Home သတင်း ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်း‌ရောင်ကတ်)ကို ထိုင်းအစိုးရမှ (၃)လသက်တမ်းတိုး‌ပေး

ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်း‌ရောင်ကတ်)ကို ထိုင်းအစိုးရမှ (၃)လသက်တမ်းတိုး‌ပေး

2882

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

လာမည့် မတ်လ ၃၁ရက်‌နေ့တွင် သက်တမ်းကုန်ဆုံး‌တော့မည့် ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်း‌ရောင် ကတ်)ကို ဧပြီလမှစ၍ ဇွန်လအထိ သက်တမ်း ၃လ တိုးလိုက်ပြီးဖြစ်‌ကြောင်း ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာ ပြည်သားများ အ‌ရေးပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

“ပန်း‌ရောင်ကတ်က‌နေ CI (Certificate of Identify )ကို ‌ပြောင်းတဲ့‌နေရာမှာ မလိုလားအပ်တဲ့ ‌ငွေ‌ကြေးကုန်ကျတာနဲ့ ပတ် သက်ပြီး ထိုင်းအစိုးရ က‌နေပြီး‌တော့ မြန်မာနိုင်ငံကလာပြီးထိုင်းမှာ လာဖွင့်ထားတဲ့ CIစခန်း‌တွေကို ‌ရှောင်တခင်ဝင် စစ် ‌ဆေးတာ‌တွေ ခပ်စိပ်စိပ်လုပ်လာတယ်။
ကိုယ့့်မြန်မာဘက်ခြမ်း‌တွေမှာလာဖွင့်တဲ့ CIစခန်း‌တွေမှာ အကျင့်ပျက်ခြ စားမှု ‌တွေရှိ‌နေတယ်။ ဒါနဲ့ပတ်သက်ပြီး‌တော့ ထိုင်းကမနှစ်မြို့ဘူး။ အဲ့‌တော့ ထိုင်းက‌နေပြီး‌တော့ သူတို့ လုပ်နိုင်တဲ့ မူ‌ဘောင်ထဲက ‌နေပြီး‌တော့ ‌ရွှေ့‌ပြောင်း အလုပ်သမား‌တွေကို အဆင်‌ပြေသွား‌အောင် လုပ်‌ပေးသွားတဲ့သ‌ဘောမျိုးလို့‌ပြောလို့ရတယ်” ဟု ‌ပြောသည်။

ယခုလ ‌ဖေ‌ဖော်ဝါရီလ ၃ ရက်‌နေ့က ထိုင်းအစိုးရမှ ထုတ်ပြန်‌ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါ သက်တမ်းတိုးရန်အတွက် ထိုင်းဘတ် ၁,၄၀၅ ဘတ် ကုန်ကျမည်ဖြစ်ပြီး သက်တမ်း ၃ လပြည့်လျှင် သာမန် နိုင်ငံကူးလက်မှတ် ( ပတ်စ်ပို့စာအုပ်) လုပ်ကြရန်ကိုပါ ထိုင်းအစိုးရ၏ ‌ကြေညာချက်တွင် ‌ပြောဆိုထားသည်ဟု ဦးမိုးကြိုးက ဖြည့်စွက်‌ပြောဆိုသည်။

ထို့အတူ ယခုလ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့ကလည်း မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် (CI)စာအုပ်၊ ‌နေထိုင်ခွင့် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်(Work Permit) စသည်တို့ကို တစ်‌နေရာတည်း အပြီးအစီး ပြုလုပ်နိုင်မည့်စခန်းများကို ထိုင်း နိုင်ငံအတွင်းရှိ ခရိုင်‌ပေါင်း(၇၇)ခုလုံးတွင် ယခုလ ၅ ရက်မှ မတ်လ ၃၁ရက်‌နေ့အထိ ဖွင့်လှစ်သွားမည်ဟုလည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ‌ကြေညာချက်အသစ် ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းတွင် ယခု ပန်း‌ရောင်ကတ် ‌ကြေညာချက်ကို ဖြစ်‌ပေါ် လာခြင်းဖြစ်သည်။

