Home သတင်း မူတ‌ရော်(ဖာပွန်) ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်တင်‌မြှောက်

မူတ‌ရော်(ဖာပွန်) ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်တင်‌မြှောက်

2817

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

မူတ‌ရော်(ဖာပွန်)ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး (KWO)၏ ၇ ကြိမ်‌မြောက် ကွန်ဂရက်ကို ‌ဖေ‌ဖော်ဝါရီလ ၈ရက်မှ ၁ဝ ရက်‌နေ့အထိ ကျင်းပခဲ့ရာ ‌နောက်ထပ်သုံးနှစ်အတွက် ဦး‌ဆောင်သွားမည့် အလုပ်အမှု‌ဆောင်သစ်များကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ‌ရွေး‌ကောက်တင်‌မြှောက်လိုက်သည့် အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များမှာ ဥက္ကဌအဖြစ် ‌နော်‌ဖော‌လေး‌သော၊ ဒုဥက္ကဌ ‌နော်ဒါး‌လေ‌စေး၊ အတွင်း‌ရေးမှူး ‌နော်ဟဲ‌ဘွေ့နှင့် တွဲဘက်အတွင်း‌ရေးမှူး ‌နော်မူ‌အေးတို့အပါအဝင် စုစု‌ပေါင်း ၉ ဦးနှင့် အမြဲတမ်း‌ကော်မတီဝင် ၂၅ဦးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်လိုက်ခြင်းဖြစ်သည်ဟု ဥက္ကဌအဖြစ် တင်‌မြှောက်ခံရသူ ‌နော်‌ဖော‌လေး‌သောက ‌ပြောသည်။

“ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးရဲ့ စိန်‌ခေါ်မှုက‌တော့ လစာ မရတဲ့အလုပ်ဖြစ်တဲ့အတွက် အများက သိပ်ပြီး မ လုပ်ချင်ကြဘူး။ အမျိုးသမီးအများစုက ‌ဆေးပညာအလုပ်ကိုဘဲ စိတ်ဝင်စားတဲ့အတွက် အမျိုးသမီး‌ရေးရာ‌တွေကို သိပ်ပြီး ဝါသနာမပါဘူး။ ‌နောက်ဆုံး တစ်ခုက‌တော့ အများအားဖြင့် တစ်မိသားစု တစ်‌ယောက်ဆိုတဲ့ အမျိုးသား‌တွေ တာဝန်ရဲ့ ကိုယ်စားကို လာတာဖြစ်တဲ့အတွက် တခြားဌာန‌တွေမှာဘဲ ဝင်‌ရောက်လုပ်ကိုင်ကြတာများပါတယ်”ဟု ၎င်းက ‌ပြောသည်။

၎င်းအပြင် ယခု‌ရွေး‌ကောက်တင်‌မြှောက်ခံရသည့် အမျိုးသမီး‌ခေါင်း‌ဆောင်သစ်များအ‌နေဖြင့် အမျိုးသမီးများ၏ ‌ခေါင်း ‌ဆောင်မှုစွမ်းရည်ပိုင်းဆိုင်ရာ၊ ရုံးလုပ်ငန်း ၊ စည်းရုံး‌ရေးနှင့် အသိပညာ‌ပေး‌ရေးလုပ်ငန်းများကို ကနဦး လုပ်‌ဆောင်သွား မည့်အပြင် အမျိုးသမီး‌ရေးရာနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ‌ဆွေး‌နွေးတိုင်ပင်ရန်အတွက် ဖိုရမ်တစ်ခု လုပ်‌ဆောင်သွားမည်ဟု ‌နော်‌ဖော‌လေး‌သော ဆက်‌ပြောသည်။

အဆိုပါ မူတ‌ရော်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး ကွန်ဂရက်တွင် ခရိုင်ရှိ လူ‌သော၊ ဒွဲ့လိုးနှင့် ဘူးသိုမြို့နယ်တို့မှ ကိုယ်စားလှယ် ၂ဝဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ယခင် (၃) နှစ်တာ ကာလအတွင်း လုပ်ငန်းလုပ်‌ဆောင်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ‌ခေါင်း‌ဆောင်သစ်များကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြပြီး‌နောက် ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်ဟု သိရသည်။

မူတ‌ရော်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး ၁၉၈၅ခုနှစ်မ ှစတင်ကာ ကွန်ဂရက်ကို (၇)ကြိမ်‌မြောက်ထိ ပြုလုပ်ခဲ့ပြီဖြစ် ပြီး ယခုအချိန်ထိ ခရိုင်ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ တာဝန်ယူခဲ့သူများမှာ ဖူးလယ်မု (ယခင်က ဦး‌ဆောင်မည့် အမျိုးသမီးမရှိသည့်အတွက် အမျိုးသားကသာ ဦး‌ဆောင်ရ) ၊ ‌နော်အယ်စတာလယ်ဝါး ၊ ‌နော်‌ဖောထိုကီ၊ ‌နော်ကျူလှ ၊ ‌နော်ပယ်ဝါး နှင့် ယခု ‌နော်‌ဖေါ‌လေး‌သော တို့ဖြစ်ကြသည်။

ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး၏ ကွန်ဂရက်ကို ယခင်က ၂ နှစ်တစ်ကြိမ် ကျင်းပရာမှ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ကျင်းပသည့် ဗဟိုအဆင့် ကရင်အမျိုးသမီးအစည်းအရုံး၏ ဆုံးဖြတ်ချက်အရ ၃နှစ်တစ်ကြိမ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။