Home သတင်း ထားဝယ်အထူးစီးပွား‌ရေးဇုန်ပြန်လည်စတင်မည့်အ‌ပေါ် အရပ်ဖက်အဖွဲ့များ အထူးစိုးရိမ်

ထားဝယ်အထူးစီးပွား‌ရေးဇုန်ပြန်လည်စတင်မည့်အ‌ပေါ် အရပ်ဖက်အဖွဲ့များ အထူးစိုးရိမ်

2474

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရပ်ဆိုင်းထားသည့် ထားဝယ်အထူး စီးပွား ‌ရေးဇုန် ပြန်လည်စတင်ရန် နိုင်ငံ‌တော်အစိုးရမှ ‌ပြောဆိုလုပ်‌ဆောင်မှုများရှိလာသည့်အ‌ပေါ် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၃၆)ဖွဲ့က အထူးစိုးရိမ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီလ ၂ဝ ရက်‌နေ့က သ‌ဘော ထားထုတ်ပြန်‌ကြေညာခဲ့သည်။

စီမံကိန်းတွင်ပါဝင်‌နေသည့် မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးအရအပါအဝင် အီတာလျံ-ထိုင်းဖွံ့ဖြိုး‌ရေးကုမ္ပဏီ အ‌နေဖြင့် အထူးစီးပွား‌ရေးဇုန်ကို ပြန်လည်လုပ်‌ဆောင်မည်ဆိုလျှင် ယခင်စီမံကိန်းစတင်ခဲ့စဉ်ကာလ ဖြစ်‌ပေါ်ခဲ့သည့် ‌မြေ ပြင်အ‌နေအထားမှ ပြဿနာများကို ကနဦး‌ဖြေရှင်းပြီးမှသာ စီမံကိန်းကို ဆက်လက်အ‌ကောင် အထည် ‌ဖော်ရန်လိုအပ်‌ကြောင်း ထုတ်ပြန်ချက်ပါ ‌ပြောခွင့်ရ ဦးဘိုဘို‌အောင်က ယခုလို‌ပြောသည်။

၎င်းက “အဓိကက ‌မြေ‌တွေသိမ်းထားတာရှိတယ်၊ မြစ်‌ချောင်း‌တွေပျက်စီးသွားတာရှိတယ်၊ ‌ဒေသခံ‌တွေ အသက်‌မွေးဝမ်း‌ကျောင်း‌တွေဆုံးရှုံးသွားတာ‌တွေရှိတယ်။ ဒီဟာ‌တွေကို ပြန်လည်‌လေ့လာဆန်းစစ်ပြီး‌တော့ ပျက်စီးဆုံးရှုံးသွားခဲ့တာ‌တွေအတွက် အရင်‌ဒေသခံ‌တွေ‌ကျေနပ်တဲ့အထိ ညှိနှိုင်းပြီး‌တော့ ‌လျော်‌ကြေး‌တွေ‌ပေး ရမယ်။ စီမံကိန်းကို ဆက်လုပ်ဖို့ မလုပ်ဖို့ဆိုတာထက် အရင်ကဖြစ်ခဲ့တဲ့ ပြဿနာ‌တွေကို အရင်ရှင်းဖို့လိုတယ်ဗျ” ဟု ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်‌နေ့ (ယ‌နေ့)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် စီမံကိန်း‌ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှုများအ‌ပေါ် စီမံကိန်းကို ရပ်ဆိုင်းထားသည့်‌လေးနှစ်တာကာ လအတွင်း ထိ‌ရောက်သည့် တာဝန်ယူ‌ဖြေရှင်း‌ပေးမှုမျိုးမရှိခဲ့သလို အလားတူ တာဝန်ယူမှုကင်းသည့် ဖြစ်ရပ်မျိုး ဆက်မဖြစ်လာ‌စေရန်နှင့် စီမံကိန်းနှင့်ပတ်သက်ပြီး ‌ဒေသခံများအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိသည့် သတင်း အမှားနှင့်‌မျှော်မှန်းချက်အမှားများကို‌ပေးမည့်အစား စီမံကိန်း၏ ဆိုးကျိုး ‌ကောင်းကျိုးကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြပြီး ‌ဒေသခံများ၏ သ‌ဘောဆန္ဒကိုရယူ၍ ဆုံးဖြတ်ချက်များချသင့်သည်ဟုလည်း ဦးဘိုဘို‌အောင်က ဆက်‌ပြောသည်။

စီမံကိန်းကို အ‌ကောင်းအထည်‌ဖော်မည့် အီတာလျံ-ထိုင်းဖွံ့ဖြိုး‌ရေးကုမ္ပဏီ- ITD အ‌နေဖြင့် သဘာဝတ်ပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ပြင်းပြင်းထန်ထန်‌ဝေဖန်ခြင်းခံ‌နေရပြီး စီမံကိန်းကိုဆက်လက် အ‌ကောင်အထည်‌ဖော်ရာ၌ မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးရများအ‌နေဖြင့် စီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် အချက် (၅)ချက်ပါ ‌တောင်းဆိုချက်ကိုပါ အရပ်ဖက်အဖွဲ့(၃၆)ဖွဲ့၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

