Home သတင်း ယာဉ်တိုက်မှု‌ကြောင့် ကရင်ပြည်နယ်အတွင်း နှစ်စဉ် လူ‌ပေါင်း ၁၀ဝ ‌ကျော် ‌သေဆုံးလျက်ရှိ

ယာဉ်တိုက်မှု‌ကြောင့် ကရင်ပြည်နယ်အတွင်း နှစ်စဉ် လူ‌ပေါင်း ၁၀ဝ ‌ကျော် ‌သေဆုံးလျက်ရှိ

1958

‌ဖေ‌ဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ၂ဝ၁၅ခုနှစ်မှစတင်ကာ ယာဉ်တိုက်မှု‌ကြောင့် နှစ်စဉ် ပျမ်းမျှ လူ‌ပေါင်း ၁၀ဝ ‌ကျော် ‌သေဆုံး လျက်ရှိ‌ကြောင်း ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းအရ ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်(ယ‌နေ့)တွင် သိရသည်။

ယာဉ်တိုက်မှု‌ကြောင့် ၂၀၁၅ ခုနှစ်တွင် ‌သေဆုံးသူ စုစု‌ပေါင်း ၁၁၄ ဦး၊ ၂၀၁၆ တွင် ၁၃၃ ဦး၊ ၂၀၁၇ တွင် ၁၆၈ ဦးအထိရှိပြီး နှစ်စဉ် ‌သေဆုံးမှု မြင့်တက်လာရသည့် အ‌ကြောင်းအရင်းနှင့် ပတ်သက်၍ ရဲအုပ်ဝင်းသန့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

̏ ကရင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်‌ရေး‌တွေ အရမ်း‌ကောင်းမွန်လာပြီး‌တော့ ယာဉ်စီး‌ရေ(အ‌ရေအတွက်) ကလည်း များပြားလာတယ်။ ဒီလို တိုးတက်များပြားလာတဲ့အ‌ပေါ်မှာ ထိခိုက်မှု‌တွေကလည်း အရင်နှစ်‌တွေ နဲ့စာရင် နည်းနည်း‌လေး တိုးပွားလာတယ် ↔ဟု‌ပြောသည်။

ယာဉ်တိုက်မှုတွင် ဆိုင်ကယ်‌ကြောင့် အများဆုံး‌သေဆုံးပြီး ‌သေဆုံးမှုမြင့်တက်လာ‌သော်လည်း ယာဉ်စီး‌ရေ တိုးပွားမှု အချိုးနှင့် ယာဉ်တိုက်မှု အချိုးမှာ တိုက်ရိုက် အချိုးမကျ‌ကြောင်း သုံးသပ်ရရှိသည်ဟုလည်း သူက ဆက်‌ပြောသည်။

‌သေဆုံးသူအ‌ရေအတွက်တွင် ‌ယောက်ျား‌လေးမှာ မိန်းက‌လေးထက် ၄ ဆ‌ကျော် ‌သေဆုံးလျက်ရှိပြီး ယာဉ်တိုက်မှု ‌လျော့နည်းလာ‌စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ‌ပေး ‌ဟော‌ပြောမှုလုပ်ငန်းများကို ‌တော‌ရော မြို့ပါမကျန် လုပ်‌ဆောင်လျက်ရှိ‌ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း‌ဟော‌ပြောပွဲတက်ဖူးသူ ဖားအံမြို့နယ်မှ နန်း‌ဖော့လာရှူးက ̏ ဆိုင်ကယ်စ စီး‌တော့မယ်ဆိုရင် ဆိုင်ကယ် ဦးထုပ်‌ဆောင်းရမယ်။ ၃ ‌ယောက်မစီးရဘူး။ အ‌ကွေ့ဆိုဖြည်းဖြည်း‌မောင်း။ အဲဒီလို အသိ‌တွေက ‌ခေါင်းထဲကို Auto(အလိုလို) ဝင်လာတဲ့အတွက် အကျိုး‌ကျေးဇူးအများကြီး ရပါတယ်↔ဟု‌ပြော သည်။

‌နောက်ဆုံး ၃ နှစ်၌ ကရင်ပြည်နယ်တွင် ယာဉ်တိုက်မှု‌ပေါင်း ၁ ‌ထောင် ၃ ရာ‌ကျော် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ် ‌ကြောင့် စုစု‌ပေါင်း ၄၁၅ ဦး ‌သေဆုံးခဲ့ကာ ၂၂၄၂ ဦးဒဏ်ရာရခဲ့သည်ဟု ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းအရ သိရသည်။

ကရင်ပြည်နယ်ကို သံ‌တောင်၊ ဖာပွန်၊ လှိုင်းဘွဲ၊ ဖားအံ၊ ‌ကော့ကရိတ်၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ် ၇ မြို့နယ်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။