင့်ကြိုခဲ့သည်ဟု ‌ကေအိုင်စီ သတင်း‌ထောက်က သတင်း‌ပေးပို့သည်။

ထို့‌နောက် ဘုရားငါးဆူ- အနန်းကွင်း ကားလမ်းမကြီးတ‌လျှောက် သယ်‌ဆောင်လာရာ မြို့‌ဟောင်း၊ ခလယ်‌လေး၊ ခလယ် တံခွန်တိုင်ရွာ စသည့် လမ်းတ‌လျောက်ရှိ ရွာများ၊ ‌တောင်ဒီး၊ ကျုံခဝန်၊ ဖားပြ စသည့်‌ကျေးရွာများတွင် ‌ဒေသခံ ကရင်လူမျိုးများက မိမိတို့ရွာထိပ်သို့ ထွက်ကြိုဆိုခြင်း၊ လိုက်ပါဝန်းရံ ခြင်းများပြုလုပ်ခဲ့သည်။

ထို့‌နောက် ‌နေ့လည် ၁၁ နာရီခန့်တွင် ‌စောဘဦးကြီးရုပ်ထု စိုက်ထူမည့် ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်ရုံးသို့ ‌ရောက်ရှိသွားပြီး ‌ဒေသတွင်းလာ‌ရောက်စခန်းချ‌နေသည့် တပ်ဖက်မှ အနန်းကွင်းဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းစံဦး‌ဆောင်သည့် တပ်ဖွဲ့ဝင် များ‌ရောက်ရှိလာပြီး ကန့်ကွက်‌ကြောင်း ‌ပြောဆိုခဲ့သည်။ ထို့‌ကြောင့် နှစ်ဖက် တာဝန်ရှိ သူများ တစ်နာရီကြာညှိနှိုင်း ‌သော်လည်း ‌ပြေလည်မှုမရ ရှိခဲ့ဟု ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ယခုလို‌ပြောသည်။

၎င်းက“အနန်းကွင်းက ဗျူဟာမှူး‌ရောက်လာပြီး ရုပ်ထုကို ဝင်း‌ရေးမြို့နယ်ရုံးမှာ ‌မြေချခွင့်မ‌ပေးဘူး။ ကန့်ကွက်တာ‌ပေါ့။ ခရိ်ုင်ဥက္ကဌနဲ့ ညှိနှိုင်း‌တော့ အဆင်မ‌ပြေဘူး။ ဘုရားသုံးဆူမှာတခါ ကန့်ကွက်ခံရတယ်။ ကိုယ့်‌ဒေသ ကိုယ့်‌နေရာမှာ စိုက်ထူခွင့်မ‌ပေးတာ လွန်လွန်း‌နေပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရုပ်ထုကိစ္စနှင့် ပတ်သက်ပြီး KNU တပ်မဟာ ၆ ခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ တပ်ရင်း ၁၆ တပ်ရင်းမှူးနှင့် တပ်ဖက်မှ အနန်းကွင်းဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းစံတို့ ၁ နာရီကြာ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ပြီး ရုပ်ထု စိုက်ထူခြင်းကိစ္စကို ခွင့်မပြုနိုင်‌ကြောင်း၊ KNU ထိန်းချုပ်သည့် မက္ကသ‌ကျေးရွာတွင် စိုက်ထူနိုင်ပြီး ဝင်း‌ရေး မြို့နယ်ရုံးအ‌နေဖြင့်ထားရှိလိုလျှင် JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ )အ‌ရေး‌ပေါ်အစည်း‌ဝေး‌ခေါ်ပြီး ဆုံးဖြတ်ချက် အ‌ပေါ်တွင်သာ ‌ဆောင်ရွက်သွားမည်ဟု နှစ်ဖက်ညှိနှိုင်း‌ဆွေး‌နွေးမှုတွင် တပ်ဘက်က ‌ပြောဆိုခဲ့သည်။

ကရင်ပြည်နယ် JMC အဖွဲ့ဝင် နန်းမြင့်တင်က “ကိုယ်လိုချင်တာကို သတိ္တရှိရှိနဲ့ ‌ပြောပါ။ ဘာမှမ‌ပြောပဲ JMC မှာ သွားထိုင် ‌နေရင် ဘယ်ရမလဲ။ သူများဘက်က တားမြစ်တယ်။ ကိုယ့်ဘက်က ဘာမှမလုပ်တတ် ဘူးလား။ NCA ထိုးထားပြီး တန်းတူ အခွင့်အ‌ရေးရှိတယ်။ လက်မှတ်ထိုးထားပြီး ဘာမှမ‌ပြောပဲ ဘာလုပ်‌တော့မှာလဲ။ အခု ‌အောက်‌ခြေလူ‌တွေ ခံစား‌နေရပြီး အ‌ပေါ်ကလူကြီး‌တွေက သူများ‌ပြောရင် ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့သွား‌နေတယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဘုရားသုံးဆူမြို့ နှစ် ၈ဝ ပြည့် ကရင်နှစ်သစ်ကူး‌နေ့တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ရုပ်ထု စိုက်ထူရန် တပ်မှကန့်ကွက်သည့်အတွက် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ ကျ‌ရောက်မည့် ကရင်အမျိုးသား ‌နေ့တွင် ရုပ်ထုကို KNU ဝင်း‌ရေးမြို့နယ်ရုံး၌ ဂုဏ်ပြုထားရှိရန် KNU သုံးလပတ် အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။