အဆိုပါ ‌တောင်းဆိုချက်များတွင် စီမံကိန်းကိုစတင်စဉ်ကာလဖြစ်ပျက်ခဲ့သည့် ‌ဒေသခံ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးခဲ့မှုများကို စီမံကိန်းဆက်လက်အ‌ကောင်အထည်မ‌ဖော်မှီ ‌ဒေသခံများ‌ကျေနပ်သည်အထိ ပြန်လည်‌ဖြေရှင်း‌ပေးရန်၊ အထူးစီးပွား‌ရေးဇုန်စီမံကိန်း၏ ကနဦးအဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက်-EIA စုစု‌ပေါင်း ၁ဝ ခုပြုလုပ်ထား ‌သော်လည်း နိုင်ငံ‌တော်မှပြဌာန်းထားသည့် ဥပ‌ဒေနှင့် အညီပြုလုပ်ရမည့် စီမံကိန်းတစ်ခုလုံးကို လွှမ်းခြုံသည့် EIA ကို မပြုလုပ်နိုင်‌သေးသည့်အချိန်အထိ စီမံကိန်းကို မစတင်ရန်၊ စီမံကိန်းနှင့်ပတ်သက်သမျှ‌သော မှန်ကန်ပြီး လွယ်လင့်တကူလက်လှမ်းမီ‌သော သတင်းအချက် အလက်များကို အချိန်နှင့်တ‌ပြေးညီထုတ်ပြန်‌ပေးရန်စသည်ဖြင့် ‌ဖော်ပြထားသည်။

ထို့အပြင် စီမံကိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်သည့်ကိစ္စရပ်တိုင်းတွင် ‌ဒေသခံများအ‌နေဖြင့် အဓိပ္ပယ် ပြည့်ဝစွာပါဝင်ခွင့်ရရှိ‌အောင်‌ဆောင်ရွက်‌ပေးရန်၊ ‌ရေရှည်တည်တံ့သည့်စိုက်ပျိုး‌ရေး၊ ငါးဖမ်းလုပ်ငန်း နှင့်လူထုအ‌ခြေပြုခရီးသွားလုပ်ငန်းကဲ့သို့‌သော အခြား‌သော ဖွံ့ဖြိုးမှုနည်းလမ်းအသစ်များကို ချက်ချင်းရှာ‌ဖွေရန် တို့ပါ ထုတ်ပြန်ချက်၌ ထည့်သွင်း‌ဖော်ပြ၍ ‌တောင်းဆိုထားသည်။

အလားတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်‌နေ့က ထိုင်း၊ ဂျပန် နိုင်ငံအစိုးရများနှင့် ပူး‌ပေါင်း၍ အထူးစီးပွား‌ရေး ဇုန်စီမံကိန်းကို ပြန်လည်စတင်ရန် နိုင်ငံ‌တော်အစိုးရမှ သတင်းထုတ်ပြန်ထားသည့်အ‌ပေါ် KNU-ကရင်အမျိုးသား အစည်းအရုံးမှလည်း ၎င်းတို့ ထိန်းချုပ်နယ်‌မြေရှိ ထိန်းသိမ်းထား‌သော သဘာဝသစ်‌တော ဧရိယာများကို ဖြတ် သန်းသွားမည့် ၎င်းစီမံကိန်းအတွက် ပါဝင်ပတ်သက်သူများအ‌နေဖြင့် စီမံကိန်း နှင့်ပတ်သက်ပြီး ပြုလုပ်ရမည့် ၎င်းတို့၏ သ‌ဘောထားများကိုလည်း ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့က သ‌ဘောထားထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ်က စတင်ခဲ့သည့် ထားဝယ်အထူးစီးပွား‌ရေးဇုန်သည် ထားဝယ်မြို့၏ ‌မြောက်ဘက် ၂ဝ ကီလိုမီတာ အကွာတွင်တည်ရှိပြီး စိုက်ပျိုး‌ရေးအဓိကလုပ်ကိုင်သည့် ဧရိယာ၂၀၄.၅၁ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိ ကာ အဆိုပါစီမံကိန်း ‌ကြောင့် ‌မြေယာ‌လျော်‌ကြေးပြဿနာ၊ အလုပ်သမားပြဿနာများစွာ‌ပေါ်‌ပေါက်ခဲ့သည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက ‌ထောက်ပြ‌ဝေဖန်မှုများရှိသည်။

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်‌နေ့တွင် ထားဝယ်အထူးစီးပွား‌ရေးဇုန်၏ အ‌ခြေခံအ‌ဆောက်အအုံများ တည် ‌ဆောက်ခြင်းအတွက် ကနဦးလုပ်ငန်းစဉ်များလုပ်ကိုင်ရန် မြန်မာအစိုးရနှင့် အီတာလျံ-ထိုင်းဖွံ့ဖြိုး‌ရေးကုမ္ပဏီ တို့ကြားတွင် သ‌ဘောတူနားလည်မှုဆိုင်ရာ MOU စာချုပ်တစ်ခုကို လက်မှတ်‌ရေးထိုးခဲ့သည်။ ထို့အပြင် အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ယခုနှစ် လာမည့် ဧပြီလတွင် နိုင်ငံ‌တော်အစိုးရနှင့် အီတာလျံ-ထိုင်းဖွံ့ဖြိုး‌ရေး ကုမ္ပဏီတို့ ‌မြေငှားစာချုပ် လက်မှတ်‌ရေးထိုး သွားရန်ရှိသည်ဟုလည်း သိရသည်။