Home သတင်း ဖားအံမြို့ ကရင်အမျိုးသား‌နေ့တွင် ကရင်မျိုးနွယ်စုများစုံလင်စွာ ပါဝင်ဆင်နွှဲ

ဖားအံမြို့ ကရင်အမျိုးသား‌နေ့တွင် ကရင်မျိုးနွယ်စုများစုံလင်စွာ ပါဝင်ဆင်နွှဲ

2262

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့ရှိ ကက်သလစ်ဓမ္မာရုံ ၌ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့)တွင် ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်အမျိုးသား‌နေ့ကို ကျင်းပခဲ့ရာ ပထမဦးဆုံအကြိမ်အဖြစ် ကရင်မျိုးနွယ်စုများ စုံလင်စွာပါဝင် တက်‌ရောက် ဆင်နွှဲခြဲ့ ကသည်ဟု သိရသည်
ယခင်က ဖားအံမြို့တွင် ပြုလုပ်သည့်ကရင်အမျိုးသား‌နေ့အခမ်းအနား၌် မြို့‌နေ ကရင်လူထုအနည်းစုသာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အခြား‌ဒေသမှ ကရင်မျိုးနွယ်စုများဖြစ်သည့် ပိုးကရင်၊ စ‌ကောကရင်၊ ဘွဲကရင်၊ မို‌နေပွာ ကရင်၊ ‌ဂေဘား ကရင်၊ ပကူးကရင်နှင့် ကရင်ဖြူတို့အပြင် ကယန်းမျိုးနွယ်စုများလည်း အတူတကွ ပါဝင်ဆင်နွှဲမှုများရှိလာခဲ့ ခြင်းလည်းဖြစ်သည်။

အခမ်းအနားတွင် တက်‌ရောက်သည့် ကရင်ဖြူကိုယ်စားလှယ် ‌စောသန်းညွန့်က “မ‌မျှော်လင့်ဘဲ ကရင်အမျိုးသား ‌နေ့ကို ကရင်ပြည်နယ်မှာ တက်‌ရောက် ခွင့်ရ‌တော့အရမ်းဝမ်းသာပါတယ်။ ကျ‌နော်တို့ ကရင်ဖြူမျိုးနွယ်ကို ‌တော်‌တော် များများ မသိကြဘူး ။ တချို့လူ‌တွေက ကရင်ဖြူဆိုတာရှိ‌သေးလား ‌ပြောတာရှိတယ်။ ကရင်ဖြူ‌နေတဲ့ ‌နေပြည်‌တော်နယ်‌မြေမှာ ကရင်ပွဲ‌တွေလုပ်ဖို့ ဆိုရင် စုဖို့‌တောင်မလွယ်ဘူး ” ဟု ‌ပြောဆိုသည်။

ယ‌နေ့ပြုလုပ်သည့် အမျိုးသား‌နေ့အခမ်းအနားတွင် လူ‌ပေါင်းတစ်ရာ‌ကျော် တက်‌ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ‌ကေအဲန်ယူဥက္ကဌ ‌စောမူတူး‌စေးဖိုး၏ သဝဏ်လွှာများဖတ်ကြားခြင်း၊ ကရင်အမျိုးသား‌နေ့ ဖြစ်‌ပေါ်လာပုံသမိုင်း ကို တက်‌ရောက် ‌ဟော‌ပြောခြင်းနှင့် ကရင်တိုင်းရင်းသား မျိုးနွယ်စု (၇)စုမှ တစ်စုချင်းစီ၏ ကရင်အမျိုးသား‌ရေးအတွက် ခံယူချက်၊ ရပ်တည်ချက် များကို တက်‌ရောက် ‌ပြောကြား ခြင်းစသည့် အစီအစဉ်များ ဖြင့်ပြုလုပ်ကျင်းပခဲ့ကြသည်။

ထို့အပြင် အခမ်းအနားတက်‌ရောက်လာသည့် ကရင်မျိုးနွယ်စုများကလည်း ကရင်မျိုးနွယ်စုများ မ‌ပျောက် ပျက်‌အောင် ကွဲပြား‌နေသည့် ‌နေရာ‌ဒေသအသီးသီးရှိ ကရင်မျိုး နွယ်စု ငယ်များကို လည်း အတူတကွ လက်တွဲ‌ခေါ်ယူရန် အခမ်း အနားတွင်ထည့် သွင်း‌တောင်းဆိုမှုများပြုလုပ်ကြခဲ့သည်။

‌ဂေဘားကိုယ်စားလှယ် ‌စောလှ‌မောင်က “ကျ‌နော်တို့ ‌ဂေဘားမ‌ပျောက်‌အောင် စာ‌တွေ အမှတ်အသား‌တွေ ‌ခေတ်နဲ့အညီ ပြန်တီထွင်‌ဖော်ထုတ်တဲ့အခါမှာ အတိုက်အခံ‌တွေအများကြီးရှိတယ်။ ဒီလိုမဖြစ်‌အောင် ဒီနှစ် ၇ဝပြည့်အမျိုးသား‌နေ့မှာ တစ်ဖက်ကလည်း ရင်ဖွင့်တယ် ။ တစ်ဖက်ကလည်း နှုတ်ခွန်း ဆက်တဲ့ သ‌ဘောပါဘဲ။ ဒါဟာ ကျ‌နော်တို့ရဲ့ခံစား ချက်‌တွေ ပါ။ ကရင်‌တွေတစ်စုတစ်စည်းထဲဖြစ်‌အောင် အမျိုးသား‌ရေး ရဲ့ရည်မှန်းချက် ဦးတည်ချက်‌တွေကို ကိုက် ညီ‌အောင်ဆိုလို့ရှိရင် မျိုးနွယ်စုငယ်‌လေး‌တွေကိုလည်း ပြန်လည်ပြီးမှ လက်တွဲဖို့ နဲ့ မျိုးနွယ်စု ငယ်‌လေး‌တွေရဲ့ဆန္ဒ‌တွေကို ပြန်လည်‌လေ့လာဖို့ လိုတယ် ” ဟု အခမ်း အနားတွင် ထည့်သွင်း‌ပြောကြားသည်။

၁၉၅၃ ခုနှစ် နိုဝင်ဘာလ၂၃-၂၅ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ ကျင်းပသည့် ‌ကော်သူး‌လေ တစ်ပြည်လုံး ဆိုင်ရာ ကွန်ဂရက်တွင် “‌ဖော်‌ဖော်ဝါရီလ ၁၁ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့” အဖြစ် သတ်မှတ်‌ပေးရန် အဆိုတင်သွင်းပြီး ကန့်ကွက်သူမရှိ ‌ထောက်ခံသည့်အတွက် အတည်ပြုလိုက်ရာမှ ကရင်အမျိုးသား‌နေ့ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။