CI စာအုပ် လုပ်‌ဆောင်ခြင်းအတွက် အခက်အခဲများစွာရှိကာ လိုအပ်သည်ထက် ‌ငွေ‌ကြေးကုန်ကျမှုများခြင်း‌ကြောင့် အလုပ် ရှင်အလုပ်သမားအများစုမှာ CI စာအုပ်လုပ်‌ဆောင်ခြင်းထက် လက်ရှိ ၎င်းတို့ကိုင်‌ဆောင်ထားသည့် ပန်း‌ရောင်ကတ် သက်တမ်းတိုးခြင်းကိုသာ လိုလားကြပြီး ယခုလို ပန်း‌ရောင်ကတ် သက်တမ်းတိုးနိုင်ခြင်း အ‌ပေါ် အလုပ်သမားနှင့် အလုပ်ရှင်များအတွက် အဆင်‌ပြေမှုပိုရှိလာ‌သော်လည်း သက်တမ်းနှင့် ကုန်ကျစရိတ်မှာ အဆင်‌ပြေမှု သိပ်မရှိ‌ကြောင်း အလုပ်သမားဘက်က ဆိုသည်။

မဲ‌ဆောက်ရှိ ပန်း‌ရောင်ကတ်ကိုင်ဆိုင်သူ အ‌ထွေ‌ထွေအလုပ်သမား ‌စောမို့ခို‌ဘောက “အခု ပန်း‌ရောင်ကတ်ကိုသက်တမ်း တိုးပြီး ပတ်စ်ပို့လုပ်ရမယ်ဆိုတဲ့ပုံစံက CI လုပ်တာနဲ့ ဘာမှမထူးဘူး။ ပန်း‌ရောင်ကတ်ပြန်လုပ်မဲ့ကုန်ကျစရိတ်ကလည်း တစ် ‌ထောင်‌ကျော်‌လောက်ကုန်အုံးမယ်။ အရင်(၂)နှစ်သက်တမ်းတုန်းက ကုန်ကျစရိတ် နှစ်‌ထောင်‌ကျော်ပဲကျတယ်။ အခု ၃ လပဲဆို‌တော့ ပိုပြီး‌တေ့ာ ကုန်ကျမှုများလာ‌သေးတယ်။ ဒီ ၃ လသက်တမ်းတိုးပြီးရင်လည်း ပတ်စ်ပို့ကိုလုပ်ရမှာ ‌သေချာမှု ဘာမှမရှိဘူး။ ဖြစ်နိုင်ရင် ပန်း‌ရောင်ကတ်ကို (၂)နှစ်တစ်ခါ သက်တမ်းတိုးရင်‌တော့ ပိုပြီးအဆင်‌ပြေလိမ့်မယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ဝင်‌ရောက်‌ရွှေ့‌ပြောင်းအလုပ်လုပ်ကိုင်‌နေသည့် မြန်မာနိုင်ငံသား‌ပေါင်း (၃) သန်းဝန်းကျင်ရှိ သည့်အနက် (၂)သန်းခန့်ကို ထိုင်းနှင့်မြန်မာအစိုးရတို့ပူး‌ပေါင်း၍ တရားဝင်အ‌ထောက်အထား ထုတ်‌ပေးထားခဲ့ပြီးဖြစ် ‌ကြောင်း မြန်မာအစိုးရဘက်က ‌ပြောဆိုထားမှုရှိသည်။ လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရတို့ ပူး‌ပေါင်း၍ အလုပ်သမား (၁၄)သိန်းနီးပါးကို CI စာအုပ်ထုတ်‌ပေးထားပြီးဖြစ်‌ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးက သတင်းထုတ်ပြန် ထားသည်။